အောက်တိုဘာလ (၂၇)ရက်နေ့ ည(၈)နာရီ(၁၅)မိနစ်ခန့်တွင် မီးစတင်လောင်ကျွမ်းခဲ့ရာ လားရှိုးခရိုင်မီးသတ် ဦးစီးမှူးရုံးမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၃၀)ဦး၊ အရံမီးသတ်တပ်ဖွဲ့ဝင် (၅၀)ဦး၊ မီးသတ်ယာဉ်နှင့်ရေသယ်ယာဉ် (၁၂)စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရရာ အောက်တိုဘာလ (၂၈)ရက် နံနက် (၁)နာရီမထိုးမီ မီးအရှိန်ထိန်းနိုင်ခဲ့ပြီး နံနက်(၆)နာရီခန့်တွင် မီးလုံးဝ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း လားရှိုးခရိုင်မီးသတ်ဦးစီးဌာနမှူးရုံးမှ သိရှိရသည်။
မီးလောင်မှုဖြစ်ပွားသည့် အဆောက်အဦးပိုင်ရှင် ဦးစိုင်းထွန်းဥာဏ်အား လားရှိုးမြို့နယ် နောင်မွန်နယ်မြေရဲစခန်းတွင် (ပ) ၂၁/၂၀၁၇၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #နေမျိုး
**********
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် နောင်မွန်ကျေးရွာအုပ်စု၊ နားယာမကျေးရွာတွင် အောက်တိုဘာလ (၂၇) ရက်နေ့ညက (၄)နာရီကျော်လောင်ကျွမ်းခဲ့သည့် မိုင်းကိုင်စက္ကူကုန်ကြမ်းဂိုဒေါင် မီးလောင်မှုမှာ ဝါယာကြိုးအပူလွန်ပြီး စက္ကူများကို ကူးစက်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။
စက္ကူစက်တွင် အသုံးပြုသည့် မော်တာနှင့်သွယ်တန်းထားသည့် ဝါယာကြိုးပေါ်သို့ စက္ကူစများရောက်ရှိနေရာမှ ဝါယာကြိုးအပူလွန်ကဲပြီး မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပြီး မီးလောင်မှုကြောင့် အဆောက်အဦးတန်ဖိုး ကျပ် သိန်း(၅၀)ခန့်နှင့် စက္ကူကုန်ကြမ်းနှင့်ဆက်စပ်ပစ္စည်းများတန်ဖိုး ကျပ် သိန်း (၅၀) ခန့် စုစုပေါင်း ကျပ်သိန်း(၁၀၀)ခန့် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း နောင်မွန်နယ်မြေရဲစခန်းထံမှ သိရသည်။
အောက်တိုဘာလ (၂၇)ရက်နေ့ ည(၈)နာရီ(၁၅)မိနစ်ခန့်တွင် မီးစတင်လောင်ကျွမ်းခဲ့ရာ လားရှိုးခရိုင်မီးသတ် ဦးစီးမှူးရုံးမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၃၀)ဦး၊ အရံမီးသတ်တပ်ဖွဲ့ဝင် (၅၀)ဦး၊ မီးသတ်ယာဉ်နှင့်ရေသယ်ယာဉ် (၁၂)စီးတို့ဖြင့် သွားရောက်ငြိှမ်းသတ်ခဲ့ရရာ အောက်တိုဘာလ (၂၈)ရက် နံနက် (၁)နာရီမထိုးမီ မီးအရှိန်ထိန်းနိုင်ခဲ့ပြီး နံနက်(၆)နာရီခန့်တွင် မီးလုံးဝ ငြိှမ်းသတ်နိုင်ခဲ့ကြောင်း လားရှိုးခရိုင်မီးသတ်ဦးစီးဌာနမှူးရုံးမှ သိရှိရသည်။
မီးလောင်မှုဖြစ်ပွားသည့် အဆောက်အဦးပိုင်ရှင် ဦးစိုင်းထွန်းဉာဏ်အား လားရှိုးမြို့နယ် နောင်မွန်နယ်မြေရဲစခန်းတွင် (ပ) ၂၁/၂၀၁၇၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #နေမျိုး
