ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕မရဲစခန္းရွိ အခ်ဳပ္ေထာင္တြင္ ႏိုဝင္ဘာလ (၂)ရက္ေန႔က အႏၱရာယ္ကင္းပရိတ္တရားပြဲ က်င္းပေၾကာင္း သိရသည္။
“အခ်ဳပ္ေထာင္မွာ ရိွတဲ့သူေတြ အေနနဲ႔လည္း အျပင္မွာ ကထိန္သကၤန္းလို လွဴဒါန္းေနၾကတဲ့အခ်ိန္ သူတို႔လည္း ဒီလိုလွဴဒါန္းခ်င္၊ ကုသိုလ္ျပဳခ်င္သူေတြရိွရင္လည္း ကုသိုလ္ျပဳႏုိင္ေအာင္ စီစဥ္ေပးတာပါ။ အရင္ႏွစ္ေတြကေတာ့ လုပ္မေပးျဖစ္ပါဘူး။ ဒီႏွစ္မွ လုပ္ေပးျဖစ္တာပါ။ သူတို႔လည္း အထဲကေန တရားနာ၊ ေရစက္ခ် အမွ်ေဝႏုိင္ေအာင္ စီစဥ္ေပးတာပါ”ဟု တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႔မွဴး ဒုရဲမွဴးႀကီးထိန္ဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
အဆိုပါ ပရိတ္တရားေတာ္နာယူပြဲတြင္ တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴးႀကီးထိန္ဝင္း၊ ဒုခရိုင္ ရဲတပ္ဖြဲ႕မွဴး ရဲမွဴးျမင့္ေဆြ၊ ဒုၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴးေအာင္ဆန္းဦး၊ ၿမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴး ၾကည္စိုး၊ ၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႔ဝင္ အရာရိွႏွင့္ အျခားအဆင့္မ်ား၊ မိသားစုဝင္မ်ား အခ်ဳပ္ေထာင္ရိွ အခ်ဳပ္တရားခံ အမ်ိဳးသား (၁၅၂)ဦးႏွင့္ အမ်ိဳးသမီး (၇)ဦးတို႔ တရားနာယူၾကေၾကာင္း သိရသည္။
အခ်ဳပ္သားမ်ား ကိုယ္စား အခ်ဳပ္တရားခံ (၅)ဦးက လွဴဖြယ္ဝတၳဳမ်ားအား ဆရာေတာ္မ်ားထံ ဆက္ကပ္ လွဴဒါန္းၾကေၾကာင္း သိရသည္။
“အချုပ်ထောင်မှာ ရှိတဲ့သူတွေ အနေနဲ့လည်း အပြင်မှာ ကထိန်သင်္ကန်းလို လှူဒါန်းနကြေတဲ့အချိန် သူတို့လည်း ဒီလိုလှူဒါန်းချင်၊ ကုသိုလ်ပြုချင်သူတွေရှိရင်လည်း ကုသိုလ်ပြုနိုင်အောင် စီစဉ်ပေးတာပါ။ အရင်နှစ်တွေကတော့ လုပ်မပေးဖြစ်ပါဘူး။ ဒီနှစ်မှ လုပ်ပေးဖြစ်တာပါ။ သူတို့လည်း အထဲကနေ တရားနာ၊ ရေစက်ချ အမျှဝေနိုင်အောင် စီစဉ်ပေးတာပါ”ဟု တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးထိန်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ ပရိတ်တရားတော်နာယူပွဲတွင် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးထိန်ဝင်း၊ ဒုခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဆွေ၊ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးအောင်ဆန်းဦး၊ မြို့မရဲစခန်းမှူး ဒုရဲမှူး ကြည်စိုး၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင် အရာရှိနှင့် အခြားအဆင့်များ၊ မိသားစုဝင်များ အချုပ်ထောင်ရှိ အချုပ်တရားခံ အမျိုးသား (၁၅၂)ဦးနှင့် အမျိုးသမီး (၇)ဦးတို့ တရားနာယူကြကြောင်း သိရသည်။
အချုပ်သားများ ကိုယ်စား အချုပ်တရားခံ (၅)ဦးက လှူဖွယ်ဝတ္ထုများအား ဆရာတော်များထံ ဆက်ကပ် လှူဒါန်းကြကြောင်း သိရသည်။
