ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ယာဉ်ထိန်းရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ အခင်းဖြစ်နေရာတွင် သေဆုံးနေသည့် အမျိုးသားအားတွေ့ရပြီး ဟောင်လိတ်မီးပွိုင့်လမ်းဘက်မှ အာခါဈေးမီးပွိုင့်ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးက လမ်းယာဘက်ခြမ်းမှ လမ်းဝဲဘက်ခြမ်းသို့ ဖြတ်ကူးသည့် အမျိုးသားအား တိုက်မိကာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားကြောင်း စစ်ဆေးသိရှိရသည်ဟု သိရသည်။
*********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက် အာခါစျေးအလွန် ချစ်ကြည်ရေး ဆီပန့်အနီးတွင် အောက်တိုဘာလ (၂၆)ရက်နေ့ည (၇)နာရီခန့်က လမ်းဖြတ်ကူးသူအား မော်တော်ယာဉ်တစ်စီးက တိုက်မိ၍ သေဆုံးသွားပြီး မော်တော်ယာဉ်မှာမောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ယာဉ်ထိန်းရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ အခင်းဖြစ်နေရာတွင် သေဆုံးနေသည့် အမျိုးသားအားတွေ့ရပြီး ဟောင်လိတ်မီးပွိုင့်လမ်းဘက်မှ အာခါစျေးမီးပွိုင့်ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးက လမ်းယာဘက်ခြမ်းမှ လမ်းဝဲဘက်ခြမ်းသို့ ဖြတ်ကူးသည့် အမျိုးသားအား တိုက်မိကာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားကြောင်း စစ်ဆေးသိရှိရသည်ဟု သိရသည်။
သေဆုံးသူ၏အမည်ကို အတည်မပြုနိုင်သေးကြောင်း သိရပြီး ယာဉ်တိုက်မှုဖြစ်ပွားပြီး ထွက်ပြေးသွားသည့် မော်တော်ယာဉ်အား ရဲတပ်ဖွဲ့က စုံစမ်းနေကြောင်း သိရသည်။
သေဆုံးသူအား တာချီလိတ်နာရေးကူညီမှုအသင်းက တာချီလိတ်မြို ့ပြည်သူ ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ဓါတ်ပုံ #တာချီလိတ်နာရေးကူညီမှုအသင်း
