ကန္႔ကြက္လႊာတင္ခံရသည့္ က်ဳိင္းတံု မဲဆႏၵနယ္အမွတ္(၂)မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးရွာေမြလရွဲန္အား တရားဝင္အတည္ျဖစ္ေၾကာင္း အမိန္႔ခ်မွတ္

ကန္႔ကြက္လႊာတင္ခံရသည့္ က်ဳိင္းတံု မဲဆႏၵနယ္အမွတ္(၂)မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးရွာေမြလရွဲန္အား တရားဝင္အတည္ျဖစ္ေၾကာင္း အမိန္႔ခ်မွတ္
အောက်တိုဘာ 2, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂)မွ ျပည္နယ္လႊတ္ေတာ္ ကိုယ္စား လွယ္ေလာင္း အျဖစ္ ၾကားျဖတ္ေရြးေကာက္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သူ ေဒါက္တာဝဏၰစိုး ႏွင့္ ဦးရွာေမြလရွဲန္တို႔၏ ကန္႔ကြက္လႊာ ႏွင့္ တန္ျပန္ကန္႔ကြက္လႊာတို႔ႏွင့္ ပတ္သက္၍  ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္ ေရြးေကာက္ပြဲခံုအဖြဲ႕က ပလပ္လိုက္ၿပီး ဦးရွာေမြလရွဲန္အား အတည္ျပဳလုိက္ေၾကာင္း သိရသည္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီမွ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သူ ေဒါက္တာဝဏၰစိုးက အဆိုပါ မဲဆႏၵနယ္တြင္ ေရြးေကာက္ တင္ေျမႇာက္ခံရသူ ျပည္ေထာင္စုႀကံ႕ခုိင္ေရးနွင့္ ဖြံ႕ၿဖိဳးေရးပါတီမွ ဦးရွာေမြလရွဲန္အေပၚ တုိင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္လႊတ္ေတာ္ ေရြး/ေကာ္က ပြဲဥပေဒပုဒ္မ ၆၇၊ ၆၈ အရ ကန္႔ကြက္ ေလွ်ာက္ထားမႈကို ေရြးေကာက္ပြဲ ကန္႔ကြက္လႊာအမႈအမွတ္ (၄/၂၀၁၇)ျဖင့္ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္က လက္ခံခဲ့ၿပီး ေလွ်ာက္ထားခံရသူ ဦးရွာေမြလရွဲန္ကလည္း တုိင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္လႊတ္ေတာ္ ေရြးေကာက္ပြဲနည္းဥပေဒ ၉၃ အရ တန္ျပန္ကန္႔ကြက္လႊာ တင္သြင္းခဲ့ျခင္းျဖစ္သည္။

ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ဝင္ ဦးစိုးရယ္က အဆိုပါ ကိစၥႏွင့္ ပတ္သက္၍ ဥကၠဌအျဖစ္ ေဆာင္ရြက္ကာ ခံုအဖြဲ႕ဝင္မ်ား အျဖစ္ ဦးခင္ေမာင္သန္းႏွင့္ ဦးသန္းဝင္းတို႔ ပါဝင္သည့္ ေရြးေကာက္ပြဲခံု အဖြဲ႕(၁)က ၾကားနာစစ္ေဆးၿပီး ေလွ်ာက္ထားသူ ေဒါက္တာဝဏၰစိုး၏ ကန္႔ကြက္လႊာႏွင့္ ဦးရွာေမြလရွဲန္၏ တန္ျပန္ ကန္႔ကြက္လႊာတို႔ကို ပလပ္ေၾကာင္းႏွင့္ ရွမ္းျပည္နယ္၊ က်ိဳင္းတံုၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂) ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္အျဖစ္ ဦးရွာေမြလရွဲန္အား ေရြးေကာက္တင္ေျမႇာက္ျခင္းသည္ တရားဝင္ အတည္ျဖစ္ေၾကာင္း အမိန္႔ခ်မွတ္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်လောင်း အဖြစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဒေါက်တာဝဏ္ဏစိုး နှင့် ဦးရှာမွေလရှဲန်တို့၏ ကန့်ကွက်လွှာ နှင့် တန်ပြန်ကန့်ကွက်လွှာတို့နှင့် ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲခုံအဖွဲ့က ပလပ်လိုက်ပြီး ဦးရှာမွေလရှဲန်အား အတည်ပြုလိုက်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဒေါက်တာဝဏ္ဏစိုးက အဆိုပါ မဲဆန္ဒနယ်တွင် ရွေးကောက် တင်မြှောက်ခံရသူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးရှာမွေလရှဲန်အပေါ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေး/ကော်က ပွဲဥပဒေပုဒ်မ ၆၇၊ ၆၈ အရ ကန့်ကွက် လျှောက်ထားမှုကို ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုအမှတ် (၄/၂၀၁၇)ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လက်ခံခဲ့ပြီး လျှောက်ထားခံရသူ ဦးရှာမွေလရှဲန်ကလည်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ ၉၃ အရ တန်ပြန်ကန့်ကွက်လွှာ တင်သွင်းခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ်က အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဥက္ကဌအဖြစ် ဆောင်ရွက်ကာ ခုံအဖွဲ့ဝင်များ အဖြစ် ဦးခင်မောင်သန်းနှင့် ဦးသန်းဝင်းတို့ ပါဝင်သည့် ရွေးကောက်ပွဲခုံ အဖွဲ့(၁)က ကြားနာစစ်ဆေးပြီး လျှောက်ထားသူ ဒေါက်တာဝဏ္ဏစိုး၏ ကန့်ကွက်လွှာနှင့် ဦးရှာမွေလရှဲန်၏ တန်ပြန် ကန့်ကွက်လွှာတို့ကို ပလပ်ကြောင်းနှင့် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဦးရှာမွေလရှဲန်အား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင် အတည်ဖြစ်ကြောင်း အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~