ကရင်နီ အမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့(မော်ချီးဒေသ)၏ ငြိမ်းချမ်းရေး(၁၅)နှစ်ပြည့်အထိမ်းအမှတ် မိတ်ဆုံစားပွဲကို ကယားပြည်နယ် ဖားဆောင်းမြို့ မိုထာနှစ်ခြင်းခန်းမဆောင်တွင် နိုဝင်ဘာလ (၉)ရက်နေ့က ကျင်းပရာ ကရင်နီ အမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့(မော်ချီးဒေသ)နှင့်အတူ ပြည်နယ်အစိုးရအဖွဲ့လည်း တက်ရောက်ကြောင်း သိရသည်။
သတင်း - အင်မိုင်ခ
ဓာတ်ပုံ - ပြည်နယ်အစိုးရ
ငြိမ်းချမ်းရေး(၁၅)နှစ်ပြည့် အထိမ်းအမှတ် လက်ဆောင်အဖြစ် ရိုးရာဖားစည်အား ပြည်နယ်ဝန်ကြီးချုပ်က ကရင်နီ အမျိုးသားစည်းလုံး ညီညွတ်ရေးအဖွဲ့(မော်ချီးဒေသ)မှ တာဝန်ရှိသူထံ ပေးအပ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး၊ ပြည်နယ်အစိုးရ အဖွဲ့ရုံး၊ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။
ကရင်နီ အမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့(မော်ချီးဒေသ)သည် ၂၀၀၂ ခုနှစ် နိုဝင်ဘာလ (၉)ရက်နေ့တွင် ငြိမ်းချမ်းရေးယူခဲ့သည့်အဖွဲ့ဖြစ်ကြောင်း သိရသည်။
သတင်း - အင်မိုင်ခ
ဓာတ်ပုံ - ပြည်နယ်အစိုးရ
