တာချီလိတ်မြို့ ရှမ်းရိုးမကွင်း၌ ကျင်းပနေသည့် သီတင်းကျွတ် ၀င်္ကပါပွဲတော်တွင် ဘုရားဆင်းတုတော် သုံးဆူအား ကံစမ်းမဲဖေါက်ပေးမည်ဖြစ်၍ အောက်တိုဘာလ (၄)ရက်နေ့မှ (၆)ရက်နေ့များအတွင်း ဝင်္ကပါတွင် ဝင်ရောက်ပြီး ကံစမ်းမဲရယူနိုင်ကြောင်း သိရသည်။
ကံစမ်းမဲ ဖောက်ပေးမည့် ကြေးသွန်းဆင်းတုတော်(၃)ဆူအား သူရိယသင်္ကန်းတိုက်မှ ဦးအောင်ဖြိုးရှိန်က လှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရပြီး ဝင်္ကပါပွဲအတွင်း ဝင်ရောက်၍ ကံစမ်းမဲ ရထားသူများကို အောက်တိုဘာလ (၆)ရက်နေ့တွင် ချစ်စွမ်းသာ ဇာတ်ပွဲမကမီ ဇာတ်စင်ပေါ်တွင် ကံစမ်းမဲ ဖောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပွဲတော်တွင် ဝင်္ကပါပွဲတော်ကိုလည်း ထည့်သွင်း ကျင်းပသွားမည် ဖြစ်ပြီး မြတ်စွာဘုရား တာဝတိံသာနတ်ပြည်မှ စောင်းတန်းသုံးသွယ်ဖြင့် ကြွချီတော်မူပုံကို သရုပ်ဖော်မည့်အပြင် လပြည့်ကျော် တစ်ရက်နေ့တွင် ဘုရားဆင်းတုတော် (၃)ဆူကိုလည်း မဲဖောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းရိုးမကွင်းအတွင်ရှိ ဝင်္ကပါအား မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး (တာချီလိတ်မြို့)မှ ဖန်တီးပြုလုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
