လားရိႈးၿမိဳ႕ ေရွာင္လမ္းႏွင့္ လားရႈိး - နမၼတူ လမ္းေထာင့္ရွိ နားကြမ္းလံုေက်းရြာရွိ တိုင္းရင္းသားယဥ္ေက်းမႈကြင္းတြင္ ႏိုဝင္ဘာလ (၂)ရက္ေန႔ ညေန(၅) နာရီက မီးပံုးပံ်လႊတ္တင္ပြဲအခမ္းအနားကို စတင္ဖြင့္လွစ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
မီးပံုးပ်ံလႊတ္တင္ပြဲ ပထမေန႔တြင္ ေခါင္အက်ယ္ (၂၀)ေပ၊ နံေထာင္ (၂၂)ေပ ႏွင့္ ယမ္းပိသာခ်ိန္(၈)ပိသာ ပါဝင္သည့္ က်ပ္(၁၀)သိန္းတန္ ညမီးႀကီးမီးပံုးပ်ံ(၃)လံုးႏွင့္ ေခါင္အက်ယ္(၁၈)ေပ၊ နံေထာင္(၁၈)ေပ၊ ႏွင့္ ေခါင္အက်ယ္(၁၈)ေပ၊ နံေထာင္(၁၈)ေပ၊ က်ပ္(၁၀)သိန္း တန္ဖိုးရွိ စိန္နားပန္မီးပံုးပ်ံ(၂)လံုးတို႔အား လႊတ္တင္သြားမည္ျဖစ္ၿပီး မီးပံုးပ်ံႀကီးတစ္လံုးလႊတ္တင္တိုင္းတြင္ အရံမီးပံုးပ်ံ အလံုး(၁၀၀)ကို လႊတ္တင္သြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ မီးပံုးပ်ံပြဲေတာ္အား က်ပ္သိန္း (၅၂၁) ေက်ာ္ကုန္က်ေၾကာင္း သိရသည္။
သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္
***********
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ပထမဦးဆုံးအကြိမ် ပြည်သူလူထုနှင့်အစိုးရဌာနများပူးပေါင်း ကျင်းပသည့် တန်ဆောင်တိုင်မီးပုံးပျံပွဲအား တိုင်းရငး်သားယဉ်ကျေးမှုကွင်းတွင် နိုဝင်ဘာလ (၂)ရက်နေ့မှစ၍ နှစ်ရက်တာကျင်းပနေကြောင်း သိရသည်။
လားရှိုးမြို့ ရှောင်လမ်းနှင့် လားရှိုး - နမ္မတူ လမ်းထောင့်ရှိ နားကွမ်းလုံကျေးရွာရှိ တိုင်းရင်းသားယဉ်ကျေးမှုကွင်းတွင် နိုဝင်ဘာလ (၂)ရက်နေ့ ညနေ(၅) နာရီက မီးပုံးပျံလွှတ်တင်ပွဲအခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးပုံးပျံလွှတ်တင်ပွဲ ပထမနေ့တွင် ခေါင်အကျယ် (၂၀)ပေ၊ နံထောင် (၂၂)ပေ နှင့် ယမ်းပိသာချိန်(၈)ပိသာ ပါဝင်သည့် ကျပ်(၁၀)သိန်းတန် ညမီးကြီးမီးပုံးပျံ(၃)လုံးနှင့် ခေါင်အကျယ်(၁၈)ပေ၊ နံထောင်(၁၈)ပေ၊ နှင့် ခေါင်အကျယ်(၁၈)ပေ၊ နံထောင်(၁၈)ပေ၊ ကျပ်(၁၀)သိန်း တန်ဖိုးရှိ စိန်နားပန်မီးပုံးပျံ(၂)လုံးတို့အား လွှတ်တင်သွားမည်ဖြစ်ပြီး မီးပုံးပျံကြီးတစ်လုံးလွှတ်တင်တိုင်းတွင် အရံမီးပုံးပျံ အလုံး(၁၀၀)ကို လွှတ်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မီးပုံးပျံပွဲတော်အား ကျပ်သိန်း (၅၂၁) ကျော်ကုန်ကျကြောင်း သိရသည်။
သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်
