ႏိုဝင္ဘာလ (၉) ရက္ေန႔ နံနက္အေစာပိုင္းက အမ်ိဳးသားတစ္ဦး မိမိလည္ပင္းကို ဓါးျဖင့္ေထာက္လ်က္ ဆိုင္ကယ္ေမာင္းသြားသည္ကို လံုၿခံဳေရးေဆာင္ရြက္ေနသည့္ ရဲတပ္ဖြဲ႕ဝင္မ်ားက ျမင္ေတြ႔သျဖင့္ လိုက္လံၾကည့္ရႈရာ အဆိုပါ အမ်ိဳးသားသည္ အမွတ္(၅) ရပ္ကြက္ရွိ ႏွစ္ထပ္တရုတ္ဘံုေက်ာင္း အေပၚထပ္သို႔ တက္သြားသည္ကို ေတြ႔ရေၾကာင္း သိရသည္။
ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးတို႔က အဆိုပါအမ်ိဳးသားအား ဘံုေက်ာင္းေပၚမွ ျပန္ဆင္းလာရန္ ေဖ်ာင္းျဖေနစဥ္ ခုန္ခ်ခ့ဲျခင္းျဖစ္ေၾကာင္း လားရႈိးၿမိဳ႕မရဲစခန္းမွ သိရသည္။
“ကၽြန္ေတာ္တို႔ကိုအေၾကာင္းၾကားလာလို႔ လူနာသြားသယ္ေတာ့ အဲဒီလူကို ေမွာက္လ်က္အေနအထားနဲ႔ ပါးစပ္က ေသြးေတြထြက္ေနတာေတြ႕ရတယ္။ ဒဏ္ရာေတြက စိုးရိမ္ရတယ္။ ဘာေၾကာင့္ အဲဒီလိုလုပ္တယ္ဆိုတာေတာ့ မသိဘူး”ဟု လူနာသြားသယ္သည့္ လားရႈိးလူငယ္မ်ား လူမႈကူညီေရးအသင္းမွ စိုင္းဝသန္က တာခီ်လိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။
တိုက္ေပၚမွခုန္ခ်သူအား လားရႈိးျပည္သူ႕ေဆးရံုသို႔ ပို႔ေဆာင္ေပးထားၿပီး ၎အား လားရႈိးၿမိဳ႕မရဲစခန္းတြင္ ဥပေဒ အရ အမႈဖြင့္အေရးယူရန္ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။
သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #လားရႈိးလူငယ္မ်ား လူမႈကူညီေရးအသင္း
**************
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ရပ်ကွက်( ၅ )တွင် နိုဝင်ဘာလ ( ၉) ရက်နေ့ နံနက်ပိုင်းက တရုတ်ဘုံကျောင်းအပေါ်ထပ်မှ ခုန်ချ၍ ဒဏ်ရာရသွားသည့် အမျိုးသားတစ်ဦးအား လားရှိုးမြို့မရဲစခန်းတွင် ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
နိုဝင်ဘာလ (၉) ရက်နေ့ နံနက်အစောပိုင်းက အမျိုးသားတစ်ဦး မိမိလည်ပင်းကို ဓါးဖြင့်ထောက်လျက် ဆိုင်ကယ်မောင်းသွားသည်ကို လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များက မြင်တွေ့သဖြင့် လိုက်လံကြည့်ရှုရာ အဆိုပါ အမျိုးသားသည် အမှတ်(၅) ရပ်ကွက်ရှိ နှစ်ထပ်တရုတ်ဘုံကျောင်း အပေါ်ထပ်သို့ တက်သွားသည်ကို တွေ့ရကြောင်း သိရသည်။
ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က အဆိုပါအမျိုးသားအား ဘုံကျောင်းပေါ်မှ ပြန်ဆင်းလာရန် ဖျောင်းဖြနေစဥင်္ ခုန်ချခဲ့ခြင်းဖြစ်ကြောင်း လားရှိုးမြို့မရဲစခန်းမှ သိရသည်။
“ကျွန်တော်တို့ကိုအကြောင်းကြားလာလို့ လူနာသွားသယ်တော့ အဲဒီလူကို မှောက်လျက်အနေအထားနဲ့ ပါးစပ်က သွေးတွေထွက်နေတာတွေ့ရတယ်။ ဒဏ်ရာတွေက စိုးရိမ်ရတယ်။ ဘာကြောင့် အဲဒီလိုလုပ်တယ်ဆိုတာတော့ မသိဘူး”ဟု လူနာသွားသယ်သည့် လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းမှ စိုင်းဝသန်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။
တိုက်ပေါ်မှခုန်ချသူအား လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး ၎င်းအား လားရှိုးမြို့မရဲစခန်းတွင် ဥပဒေ အရ အမှုဖွင့်အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #လားရှိုးလူငယ်များ လူမှုကူညီရေးအသင်း
