ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕မွ ဆရာမတစ္ဦး၏ မွတ္ပံုတင္ေပ်ာက္သြားၿပီးေနာက္ အဆိုပါ မွတ္ပံုတင္ကို အသံုးျပဳ၍ ဟန္သီပါတိတ္ခ်ည္ထည္ ေရာင္းဝယ္ေရး အပါအဝင္ ဟန္သီထြန္း အမည္ျဖင့္္ ေဖ့စ္ဘုတ္ အေကာင့္ဖြင့္၍ အြန္လိုင္းလိမ္လည္ ေရာင္းခ်ျခင္းမ်ား လုပ္ေဆာင္ေနမႈမ်ားႏွင့္ ႀကံဳေနရသျဖင့္ သက္ဆုိင္ရာသို႔ တုိင္ၾကားရန္ စီစဥ္ေနေၾကာင္း သိရသည္။
“ကၽြန္မ မွတ္ပံုတင္ပါတဲ့ ပိုက္ဆံအိတ္ေပ်ာက္သြားတုန္းက မွတ္ပံုတင္ေကာက္ရထားတယ္ဆိုၿပီး အြန္လုိင္းမွာ တင္လာေပးလို႔ ဆက္သြယ္ၿပီး ျပန္ယူခဲ့ပါတယ္။ ေကာက္ရတဲ့သူက အြန္လုိင္းမွာ မွတ္ပံုတင္ကို ဓာတ္ပံုရိုက္ၿပီး တင္ခဲ့တာပါ။ အဲဒီတုန္းကေတာ့ ဘာမွ ျပႆနာမရိွပါဘူး။ ေနာက္ H1N1 ေတြျဖစ္တဲ့ ကာလမွာ H1N1 Mask ေတြ အြန္လိုင္းကေန ကၽြန္မနာမည္နဲ႔ေရာင္းတယ္။ ဝယ္သူေတြကို သူ႔မွတ္ပံုတင္ပါဆိုၿပီး ကၽြန္မ မွတ္ပံုတင္ကို ျပတယ္လို႔ သိရတယ္။ အဲဒါၿပီးေတာ့ ဒီတစ္ပတ္အတြင္းမွာပဲ ေနာက္ထပ္ ပါတိတ္ေရာင္းတဲ့ page ကေန ကၽြန္မ မွတ္ပံုတင္သံုးတယ္လို႔ ထပ္သိရတယ္။ ဝယ္တဲ့ သူေတြက ေငြလႊဲရင္ေတာ့ အဲဒီမွတ္ပံုတင္ မဟုတ္ဘဲ တျခားမွတ္ပံုတင္တို႔၊ wave money တို႔နဲ႔ လႊဲခိုင္းတယ္လို႔ သိရတယ္။ ပိုက္ဆံလႊဲၿပီးရင္ ပစၥည္းပိုု႔မေပးေတာ့ လူလိမ္မပါဆိုၿပီး ကၽြန္မ မွတ္ပံုတင္ပံုနဲ႔ အြန္လုိင္းတင္လာၾကမွ ကၽြန္မက သိရတာပါ။ ဒါနဲ႔ ႀကိဳးစား ဆက္သြယ္ၾကည့္ေတာ့ အဲဒီက ေစ်းဝယ္ခဲ့တဲ့ အစ္မတစ္ေယာက္နဲ႔ ဆက္သြယ္မိပါတယ္။ သူက ေျပာတာေတာ့ ေစ်းေရာင္းတဲ့သူက ေတာင္ႀကီးမွာ ေနတယ္လို႔ ေျပာတယ္။ ဒါေပမဲ့ ေငြထုတ္သြားတာက အင္းစိန္ဘက္ကေန ထုတ္သြားတယ္လို႔ ေျပာပါတယ္။ ေနာက္ေတာ့ ဟန္သီပါတိတ္ခ်ည္ထည္ ေရာင္းဝယ္ေရးဆိုၿပီး ထပ္ေရာင္းလာေတာ့ ကၽြန္မ မွတ္ပံုတင္ကိုပဲ ျပတယ္လို႔ ေျပာပါတယ္။ အဲဒီလိုျဖစ္ေနတာကို က်ိဳင္းတံု ရဲစခန္းကိုေတာ့ ကၽြန္မတိုင္ၾကားထားပါတယ္”ဟု မွတ္ပံုတင္အသံုးျပဳခံေနရသည့္ ေဒၚဟန္သီထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ယင္းကဲ့သို႔ အြန္လိုင္းမွ လိမ္လည္ေရာင္းခ်ျခင္းမ်ား ေအာက္တိုဘာလအတြင္း ထပ္မံႀကံဳေတြ႔ေနရသျဖင့္ စားသံုးသူအျငင္းပြားမႈဆုိင္ရာ လက္ခံေျဖရွင္းေပးေရးစင္တာသို႔႔ တုိင္ၾကားရန္ စီစဥ္ေနေၾကာင္း သိရသည္။
“စားသံုးသူေရးရာနဲ႔ ပတ္သက္ရင္ ကုန္ပစၥည္းေရာင္းခ်တာ၊ ထုတ္လုပ္တာ၊ ဝယ္ယူတာနဲ႔ ပတ္သက္တာျဖစ္ျဖစ္ ဝန္ေဆာင္မႈနဲ႔ ပတ္သက္တာျဖစ္ျဖစ္ အဆင္မေျပမႈေတြ ျဖစ္လာရင္ စားသံုးသူ အျငင္းပြားမႈ လက္ခံေျဖရွင္းေပးေရးစင္တာေတြမွာ သြားေရာက္တုိင္ၾကားႏုိင္ပါတယ္။ ေနာက္ ဒီလို အြန္လုိင္းကေန လိမ္လည္ေရာင္းခ်မႈက သက္ဆုိင္ရာ နယ္ေျမရဲစခန္းေတြမွာလည္း အမႈဖြင့္ တုိင္ၾကားလို႔ရပါတယ္။ ကၽြန္ေတာ္တုိ႔က ပထမ ညိႇႏိႈင္းေဆာင္ရြက္ေပးပါတယ္။ မရရင္ေတာ့ ဥပေဒေၾကာင္းအရ သြားတာေပါ့။ အြန္လိုင္းကေန ဘယ္သူမွန္း မသိဘူးဆိုရင္လည္း ကြင္းဆက္လုိက္ ေဖာ္ထုတ္ေပးႏုိင္ေအာင္ ႀကိဳးစားပါတယ္”ဟု ရွမ္းျပည္နယ္စားသံုးသူေရးရာဦးစီးဌာန လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးမင္းေအာင္က ေျပာသည္။
စားသံုးသူအကာအကြယ္ေပးေရးဥပေဒအရ ကုန္စည္ႏွင့္ ဝန္ေဆာင္မႈမ်ားႏွင့္ပတ္သက္သည့္ အျငင္းပြားမႈမ်ားအား ေျဖရွင္းေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။
သတင္း - ခ်ယ္ရီထိုက္
“ကျွန်မ မှတ်ပုံတင်ပါတဲ့ ပိုက်ဆံအိတ်ပျောက်သွားတုန်းက မှတ်ပုံတင်ကောက်ရထားတယ်ဆိုပြီး အွန်လိုင်းမှာ တင်လာပေးလို့ ဆက်သွယ်ပြီး ပြန်ယူခဲ့ပါတယ်။ ကောက်ရတဲ့သူက အွန်လိုင်းမှာ မှတ်ပုံတင်ကို ဓာတ်ပုံရိုက်ပြီး တင်ခဲ့တာပါ။ အဲဒီတုန်းကတော့ ဘာမှ ပြဿနာမရှိပါဘူး။ နောက် H1N1 တွဖြေစ်တဲ့ ကာလမှာ H1N1 Mask တွေ အွန်လိုင်းကနေ ကျွန်မနာမည်နဲ့ရောင်းတယ်။ ဝယ်သူတွေကို သူ့မှတ်ပုံတင်ပါဆိုပြီး ကျွန်မ မှတ်ပုံတင်ကို ပြတယ်လို့ သိရတယ်။ အဲဒါပြီးတော့ ဒီတစ်ပတ်အတွင်းမှာပဲ နောက်ထပ် ပါတိတ်ရောင်းတဲ့ page ကနေ ကျွန်မ မှတ်ပုံတင်သုံးတယ်လို့ ထပ်သိရတယ်။ ဝယ်တဲ့ သူတွေက ငွေလွှဲရင်တော့ အဲဒီမှတ်ပုံတင် မဟုတ်ဘဲ တခြားမှတ်ပုံတင်တို့၊ wave money တို့နဲ့ လွှဲခိုင်းတယ်လို့ သိရတယ်။ ပိုက်ဆံလွှဲပြီးရင် ပစ္စည်းပို့မပေးတော့ လူလိမ်မပါဆိုပြီး ကျွန်မ မှတ်ပုံတင်ပုံနဲ့ အွန်လိုင်းတင်လာကြမှ ကျွန်မက သိရတာပါ။ ဒါနဲ့ ကြိုးစား ဆက်သွယ်ကြည့်တော့ အဲဒီက ဈေးဝယ်ခဲ့တဲ့ အစ်မတစ်ယောက်နဲ့ ဆက်သွယ်မိပါတယ်။ သူက ပြောတာတော့ ဈေးရောင်းတဲ့သူက တောင်ကြီးမှာ နေတယ်လို့ ပြောတယ်။ ဒါပေမဲ့ ငွေထုတ်သွားတာက အင်းစိန်ဘက်ကနေ ထုတ်သွားတယ်လို့ ပြောပါတယ်။ နောက်တော့ ဟန်သီပါတိတ်ချည်ထည် ရောင်းဝယ်ရေးဆိုပြီး ထပ်ရောင်းလာတော့ ကျွန်မ မှတ်ပုံတင်ကိုပဲ ပြတယ်လို့ ပြောပါတယ်။ အဲဒီလိုဖြစ်နေတာကို ကျိုင်းတုံ ရဲစခန်းကိုတော့ ကျွန်မတိုင်ကြားထားပါတယ်”ဟု မှတ်ပုံတင်အသုံးပြုခံနေရသည့် ဒေါ်ဟန်သီထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ယင်းကဲ့သို့ အွန်လိုင်းမှ လိမ်လည်ရောင်းချခြင်းများ အောက်တိုဘာလအတွင်း ထပ်မံကြုံတွေ့နေရသဖြင့် စားသုံးသူအငြင်းပွားမှုဆိုင်ရာ လက်ခံဖြေရှင်းပေးရေးစင်တာသို့ တိုင်ကြားရန် စီစဉ်နေကြောင်း သိရသည်။
“စားသုံးသူရေးရာနဲ့ ပတ်သက်ရင် ကုန်ပစ္စည်းရောင်းချတာ၊ ထုတ်လုပ်တာ၊ ဝယ်ယူတာနဲ့ ပတ်သက်တာဖြစ်ဖြစ် ဝန်ဆောင်မှုနဲ့ ပတ်သက်တာဖြစ်ဖြစ် အဆင်မပြေမှုတွေ ဖြစ်လာရင် စားသုံးသူ အငြင်းပွားမှု လက်ခံဖြေရှင်းပေးရေးစင်တာတွေမှာ သွားရောက်တိုင်ကြားနိုင်ပါတယ်။ နောက် ဒီလို အွန်လိုင်းကနေ လိမ်လည်ရောင်းချမှုက သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေမှာလည်း အမှုဖွင့် တိုင်ကြားလို့ရပါတယ်။ ကျွန်တော်တို့က ပထမ ညှိနှိုင်းဆောင်ရွက်ပေးပါတယ်။ မရရင်တော့ ဥပဒေကြောင်းအရ သွားတာပေါ့။ အွန်လိုင်းကနေ ဘယ်သူမှန်း မသိဘူးဆိုရင်လည်း ကွင်းဆက်လိုက် ဖော်ထုတ်ပေးနိုင်အောင် ကြိုးစားပါတယ်”ဟု ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က ပြောသည်။
စားသုံးသူအကာအကွယ်ပေးရေးဥပဒေအရ ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်သည့် အငြင်းပွားမှုများအား ဖြေရှင်းပေးနခြေင်းဖြစ်ကြောင်း သိရသည်။
သတင်း - ချယ်ရီထိုက်
