ျမန္မာ - ထိုင္း နယ္စပ္ ရွမ္းျပည္နယ္(အေရွ႕ပုိင္း)တာခ်ီလိတ္ၿမဳိ႕တြင္ တာခ်ီလိတ္ၿမိဳ႕၏ ပထမဆံုး ပုဂၢလိက ေဆးရုံအျဖစ္ အေဆြေတာ္မိသားစုမွ ပုဂၢလိက အဆင့္ျမင့္ ျမသဟာ ေဆးရံုသစ္ ဖြင့္ပဲြအား၂၀၁၇ခုႏွစ္ ေအာက္တုိဘာ ၂၈ ရက္၊ နံနက္ ၁၀နာရီက မကာဟုိခမ္းရပ္ကြက္၊ ပုဂၢလိကဘုရင့္ေနာင္ေစ်းအနီးရွိ အဆုိပါေဆးရံု၌ က်င္းပျပဳလုပ္ေၾကာင္း သိရသည္။
အဆိုပါ ပုဂၢလိက အဆင့္ျမင့္ ေဆးရံုသစ္ႀကီးအား ရွမ္းျပည္နယ္အစုိးရအဖဲြ႕၀င္ ၀န္ႀကီးမ်ားျဖစ္သည့္ ျပည္နယ္လူမႈေရး၀န္ႀကီး ေဒါက္တာမ်ဳိးထြန္း၊ ျပည္နယ္စည္ပင္သာယာေရး ၀န္ႀကီး ဦးစုိင္းစံြဆုိင္း၊ စစ္ဗ်ဴဟာအဖဲြ႕ (အေျခခ်)တာခ်ီလိတ္မွ စစ္ဗ်ဴဟာမွဴး ဗုိလ္မွဴးႀကီး ေအးမင္းဦး၊ ျပည္နယ္ဒုတိယ အုပ္ခ်ဳပ္ေရးမွဴး ဦးရဲႏုိင္၊ ခရုိင္ အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ ၊ အေဆြေတာ္မိသားစုမွ သုဓမၼမဏိေဇာတဓရ ဦးေမာင္ေလး၊ ျမသဟာေဆးရံုသစ္ႀကီး၏ ပုိင္ရွင္ ဦးတင္လႈိင္ႏွင့္ဇနီးေဒၚနန္းမိမိေလး (အေဆြေတာ္မီနီမတ္ႏွင့္ ရတနာစံအိမ္ ေတာ္)၊ ဟိန္းထက္ေအာင္ကုမၸဏီႏွင့္ဘုရင့္ေနာင္ေစ်းပုိင္ရွင္ ဦးထြန္းေနဦး တုိ႔က ဖဲႀကဳိးျဖတ္ဖြင့္လွစ္ေပးၿပီး၊ ႀတိဂံေဒသတုိင္းစစ္ဌာနခ်ဳပ္၊ တုိင္းမွဴး ဗုိလ္ခ်ဳပ္ ေအာင္ေဇာ္ေအး က ေဆးရံုသစ္ႀကီး၏ ဆုိင္းဘုတ္အား စက္ခလုတ္ႏွိပ္ဖြင့္လွစ္ေပးခဲ့ၾကသည္။
ထုိ႔ေနာက္ ဖြင့္ပဲြအထိမ္းအမွတ္ ကမၺည္းေမာ္ကြန္းအား တက္ေရာက္လာသည့္ အႀကီးအကဲမ်ားက အေမႊးနံ႔သာရည္မ်ားပက္ဖ်န္းေပးသည္။
ဆက္လက္၍ ဖြင့္ပဲြအထိမ္းအမွတ္အျဖစ္ အခမ္းအနားက်င္းပရာတြင္ ႀတိဂံေဒသတုိင္း စစ္ဌာနခ်ဳပ္၊ တုိင္းမွဴးႏွင့္ ျပည္နယ္၀န္ႀကီးမ်ား က ဂုဏ္ျပဳအမွာစကားေျပာၾကားၿပီး၊ ခရုိင္အုပ္ခ်ဳပ္ေရးမွဴး က ခရုိင္အတြင္း က်န္းမာေရး ေစာင့္ေရွာက္ေပးႏုိင္မႈႏွင့္ ပုဂၢလိကေဆးရံုသစ္ ဖြင့္လွစ္ႏိုင္ျခင္းေၾကာင့္ ျပည္သူမ်ား က်န္းမာေရးေစာင့္ေရွာက္မႈ ပုိမုိရရွိႏုိင္မည့္အေျခအေနမ်ား အား ရွင္းလင္းတင္ျပသည္။
ယင္းပုဂၢလိက ေဆးရံုသစ္ႀကီးကုိ တုိးပြားလာသည့္ လူဦးေရအတြက္ က်န္းမာေရးေစာင့္ေရွာက္မႈ ပုိမုိ ေပးႏုိင္ေရး၊ ေဒသခံျပည္သူမ်ားအတြက္ တစ္ဖက္တစ္လမ္းမွ အေထာက္အကူျဖစ္ေစေရးႏွင့္ က်န္းမာေရးအတြက္ ပူးေပါင္းပါ၀င္ ေဆာင္ရြက္ေပးျခင္းျဖစ္ေၾကာင္း၊ ႏုိင္ငံေတာ္ အစုိးရ၏ က်န္းမာေရးဦးစီးဌာနႏွင့္ လက္တဲြညီညီ ပူးေပါင္းေဆာင္ရြက္ခြင့္ရရွိမႈကိုလည္း ဂုဏ္ယူ ၀မ္းေျမာက္မိေၾကာင္း၊ ျမသဟာေဆးရံုသစ္ပုိင္ရွင္ ဦးတင္လႈိင္ က အခမ္းအနားတြင္ ေျပာၾကားသည္။
သတင္း - ေ၀ယံလင္း
ဓာတ္ပံု - ယာေဆး
အဆိုပါ ပုဂ္ဂလိက အဆင့်မြင့် ဆေးရုံသစ်ကြီးအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ စစ်ဗျူဟာအဖွဲ့ (အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ အဆွေတော်မိသားစုမှ သုဓမ္မမဏိဇောတဓရ ဦးမောင်လေး၊ မြသဟာဆေးရုံသစ်ကြီး၏ ပိုင်ရှင် ဦးတင်လှိုင်နှင့်ဇနီးဒေါ်နန်းမိမိလေး (အဆွေတော်မီနီမတ်နှင့် ရတနာစံအိမ် တော်)၊ ဟိန်းထက်အောင်ကုမ္ပဏီနှင့်ဘုရင့်နောင်ဈေးပိုင်ရှင် ဦးထွန်းနေဦး တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေး က ဆေးရုံသစ်ကြီး၏ ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် ဖွင့်ပွဲအထိမ်းအမှတ် ကမ္ဗည်းမော်ကွန်းအား တက်ရောက်လာသည့် အကြီးအကဲများက အမွှေးနံ့သာရည်များပက်ဖျန်းပေးသည်။
ဆက်လက်၍ ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် အခမ်းအနားကျင်းပရာတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများ က ဂုဏ်ပြုအမှာစကားပြောကြားပြီး၊ ခရိုင်အုပ်ချုပ်ရေးမှူး က ခရိုင်အတွင်း ကျန်းမာရေး စောင့်ရှောက်ပေးနိုင်မှုနှင့် ပုဂ္ဂလိကဆေးရုံသစ် ဖွင့်လှစ်နိုင်ခြင်းကြောင့် ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုရရှိနိုင်မည့်အခြေအနေများ အား ရှင်းလင်းတင်ပြသည်။
ယင်းပုဂ္ဂလိက ဆေးရုံသစ်ကြီးကို တိုးပွားလာသည့် လူဦးရေအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပိုမို ပေးနိုင်ရေး၊ ဒေသခံပြည်သူများအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရေးနှင့် ကျန်းမာရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရ၏ ကျန်းမာရေးဦးစီးဌာနနှင့် လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ခွင့်ရရှိမှုကိုလည်း ဂုဏ်ယူ ဝမ်းမြောက်မိကြောင်း၊ မြသဟာဆေးရုံသစ်ပိုင်ရှင် ဦးတင်လှိုင် က အခမ်းအနားတွင် ပြောကြားသည်။
သတင်း -ေဝယံလင်း
ဓာတ်ပုံ - ယာဆေး
