မိုင္းဆတ္ၿမိဳ႕၌ ႏို၀င္ဘာလ (၂ )ရက္ေန႔မွစ၍ ႏွစ္ရက္တာက်င္းပသည့္ ပြဲေတာ္တြင္ ရွမ္း႐ိုးမမီး၊ ၾကယ္ေျပာင္မီး၊ လိြဳင္ခမ္းမီး၊ စူပါဆင့္ပြားမီး၊ ေခတ္သစ္ လူငယ္ မီးအဖြဲ႔၊ တိုင္းလြိဳင္မီး၊ ေငြၾကယ္မီး၊ ၾကယ္ျဖဴမီးႏွင့္ ခ်ယ္ရီးမီးအဖဲြ႔မ်ား ပါ၀င္ယွဥ္ၿပိဳင္ခဲ့ၾကျခင္းျဖစ္သည္။
တန္ေဆာင္တုိင္မီးပံုးပ်ံၿပိဳင္ပြဲတြင္ ခ်ယ္ရီမီးအဖြဲ႕က ပထမ၊ လိြဳင္ခမ္းမီးအဖြဲ႕က ဒုတိယ၊ ၾကယ္ျဖဴမီးအဖြဲ႔က တတိယဆု အသီးသီးရရိွၿပီး က်န္အသင္း (၆)သင္းအား ႏွစ္သိမ့္ဆုမ်ား ခ်ီးျမႇင့္ေပးေၾကာင္း သိရသည္။
ဆုခ်ီးျမႇင့္ပြဲသို႔ ဒုတိယခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းထြန္း၀င္း၊ ခ႐ိုင္ရဲတပ္ဖဲြ႔မွဴး ဒုတိယရဲမွဴးႀကီး ၀ဏၰေဇာ္၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းခတၱိယ၊ ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေနမ်ဳိးေအာင္၊ နယ္ေျမခံတပ္နယ္မွ ဗိုလ္မွဴးႀကီးလိႈင္လင္းေက်ာ္ႏွင့္ တာဝန္ရိွသူမ်ား တက္ေရာက္ၾကေၾကာင္း သိရသည္။
ဆုေငြမ်ားအျဖစ္ ပထဆုအား က်ပ္ဆယ္သိန္းႏွင့္ ဆုဖလား၊ ဒုတိယဆုအား က်ပ္ခုႏွစ္သိန္းႏွင့္ ဆုဖလား၊ တတိယဆုအား က်ပ္ေလးသိန္းႏွင့္ ဆုဖလား၊ ႏွစ္သိမ့္ဆုမ်ားအား က်ပ္တစ္သိန္းစီ အသီးသီးခ်ီးျမႇင့္ျခင္းျဖစ္ေၾကာင္း သိရသည္။
သတင္း၊ဓါတ္ပံု #သန္းေဇာ္ဦး(IPRD)
*********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၏ (၄၇)ကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲမှ ဆုရအသင်းများအား နိုဝင်ဘာလ (၃)ရက်နေ့ညက ဆုချီးမြှင့်ကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ နိုဝင်ဘာလ (၂ )ရက်နေ့မှစ၍ နှစ်ရက်တာကျင်းပသည့် ပွဲတော်တွင် ရှမ်းရိုးမမီး၊ ကြယ်ပြောင်မီး၊ လွိုင်ခမ်းမီး၊ စူပါဆင့်ပွားမီး၊ ခေတ်သစ် လူငယ် မီးအဖွဲ့၊ တိုင်းလွိုင်မီး၊ ငွေကြယ်မီး၊ ကြယ်ဖြူမီးနှင့် ချယ်ရီးမီးအဖွဲ့များ ပါ၀င်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။
တန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲတွင် ချယ်ရီမီးအဖွဲ့က ပထမ၊ လွိုင်ခမ်းမီးအဖွဲ့က ဒုတိယ၊ ကြယ်ဖြူမီးအဖွဲ့က တတိယဆု အသီးသီးရရှိပြီး ကျန်အသင်း (၆)သင်းအား နှစ်သိမ့်ဆုများ ချီးမြှင့်ပေးကြောင်း သိရသည်။
ဆုချီးမြှင့်ပွဲသို့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀ဏ္ဏဇော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခတ္တိယ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးလှိုင်လင်းကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
ဆုငွေများအဖြစ် ပထဆုအား ကျပ်ဆယ်သိန်းနှင့် ဆုဖလား၊ ဒုတိယဆုအား ကျပ်ခုနှစ်သိန်းနှင့် ဆုဖလား၊ တတိယဆုအား ကျပ်လေးသိန်းနှင့် ဆုဖလား၊ နှစ်သိမ့်ဆုများအား ကျပ်တစ်သိန်းစီ အသီးသီးချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း၊ဓါတ်ပုံ #သန်းဇော်ဦး(IPRD)
