မြန်မာ - ထိုင်းနယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဈေးကွက်အတွင်းမှ သုံးစွဲရန်မသင့် ပစ္စည်းများနှင့် ပတ်သက်၍ အသိပေးခြင်းများအား အောက်တိုဘာလအတွင်း လုပ်ဆောင်သွားပြီးပါက စစ်ဆေး အရေးယူခြင်း လုပ်ဆောင်တော့မည်ဖြစ်ကြောင်း နယ်စပ်အစားအသောက်နှင့် ဆေးဝါးစစ်ဆေးရေးဌာနထံမှ သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ဈေးကွက်အတွင်းမှ ကုန်ပစ္စည်းများအားစစ်ဆေး၍ သုံးစွဲရန်မသင့်ပစ္စည်းများ စစ်ဆေးတွေ့ရှိပါက အများပြည်သူအား ထုတ်ပြန်ကြေညာနေခြင်းဖြစ်သည်။
သတင်း - ချယ်ရီထိုက်
“အခု FDA က သုံးစွဲရန် မသင့်ထုတ်ပြန်ထားတာတွေ အားလုံးကို စုစည်းပြီးတော့ စာအုပ်ထုတ်မယ်။ စာအုပ်ထုတ်ပြီးတာနဲ့ အလှကုန်ဆိုင်တွေ၊ စတိုးဆိုင်တွေ၊ မီနီမားကတ်တွေကို ဝေမယ်။ ဝပြေီး နှစ်ပတ်ကြာတာနဲ့ လိုက်စစ်မယ်။ စစ်ပြီးတာနဲ့ အရေးယူမယ်”ဟု တာချီလိတ်မြို့မှ နယ်စပ်အစားအသောက်နှင့် ဆေးဝါးစစ်ဆေးရေးဌာန တာဝန်ခံဦးစီးအရာရှိ ဦးအောင်တိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့တွင် အောက်တိုဘာလ အတွင်းက အင်တာပိုလ်၏ အစီအစဉ်ဖြစ်သည့် ဆေးဝါးတု တိုက်ဖျက်ရေး စစ်ဆင်ရေးအဖြစ် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များတွင် စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ဈေးကွက်အတွင်းမှ ကုန်ပစ္စည်းများအားစစ်ဆေး၍ သုံးစွဲရန်မသင့်ပစ္စည်းများ စစ်ဆေးတွေ့ရှိပါက အများပြည်သူအား ထုတ်ပြန်ကြေညာနခြေင်းဖြစ်သည်။
သတင်း - ချယ်ရီထိုက်