က်ဳိင္းတံုၿမိဳ႕တြင္ ေဆးလိပ္ေငြ႕ကင္းစင္ လႈပ္ရွားမႈအျဖစ္ ရွမ္းျပည္နယ္အစိုးရအဖြဲ႔ႏွင့္ က်ဳိင္းတံုမွ စက္ဘီးစီး၀ါသနာရွင္မ်ား စုေပါင္း၍ စက္ဘီးစီး

က်ဳိင္းတံုၿမိဳ႕တြင္ ေဆးလိပ္ေငြ႕ကင္းစင္ လႈပ္ရွားမႈအျဖစ္ ရွမ္းျပည္နယ္အစိုးရအဖြဲ႔ႏွင့္ က်ဳိင္းတံုမွ စက္ဘီးစီး၀ါသနာရွင္မ်ား စုေပါင္း၍ စက္ဘီးစီး
အောက်တိုဘာ 15, 2017
By Tachileik News Agency

က်ဳိင္းတံုၿမိဳ႕တြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႔၏ ဦးေဆာင္မႈျဖင့္ ေဆးလိပ္ေငြ႕ကင္းစင္ လူထု စက္ဘီးစီးနင္းပြဲအား ၂၀၁၇ခုႏွစ္ ေအာက္တိုဘာလ(၁၅)ရက္ေန႔ နံနက္အေစာပိုင္းက က်င္းပျပဳလုပ္ရာ ရွမ္းျပည္နယ္အစိုးရအဖြဲ႔၀င္ ျပည္နယ္၀န္ႀကီး(၄)ဦးႏွင့္အတူ က်ဳိင္းတံုမွ စက္ဘီးစီး၀ါသနာရွင္မ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ား ပါ၀င္ ဆင္ႏႊဲခဲ့ၾကေၾကာင္း သိရသည္။

အဆိုပါ စက္ဘီးစီးနင္းပြဲသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႔၀င္ ျပည္နယ္စည္ပင္သာယာေရး၀န္ႀကီး ဦးစိုင္းစြံဆိုင္း၊ ျပည္နယ္လူမႈေရး၀န္ႀကီး ေဒါက္တာမ်ဳိးထြန္း၊ ျပည္နယ္သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာညီညီေအာင္ ႏွင့္ ျပည္နယ္ဘ႑ာေရးဝန္ႀကီး ဦးစုိင္း႐ွဲန္တစ္လုံ အပါအ၀င္ ျပည္နယ္အားကစားႏွင့္ကာယပညာဦးစီးဌာန၊ၫႊန္ၾကားေရးမွဴး ဦးထန္အိတ္ႏွင့္အဖြဲ႔၀င္မ်ား၊ ခရိုင္/ၿမိဳ႕နယ္အဆင့္ဌာနဆိုင္ရာမ်ားႏွင့္ က်ဳိင္းတံုမွ စက္ဘီးစီး၀ါသနာရွင္မ်ား ပါ၀င္ဆင္ႏႊဲခဲ့ၾကေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႔၏ ဦးေဆာင္မႈျဖင့္ ေဆးလိပ္ေငြ႕ကင္းစင္ လူထုစက္ဘီးစီးနင္းပြဲအား ၂၀၁၇ခုႏွစ္ ေအာက္တိုဘာလ(၁၄)ရက္ေန႔ နံနက္ပိုင္း၌ တာခ်ီလိတ္ၿမိဳ႕တြင္ က်င္းပျပဳလုပ္ခဲ့သည္။

က်ဳိင္းတံုၿမိဳ႕တြင္  ေဆးလိပ္ေငြ႕ကင္းစင္နယ္ေျမမ်ားအျဖစ္ မဟာျမတ္မုနိဘုရားပရိဝုဏ္ႏွင့္ ဓေမၼာဒယေက်ာင္းတိုက္ ပရိဝုဏ္တို႔အား သတ္မွတ္ထားရွိၿပီးျဖစ္ေၾကာင္း သိရွိရသည္။

ဓာတ္ပံု - အား/ကာ


~~~~~~~~⊰❂ unicode ~~~~~~~~

ကျိုင်းတုံမြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆေးလိပ်ငွေ့ကင်းစင် လူထု စက်ဘီးစီးနင်းပွဲအား ၂၀၁၇ခုနှစ် အောက်တိုဘာလ(၁၅)ရက်နေ့ နံနက်အစောပိုင်းက ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီး(၄)ဦးနှင့်အတူ ကျိုင်းတုံမှ စက်ဘီးစီးဝါသနာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ ပါဝင် ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

အဆိုပါ စက်ဘီးစီးနင်းပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင် နှင့် ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ အပါအဝင် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ညွှန်ကြားရေးမှူး ဦးထန်အိတ်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျိုင်းတုံမှ စက်ဘီးစီးဝါသနာရှင်များ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆေးလိပ်ငွေ့ကင်းစင် လူထုစက်ဘီးစီးနင်းပွဲအား ၂၀၁၇ခုနှစ် အောက်တိုဘာလ(၁၄)ရက်နေ့ နံနက်ပိုင်း၌ တာချီလိတ်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျိုင်းတုံမြို့တွင် ဆေးလိပ်ငွေ့ကင်းစင်နယ်မြေများအဖြစ် မဟာမြတ်မုနိဘုရားပရိဝုဏ်နှင့် ဓမ္မောဒယကျောင်းတိုက် ပရိဝုဏ်တို့အား သတ်မှတ်ထားရှိပြီးဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ - အား/ကာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~