“ေက်ာက္မဲခရိုင္ အေထြေထြအုပ္ခ်ဳပ္ေရးရဲ့ ညႊန္ၾကားမႈနဲ႔ ေက်ာက္မဲၿမိဳ႕နယ္စည္ပင္သာယာေရးဌာန ပါဝင္ၿပီး ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာန (ေက်ာက္မဲခရိုင္)ကေန စီမံခ်က္နဲ႔လာလုပ္ေပးတာ ျဖစ္ပါတယ္။ သီေပါၿမိဳ႕နယ္အတြင္းကို ပထမဦးဆံုးလာလုပ္ေပးတာပါ။ တစ္ေနရာတည္းအၿပီး ျပဳလုပ္ေပးေနတာ ျဖစ္ပါတယ္” ဟု ေက်ာက္မဲခရိုင္ ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာနမွ ခရိုင္ဦးစီးအရာရွိ ဦးဝင္းႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ေအာက္တိုဘာလ(၂၀) ရက္ေန႔အထိ နံနက္ (၉)နာရီမွ ညေန (၄)နာရီခြဲအထိ လိုင္စင္ေဆာင္ရြက္ေပးမည္ ျဖစ္ၿပီး တရုတ္ႏိုင္ငံထုတ္ ၂၀၁၅၊ ၂၀၁၆ ႏွင့္ ၂၀၁၇ ခုႏွစ္ထုတ္ဆိုင္ကယ္မ်ားအား အခြန္ႏႈန္းထား ေလွ်ာ့ေပးထားသည့္အတြက္ က်ပ္ (၁၃၅၀၀၀) မွ (၁၆၀၀၀၀) ဝန္းက်င္သာ က်သင့္မည္ျဖစ္ေၾကာင္း သိရသည္။
သီေပါၿမိဳ႕ဇာတ္စုရပ္ကြက္ရွိ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးရံုးနံေဘးတြင္ One Stop Service ျဖင့္ ျပဳလုပ္ေပေနရာ ေအာက္တိုဘာလ (၁၉)ရက္ ေန႔လယ္ပိုင္းအထိ လိုင္စင္မဲ့ဆုိင္ကယ္ (၁၁)စီး လိုင္စင္ေလွ်ာက္ထားၿပီျဖစ္ေၾကာင္း သိရသည္။
ရွမ္းျပည္နယ္အတြင္း လုိင္စင္မဲ့ဆုိင္ကယ္မ်ား ေဒသလိုင္စင္ထုတ္ေပးျခင္းကို ၂၀၁၇ ခုႏွစ္ မတ္လမွ စတင္၍ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနရံုးမ်ားတြင္ ရံုးခ်ိန္မ်ားအတြင္း ေဆာင္ရြက္ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။
သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္
**************
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့တွင် ၂၀၁၇ ခုနှစ်အတွင်း ပထမဦးဆုံးအကြိမ် One Stop Service စနစ် စီမံချက်ဖြင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအား လျှော့ပေါ့အခွန်နှုန်းထားဖြင့် အောက်တိုဘာလ (၁၉)ရက်နှင့် (၂၀) ရက်နေ့များတွင် မှတ်ပုံတင်ပြုလုပ်ပေးလျှက်ရှိကြောင်း သိရသည်။
“ကျောက်မဲခရိုင် အထွေထွေအုပ်ချုပ်ရေးရဲ့ ညွှန်ကြားမှုနဲ့ ကျောက်မဲမြို့နယ်စည်ပင်သာယာရေးဌာန ပါဝင်ပြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကျောက်မဲခရိုင်)ကနေ စီမံချက်နဲ့လာလုပ်ပေးတာ ဖြစ်ပါတယ်။ သီပေါမြို့နယ်အတွင်းကို ပထမဦးဆုံးလာလုပ်ပေးတာပါ။ တစ်နေရာတည်းအပြီး ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်” ဟု ကျောက်မဲခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဦးဝင်းနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အောက်တိုဘာလ(၂၀) ရက်နေ့အထိ နံနက် (၉)နာရီမှ ညနေ (၄)နာရီခွဲအထိ လိုင်စင်ဆောင်ရွက်ပေးမည် ဖြစ်ပြီး တရုတ်နိုင်ငံထုတ် ၂၀၁၅၊ ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်ထုတ်ဆိုင်ကယ်များအား အခွန်နှုန်းထား လျှော့ပေးထားသည့်အတွက် ကျပ် (၁၃၅၀၀၀) မှ (၁၆၀၀၀၀) ဝန်းကျင်သာ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။
သီပေါမြို့ဇာတ်စုရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးနံဘေးတွင် One Stop Service ဖြင့် ပြုလုပ်ပေနေရာ အောက်တိုဘာလ (၁၉)ရက် နေ့လယ်ပိုင်းအထိ လိုင်စင်မဲ့ဆိုင်ကယ် (၁၁)စီး လိုင်စင်လျှောက်ထားပြီဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်း လိုင်စင်မဲ့ဆိုင်ကယ်များ ဒေသလိုင်စင်ထုတ်ပေးခြင်းကို ၂၀၁၇ ခုနှစ် မတ်လမှ စတင်၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများတွင် ရုံးချိန်များအတွင်း ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်
