ေစ်းကြက္ရွိ အလွကုန္ပစၥည္းမ်ားမွ ေဘးအႏၱရာယ္ျဖစ္ေစႏုိင္ေသာ ဓာတုပစၥည္း စစ္ေဆးေတြ႔ရိွရသျဖင့္ သံုးစြဲရန္ မသင့္ေၾကာင္း ၾသဂုတ္လႏွင့္ စက္တင္ဘာလအတြင္း ေၾကညာထားသည့္ အလွကုန္ပစၥည္း (၂၅)မ်ိဳး တြင္ တရုတ္ႏုိင္ငံထုတ္အမ်ားဆံုးျဖစ္ၿပီး ဒုတိယအမ်ားဆံုးမွာ ထုိင္းႏုိင္ငံထုတ္ ပစၥည္းမ်ားျဖစ္ေၾကာင္း သိရသည္။
က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန (FDA) က စစ္ေဆးေတြ႔ရိွခ်က္အရ အမ်ားျပည္သူလူထု သံုးစြဲရန္မသင့္ေတာ္ေၾကာင္း ၾသဂုတ္လႏွင့္ စက္တင္ဘာလ အတြင္း အသိေပးေၾကညာခဲ့သည့္ အလွကုန္ပစၥည္းစုစုေပါင္း (၂၅)မ်ိဳးတြင္ တရုတ္ႏုိင္ငံထုတ္ႏွင့္ တရုတ္ဘာသာျဖင့္ ေဖာ္ျပထားသည့္ အလွကုန္ပစၥည္း ( ၁၄ )မ်ိဳး၊ ထိုင္းႏိုင္ငံထုတ္ႏွင့္ ထိုင္းဘာသာျဖင့္ ေဖာ္ျပထားသည့္ အလွကုန္ပစၥည္း (၇ )မ်ိဳး၊ မေလးရွား၊ ပါကစၥတန္ႏွင့္ USA မွ ထုတ္လုပ္သည္ဟု ေဖာ္ျပထားသည့္ အလွကုန္ပစၥည္း (၄)မ်ိဳး ပါဝင္ေၾကာင္း ေတြ႔ရသည္။
အဆိုပါ အလွကုန္ပစၥည္းမ်ားတြင္ ပါဝင္ေနေၾကာင္း စစ္ေဆးေတြ႔ရိွရသည့္ အဝတ္အထည္မ်ား အေရာင္ဆိုးရာတြင္သံုးသည့္ Rhodamine B အေရာင္ဆိုးေဆးသည္ ေရရွည္သံုးစြဲပါက ႏႈတ္ခမ္းကင္ဆာ၊ အစာအိမ္အူလမ္းေၾကာင္းကင္ဆာႏွင့္ ေက်ာက္ကပ္ေရာဂါမ်ား ျဖစ္ပြားႏုိင္ေၾကာင္း သိရၿပီး မာက်ဴရီ(ျပဒါး)သည္ အေရျပားယားယံျခင္း၊ ေရာင္ရမ္းျခင္း၊ အျဖဴအနီကြက္မ်ားျဖစ္ျခင္း၊ အေရျပားမွတစ္ဆင့္ ခႏၶာကိုယ္အတြင္းသို႔ စုပ္ယူ၍ ထံုက်င္ျခင္း၊ ၾကြက္သားတုန္ခါျခင္း၊ ပင္ပန္းႏြမ္းနယ္ျခင္း၊ ေခါင္းကိုက္ျခင္းႏွင့္ စိတ္က်ေရာဂါအျပင္ ေရရွည္သံုးစြဲပါက ေက်ာက္ကပ္ပ်က္စီးျခင္းႏွင့္ အျခားေရာဂါမ်ား ျဖစ္ပြားႏုိင္ေၾကာင္း သိရသည္။
သံုးစြဲရန္မသင့္ေၾကာင္း ေၾကညာထားသည့္ အလွကုန္ပစၥည္းမ်ားတြင္ တရုတ္ႏုိင္ငံထုတ္ႏွင့္ တရုတ္ဘာသာျဖင့္ ေဖာ္ျပထားသည့္ အလွကုန္ပစၥည္း ( ၁၄ )မ်ိဳးမွာ တိုင္ဝမ္ထုတ္ Ly-Na Medicated Pearl Paste၊ RUIQIAN A + B၊ QIANU Acarus Removed & Spots Removing Cream၊ JIAOU 12 Day’s Whitening Despeckle Treatment (Day Cream & Night Cream)၊ Guangzhou Qianya Cometics Co.,Ltd., China မွ ထုတ္လုပ္သည့္ ANGKOR Cucumber Nano Whitening and Anti Wrinkle Package (Day Cream & Night Cream)၊ CAINIYA AB (Whitening Day Cream & Night Cream)၊ JIAOBI တံဆိပ္ Whitening Make Up Base၊ Whitening Night Cream ႏွင့္ Whitening & Moisturizing 3 in 1 Sample Sack၊ Jiao Li Speckle – Removing And Nourishing Assembly ၊ HUASHUZI Gingeng Bright White Spots- removing Set၊ MADAME Organic၊ Anti – Freckle Day Cream + Night Cream၊ JIAOLI Intensice Whitening Sunscreen and Spots Removing Set တို႔ျဖစ္ၿပီး ထိုင္းႏိုင္ငံထုတ္ႏွင့္ ထိုင္းဘာသာျဖင့္ ေဖာ္ျပထားသည့္ အလွကုန္ပစၥည္း (၇ )မ်ိဳးျဖစ္သည့္ Kim Whitening Ginseng And Pearl Cream၊ Dr.YANHEE Cosmetic Set၊ MEYYONG Seaweed Extra Whitening & Face Lift၊ Great Apple & Serum Total Perfect၊ Mamiji 66 Sixty Six Everyday Fancy Girl၊ Cleo Me’ White၊ Cosmetic Set (Yun Shi Man Cream)၊ New Citra Gold Pearly White UV Day Cream တုိ႔ျဖစ္ေၾကာင္း သိရသည္။
အျခားႏိုင္ငံထုတ္ အလွကုန္ပစၥည္း (၄)မ်ိဳးျဖစ္သည့္ Zenith Ventures Sdn. Bhd.,Malaysia မွ ထုတ္လုပ္သည့္ Itemulawak Day & Night Cream (Beauty Whitening Cream)၊Made in USA ေဖာ္ျပထားသည့္ Too Faced Matted Matte Liquified Matte Long Wear Lipstick၊ Kreative Cosmetics(Pvt)Ltd., Pakistan ထုတ္ Due Beauty Cream၊ USA ဟု ေဖာ္ျပထားသည့္ ENJOY White & Beauty Pearl Cream တို႔မွာလည္း သံုးစြဲရန္မသင့္ေၾကာင္း ေၾကညာထားျခင္းျဖစ္သည္။
အလွကုန္ပစၥည္းတင္သြင္း၊ ျဖန္႔ျဖဴး၊ ေရာင္းခ်သည့္ ကုမၸဏီ၊ လက္လီလက္ကားဆုိင္မ်ားသည္ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာနတြင္ မွတ္ပံုတင္ထားျခင္းမရိွေသာ ပစၥည္းမ်ား၊ အမ်ားျပည္သူသံုးစြဲရန္ မသင့္ေၾကာင္း ေၾကညာထားသည့္ပစၥည္းမ်ား တင္သြင္း၊ ျဖန္႔ျဖဴး၊ ေရာင္းခ်ျခင္းမ်ား လုပ္ေဆာင္ပါက ျပည္သူ႔က်န္းမာေရးဆုိင္ရာ ဥပေဒပုဒ္မ ၃၊ အပိုဒ္ (၃) (ဃ)အရ အေရးယူ ေဆာင္ရြက္ႏုိင္ေၾကာင္း သိရသည္။
သတင္း #အင္မိုင္ခ
ဓာတ္ပံု #FDA
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က စစ်ဆေးတွေ့ရှိချက်အရ အများပြည်သူလူထု သုံးစွဲရန်မသင့်တော်ကြောင်း သြဂုတ်လနှင့် စက်တင်ဘာလ အတွင်း အသိပေးကြေညာခဲ့သည့် အလှကုန်ပစ္စည်းစုစုပေါင်း (၂၅)မျိုးတွင် တရုတ်နိုင်ငံထုတ်နှင့် တရုတ်ဘာသာဖြင့် ဖော်ပြထားသည့် အလှကုန်ပစ္စည်း ( ၁၄ )မျိုး၊ ထိုင်းနိုင်ငံထုတ်နှင့် ထိုင်းဘာသာဖြင့် ဖော်ပြထားသည့် အလှကုန်ပစ္စည်း (၇ )မျိုး၊ မလေးရှား၊ ပါကစ္စတန်နှင့် USA မှ ထုတ်လုပ်သည်ဟု ဖော်ပြထားသည့် အလှကုန်ပစ္စည်း (၄)မျိုး ပါဝင်ကြောင်း တွေ့ရသည်။
အဆိုပါ အလှကုန်ပစ္စည်းများတွင် ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသည့် အဝတ်အထည်များ အရောင်ဆိုးရာတွင်သုံးသည့် Rhodamine B အရောင်ဆိုးဆေးသည် ရေရှည်သုံးစွဲပါက နှုတ်ခမ်းကင်ဆာ၊ အစာအိမ်အူလမ်းကြောင်းကင်ဆာနှင့် ကျောက်ကပ်ရောဂါများ ဖြစ်ပွားနိုင်ကြောင်း သိရပြီး မာကျူရီ(ပြဒါး)သည် အရပြေားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရပြေားမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။
သုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့် အလှကုန်ပစ္စည်းများတွင် တရုတ်နိုင်ငံထုတ်နှင့် တရုတ်ဘာသာဖြင့် ဖော်ပြထားသည့် အလှကုန်ပစ္စည်း ( ၁၄ )မျိုးမှာ တိုင်ဝမ်ထုတ် Ly-Na Medicated Pearl Paste၊ RUIQIAN A + B၊ QIANU Acarus Removed & Spots Removing Cream၊ JIAOU 12 Day’s Whitening Despeckle Treatment (Day Cream & Night Cream)၊ Guangzhou Qianya Cometics Co.,Ltd., China မှ ထုတ်လုပ်သည့် ANGKOR Cucumber Nano Whitening and Anti Wrinkle Package (Day Cream & Night Cream)၊ CAINIYA AB (Whitening Day Cream & Night Cream)၊ JIAOBI တံဆိပ် Whitening Make Up Base၊ Whitening Night Cream နှင့် Whitening & Moisturizing 3 in 1 Sample Sack၊ Jiao Li Speckle – Removing And Nourishing Assembly၊ HUASHUZI Gingeng Bright White Spots- removing Set၊ MADAME Organic၊ Anti – Freckle Day Cream + Night Cream၊ JIAOLI Intensice Whitening Sunscreen and Spots Removing Set တို့ဖြစ်ပြီး ထိုင်းနိုင်ငံထုတ်နှင့် ထိုင်းဘာသာဖြင့် ဖော်ပြထားသည့် အလှကုန်ပစ္စည်း (၇ )မျိုးဖြစ်သည့် Kim Whitening Ginseng And Pearl Cream၊ Dr.YANHEE Cosmetic Set၊ MEYYONG Seaweed Extra Whitening & Face Lift၊ Great Apple & Serum Total Perfect၊ Mamiji 66 Sixty Six Everyday Fancy Girl၊ Cleo Me’ White၊ Cosmetic Set (Yun Shi Man Cream)၊ New Citra Gold Pearly White UV Day Cream တို့ဖြစ်ကြောင်း သိရသည်။
အခြားနိုင်ငံထုတ် အလှကုန်ပစ္စည်း (၄)မျိုးဖြစ်သည့် Zenith Ventures Sdn. Bhd.,Malaysia မှ ထုတ်လုပ်သည့် Itemulawak Day & Night Cream (Beauty Whitening Cream)၊Made in USA ဖော်ပြထားသည့် Too Faced Matted Matte Liquified Matte Long Wear Lipstick၊ Kreative Cosmetics(Pvt)Ltd., Pakistan ထုတ် Due Beauty Cream၊ USA ဟု ဖော်ပြထားသည့် ENJOY White & Beauty Pearl Cream တို့မှာလည်း သုံးစွဲရန်မသင့်ကြောင်း ကြေညာထားခြင်းဖြစ်သည်။
အလှကုန်ပစ္စည်းတင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချသည့် ကုမ္ပဏီ၊ လက်လီလက်ကားဆိုင်များသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော ပစ္စည်းများ၊ အများပြည်သူသုံးစွဲရန် မသင့်ကြောင်း ကြေညာထားသည့်ပစ္စည်းများ တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချခြင်းများ လုပ်ဆောင်ပါက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃) (ဃ)အရ အရေးယူ ဆောင်ရွက်နိုင်ကြောင်း သိရသည်။
သတင်း #အင်မိုင်ခ
ဓာတ်ပုံ #FDA
