ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရႈိးၿမိဳ႕တြင္ ပထမဦးဆံုးအႀကိမ္ ျပည္သူလူထုႏွင့္အစိုးရဌာနမ်ားပူးေပါင္းၿပီး က်ပ္သိန္း (၅၂၁)ေက်ာ္ ကုန္က်သည့္ တန္ေဆာင္တုိင္မီးပံုးပ်ံပြဲအား တိုင္းရင္းသားယဥ္ေက်းမႈကြင္းတြင္ ႏိုဝင္ဘာလ (၂)ရက္ေန႔မွစ၍ ႏွစ္ရက္တာက်င္းပခဲ့ၿပီး လာမည့္ႏွစ္တြင္ မီးပံုးပ်ံၿပိဳင္ပြဲက်င္းပမည္ျဖစ္ေၾကာင္း သိရသည္။
လားရိႈးၿမိဳ႕ ေရွာင္လမ္းႏွင့္ လားရႈိး - နမၼတူ လမ္းေထာင့္ရွိ နားကြမ္းလံုေက်းရြာရွိ တိုင္းရင္းသားယဥ္ေက်းမႈကြင္းတြင္ ႏိုဝင္ဘာလ (၃)ရက္ေန႔ ညက မီးပံုးပံ်လႊတ္တင္ပြဲႏွင့္ တန္ေဆာင္တိုင္ပြဲေတာ္အား လာေရာက္လည္ပတ္သူ စည္ကားစြာျဖင့္ က်င္းပႏုိင္ခဲ့ေၾကာင္း သိရသည္။
သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
လာမည့်နှစ် လားရှိုးတန်ဆောင်တိုင်ပွဲတော်တွင် မီးပုံးပျံပြိုင်ပွဲ ထည့်သွင်းကျင်းပမည်
***********
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ပထမဦးဆုံးအကြိမ် ပြည်သူလူထုနှင့်အစိုးရဌာနများပူးပေါင်းပြီး ကျပ်သိန်း (၅၂၁)ကျော် ကုန်ကျသည့် တန်ဆောင်တိုင်မီးပုံးပျံပွဲအား တိုင်းရင်းသားယဉ်ကျေးမှုကွင်းတွင် နိုဝင်ဘာလ (၂)ရက်နေ့မှစ၍ နှစ်ရက်တာကျင်းပခဲ့ပြီး လာမည့်နှစ်တွင် မီးပုံးပျံပြိုင်ပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။
လားရှိုးမြို့ ရှောင်လမ်းနှင့် လားရှိုး - နမ္မတူ လမ်းထောင့်ရှိ နားကွမ်းလုံကျေးရွာရှိ တိုင်းရင်းသားယဉ်ကျေးမှုကွင်းတွင် နိုဝင်ဘာလ (၃)ရက်နေ့ ညက မီးပုံးပျံလွှတ်တင်ပွဲနှင့် တန်ဆောင်တိုင်ပွဲတော်အား လာရောက်လည်ပတ်သူ စည်ကားစွာဖြင့် ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။
သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်
~~~~~~ ေၾကာ္ျငာ ~~~~~~
