ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ရွာရှိ မိုင်းကိုးပြည်သူ့ စစ်ခေါင်းဆောင် ဦးကျလော၏ ဆေးဖြတ်စခန်းတွင် မူးယစ်တပ်ဖွဲ့ နှင့် MANA တို့မှ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောမှုများအား ၂၀၁၇ခုနှစ် အောက်တိုဘာလ(၁၅)ရက်နေ့ နံနက်(၉)နာရီအချိန်က ပြုလုပ်ကြောင်း သိရသည်။
မူးယစ်ဆေးဖြတ်လိုသူများအနေဖြင့် ဖုန်းနံပါတ် ၀၉ ၅၂၄၁၃၄၂၊ ၀၉ ၄၅၀၆၀၅၈၃၈ နှင့် ၀၉ ၄၂၃၅၉၅၄၇၈ များသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူးသက်မောင် နှင့် တာချီလိတ်ခရိုင် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(MANA)မှ အတွင်းရေးမှူး ဦးသိန်းထွန်းတို့က မူးယစ်ဆေးဝါးအန္တရာယ် ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ချမှတ်ထားသည့် ပြစ်မှုပြစ်ဒဏ်များ အကြောင်း အပါအဝင် မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း နှင့် သုံးစွဲခြင်းတို့ကြောင့် ခံစားလာရမည့် ဆိုးကျိုးရလဒ်များ စသည်တို့ကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
မိုင်းကိုးဆေးဖြတ်စခန်းတွင် ယာမခေါ် စိတ်ကြွရူးသွပ်ဆေးအသုံးပြုသူအများစုကို ဆေးဖြတ်ပေးနေရပြီး ဘိန်းမဲနှင့် ဘိန်းဖြူစွဲသည့် လူနာများကို တာချီလိတ်ပြည်သူ့ဆေးရုံမှ ဆရာဝန်များက ကူညီ ကုသပေးလျက်ရှိကြောင်း သိရသည်။
မူးယစ်ဆေးဖြတ်လိုသူများအနဖြေင့် ဖုန်းနံပါတ် ဝ၉ ၅၂၄၁၃၄၂၊ ဝ၉ ၄၅၀၆၀၅၈၃၈ နှင့် ဝ၉ ၄၂၃၅၉၅၄၇၈ များသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
