ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ ရွှေတိဂုံစေတီတော်အား ထီးတော်တင်လှူခြင်း အထိမ်းအမှတ် အဖြစ် (၁၉) ကြိမ်မြောက် ဆွမ်းလောင်းလှူပွဲကို ၂၀၁၇ခုနှစ် နိုဝင်ဘာလ (၁) ရက် နံနက် (၆)နာရီအချိန်တွင် သံဃာတော် နှင့် သီလရှင် စုစုပေါင်း အပါး ၄၀၀ ကျော်တို့အား တာချီလိတ်မြို့နယ်လုံးရှိ စေတနာရှင် အလှူရှင်များက စည်ကားသိုက်မြိုက်စွာ ဆွမ်းဆန်စိမ်း လောင်းလှူကြမှာ ဖြစ်ရာ စေတနာရှင် အလှူရှင်များအနေဖြင့် လာရောက် လောင်းလှူနိုင်ကြောင်း သိရသည်။
ဆွမ်းလောင်းလှူပွဲ မစတင်မီ နံနက် ၅နာရီခွဲ ဝန်းကျင်မှာ နဂါးနှစ်ကောင်ဆရာတော် အပါအဝင် ဆရာတော်ကြီး (၉) ပါးမှ ဘုရားအနေကဇာ တင်တော်မူကြမှာဖြစ်ပြီး ဒေသအုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲများ နှင့် တိုင်းရင်းသားများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် အလှူရှင်များမှ ရေစက်သွန်းချ တရားတော်နာယူပြီးနောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ပြုလုပ်သွားမှာ ဖြစ်သည့်အတွက် တာချီလိတ်မြို့ရှိ ပြည်သူများမှ ပါဝင်ကုသိုလ်ယူ လှူဒါန်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။
