ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕အေဝးသင္တကၠသိုလ္ လိြဳင္ေကာ္ဌာနခြဲ အဂၤလိပ္စာ မိသားစုက ေအာက္တိုဘာလ (၂၃)ရက္ေန႔ ညေနပိုင္းတြင္ျပဳလုပ္ေသာ အာစရိယပူေဇာ္ပြဲတြင္ ေကၽြးေမြးသည့္ ၾကက္ဆီထမင္းစားခဲ့ရာမွ ဆရာမတစ္ဦး အပါအဝင္ ေက်ာင္းသူေက်ာင္းသားမ်ား အစာအဆိပ္သင့္၍ ေဆးကုသမႈခံယူေနရေၾကာင္း သိရသည္။
လက္႐ွိတြင္ လိြဳင္ေကာ္ျပည္သူ႔ေဆးရံု၌ ျပင္ပလူနာအျဖစ္ (၂၁)ဦးႏွင့္ အတြင္းလူနာအျဖစ္ (၁၂)ဦး ကုသမႈခံယူေနေၾကာင္း သိရသည္။
" သူတို႔က ဒီေဖာ့ဘူး နဲ႔ ပါဆယ္ထုပ္မွာတဲ့ ၾကက္ဆီထမင္းစားၿပီး ဝမ္းေလွ်ာတယ္ ၊ ေအာ့အန္တယ္ေပါ့။ အစာအဆိပ္သင့္တာလို႔ပဲ ေျပာရမွာေပါ့။ ကြၽန္ေတာ္တို႔ ညတြင္းခ်င္းပဲ ခ်ိတ္ဆက္ၿပီး ကုသမႈေတြ လုပ္ေပးထားတယ္။ အကုန္ေတာ့ မစိုးရိမ္ရေတာ့ပါဘူး။ ျပန္လည္ေကာင္းမြန္လာၿပီေပါ့ ။ ဒီမနက္မွာလည္း ျပည္သူ႔က်န္းမာေရးဌာနက တာဝန္႐ွိသူေတြလည္း ေက်ာင္းအထိ သြားၿပီးစစ္ေဆးမႈေတြ ၊ ကာကြယ္မႈေတြ လုပ္ေနပါတယ္။ အစာအဆိပ္သင့္တာနဲ႔ အိမ္မွာ က်ိတ္မကုဘဲ ေဆး႐ုံကို ခ်က္ခ်င္းလာဖို႔ အဓိက တိုက္တြန္းခ်င္တယ္။ ဒါကအခ်ိန္မီကုသရင္ ေပ်ာက္ကင္းႏိုင္တဲ့ ဟာမ်ိဳးျဖစ္လို႔ပါ "ဟု လိြဳင္ေကာ္ ျပည္သူ႔ေဆး႐ုံ အုပ္ႀကီး ေဒါက္တာရန္ႏိုင္ေမာင္က ေျပာသည္။
အာစရိယပူေဇာ္ပြဲအၿပီးတြင္ လိြဳင္ေကာ္ၿမိဳ႕ ေဒါႏိုးကူးရပ္ကြက္႐ွိ စားေသာက္ဆိုင္မွ ပါဆယ္မွာယူထားေသာ ၾကက္ဆီထမင္းႏွင့္ အခ်ိဳရည္ ေကြၽးေမြးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
"ကြၽန္မက မႀကိဳက္လို႔လည္း ပါတယ္။ ၿပီးေတာ့ ထမင္းထဲက ၾကက္သားက အနံ႔ဆိုးေနတယ္။ ကြၽန္မ တစ္ခုစားၾကည့္ေသးတယ္။ မေကာင္းတာနဲ႔ မစားျဖစ္တာ။ ၾကက္သားက သိသာတယ္ အနံ႕ထြက္ေနတာ။ သူငယ္ခ်င္းေတြကေတာ့ စားၿပီး ညက်ေတာ့ အကုန္အန္ၿပီး ေဆး႐ုံေရာက္ကုန္တယ္။ တခ်ိဳ႕ ေတာ္ေတာ္ေလး ျဖစ္တယ္ " ဟု ေက်ာင္းသူတစ္ဦးက ေျပာသည္။
အဆိုပါ ၾကက္ဆီထမင္းမွာယူခဲ့ေသာ လိြဳင္ေကာ္ၿမိဳ႕ ေဒါႏိုးကူရပ္ကြက္႐ွိ စားေသာက္ဆိုင္အား ျပည္နယ္ စားသုံးသူေရးရာဦးစီးဌာနမွ တာဝန္ရွိသူမ်ားက စစ္ေဆးမႈမ်ားျပဳလုပ္ေနေၾကာင္း သိရသည္။
သတင္း #ဆန္းၿဖိဳးထြန္း
လက်ရှိတွင် လွိုင်ကော်ပြည်သူ့ဆေးရုံ၌ ပြင်ပလူနာအဖြစ် (၂၁)ဦးနှင့် အတွင်းလူနာအဖြစ် (၁၂)ဦး ကုသမှုခံယူနေကြောင်း သိရသည်။
" သူတို့က ဒီဖော့ဘူး နဲ့ ပါဆယ်ထုပ်မှာတဲ့ ကြက်ဆီထမင်းစားပြီး ဝမ်းလျှောတယ်၊ အော့အန်တယ်ပေါ့။ အစာအဆိပ်သင့်တာလို့ပဲ ပြောရမှာပေါ့။ ကျွန်တော်တို့ ညတွင်းချင်းပဲ ချိတ်ဆက်ပြီး ကုသမှုတွေ လုပ်ပေးထားတယ်။ အကုန်တော့ မစိုးရိမ်ရတော့ပါဘူး။ ပြန်လည်ကောင်းမွန်လာပြီပေါ့။ ဒီမနက်မှာလည်း ပြည်သူ့ကျန်းမာရေးဌာနက တာဝန်ရှိသူတွေလည်း ကျောင်းအထိ သွားပြီးစစ်ဆေးမှုတွေ၊ ကာကွယ်မှုတွေ လုပ်နေပါတယ်။ အစာအဆိပ်သင့်တာနဲ့ အိမ်မှာ ကျိတ်မကုဘဲ ဆေးရုံကို ချက်ချင်းလာဖို့ အဓိက တိုက်တွန်းချင်တယ်။ ဒါကအချိန်မီကုသရင် ပျောက်ကင်းနိုင်တဲ့ ဟာမျိုးဖြစ်လို့ပါ "ဟု လွိုင်ကော်ပြည်သူ့ဆေးရုံ အုပ်ကြီး ဒေါက်တာရန်နိုင်မောင်က ပြောသည်။
အာစရိယပူဇော်ပွဲအပြီးတွင် လွိုင်ကော်မြို့ ဒေါနိုးကူးရပ်ကွက်ရှိ စားသောက်ဆိုင်မှ ပါဆယ်မှာယူထားသော ကြက်ဆီထမင်းနှင့် အချိုရည် ကျွေးမွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ကျွန်မက မကြိုက်လို့လည်း ပါတယ်။ ပြီးတော့ ထမင်းထဲက ကြက်သားက အနံ့ဆိုးနေတယ်။ ကျွန်မ တစ်ခုစားကြည့်သေးတယ်။ မကောင်းတာနဲ့ မစားဖြစ်တာ။ ကြက်သားက သိသာတယ် အနံ့ထွက်နေတာ။ သူငယ်ချင်းတွေကတော့ စားပြီး ညကျတော့ အကုန်အန်ပြီး ဆေးရုံရောက်ကုန်တယ်။ တချို့တော်တော်လေး ဖြစ်တယ် " ဟု ကျောင်းသူတစ်ဦးက ပြောသည်။
အဆိုပါ ကြက်ဆီထမင်းမှာယူခဲ့သော လွိုင်ကော်မြို့ ဒေါနိုးကူရပ်ကွက်ရှိ စားသောက်ဆိုင်အား ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။
သတင်း #ဆန်းဖြိုးထွန်း
