မကွေးတိုင်းဒေသကြီးအတွင်းမှ မြစ်ကျောက်စရစ်များ နယ်ကျော်သယ်ယူခွင့် ပြုပြီ
မကွေးတိုင်းဒေသကြီးအတွင်းမှ မြစ်ကျောက်စရစ်များ နယ်ကျော်သယ်ယူခွင့် ပြုပြီ
အောကျတိုဘာ 15, 2017
By Tachileik News Agency
“မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃၆/၂၀၁၇) ဆုံးဖြတ်ချက်အပိုဒ် (၁၀၅) အရ မြစ်ကျောက်စရစ်တွေကို မကွေးတိုင်းဒေသကြီးပြင်ပကို နယ်ကျော်သယ်ယူခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်”ဟု မကွေးတိုင်းဒေသကြီး ဆောက်လုပ်ရေးဝန်ကြီး ဦးတင်နွယ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
နယ်ကျော်သယ်ယူမည့် လုပ်ငန်းရှင်များ အနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ မြစ်ကျောက်စရစ် တစ်ကျင်းလျှင် ကျပ် (၂၅၀၀) နှုန်း ဘဏ်တွင်ချလန်ဖြင့် ပေးသွင်းပြီးပါက တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပေးသည့် မျှောစာ၊ ဘဏ်ချလန်များဖြင့် သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးသို့ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
သတင်း -  #ဖီးနစ်
~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းဒေသကြီးအတွင်းရှိ မြစ်၊ သဲ၊ ကျောက် များကို နယ်ကျော်သယ်ယူခွင့် ပိတ်ပင်ထားခြင်းအား တိုင်းဒေသကြီးအစိုးရက ဖြေလျော့ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။
“မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃၆/၂၀၁၇) ဆုံးဖြတ်ချက်အပိုဒ် (၁၀၅) အရ မြစ်ကျောက်စရစ်တွေကို မကွေးတိုင်းဒေသကြီးပြင်ပကို နယ်ကျော်သယ်ယူခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်”ဟု မကွေးတိုင်းဒေသကြီး ဆောက်လုပ်ရေးဝန်ကြီး ဦးတင်နွယ်ဦးက တာချီလိ်တ်သတင်းအေဂျင်စီသို့ ပြောသည်။
နယ်ကျော်သယ်ယူမည့် လုပ်ငန်းရှင်များ အနဖြေင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ မြစ်ကျောက်စရစ် တစ်ကျင်းလျှင် ကျပ် (၂၅၀၀) နှုန်း ဘဏ်တွင်ချလန်ဖြင့် ပေးသွင်းပြီးပါက တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပေးသည့် မျှောစာ၊ ဘဏ်ချလန်များဖြင့် သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးသို့ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
“နယ်ကျော်သယ်ယူခွင့်တော့ ရရှိပါပြီ။ သင်္ဘောပါ် တိုက်ရိုက်တင်ခွင့်မပြုဘဲ ကမ်းပုံစနစ်သာ ခွင့်ပြု ပေးထားတဲ့ အတွက် လုပ်ငန်းဖင့်နှေးမှုနဲ့ ကုန်ကျစရိတ်လျှော့ချနိုင်ဖို့အတွက်တော့ အခက်အခဲရှိနေပါသေး တယ်”ဟု မြစ်သဲကျောက်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဧရာဝတီ်မြစ်၊ ချင်းတွင်းမြစ်၊ မြစ်သာမြစ်အတွင်းမှာ မြစ်သဲထုတ်လုပ်ခွင့်ရထားသည့်ဦးရေမှာ မေလ (၁၁)ရက်နေ့မှ သြဂုတ်လ(၂၈) ရက်နေ့အထိ (၄၉)ဦး၊ လုပ်ကွက်ပေါင်း (၄၉)ကွက်၊ ခွင့်ပြုဧက(၁၇၈.ဝ၆) ဧက၊ ခွင့်ပြုကျင်းအရေအတွက် (၃၅၂၈၀)ရှိကြောင်း သိရပြီး မြစ်ကျောက်စရစ်ထုတ်လုပ်ငန်းရှင် (၇၀)ဦး၊ လုပ်ကွက်ပေါင်း (၇၀) ကွက်၊ ခွင့်ပြုဧက (၂၇၃.၈၂)ဧက၊ ခွင့်ပြုကျင်းအရေအတွက် (၅၅၆၄၂)ကျင်း ရှိကြောင်း သိရသည်။
သတင်း - #ဖီးနစ်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~