ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕ စူဠာမုနိဘုရားအတက္လမ္း အေနာက္ဘက္ရွိ ေရႊရင္ေအးလမ္း တိုးခ်ဲ႕နိုင္ရန္အတြက္ တပ္ပိုင္ေျမမွ အသံုးျပဳခြင့္ေပးထားသျဖင့္ လမ္းတိုးခ်ဲ႕ရန္ႏွင့္ ၿမိဳ႕တြင္းလမ္းမ်ား ျပဳျပင္ရန္ လုပ္ေဆာင္ေနၿပီ ျဖစ္ေၾကာင္း သိရသည္။
“စူဠာမုနိဘုရားလမ္း အေနာက္ဘက္က ေရႊရင္ေအးလမ္းက တပ္ေျမနဲ႔လည္း ဆိုင္ေနတယ္ဆိုေတာ့ အဲဒီလမ္းေလးကို တပ္ကေနၿပီးေတာ့ ၿမိဳ႕တြင္းလမ္းအေနနဲ႔ အသံုးျပဳခြင့္ေပးလိုက္ပါတယ္။ ဒါေၾကာင့္ လမ္းနည္းနည္း ထပ္ခ်ဲ႕ေပးသြားမွာပါ။ နဂိုကလည္း အဲဒီလမ္းက တစ္လမ္းေမာင္းအေကြ႕နဲ႕ က်ဥ္းေနေတာ့ လမ္းနည္းနည္းခ်ဲ႕ဖို႔ သင့္ပါတယ္။ စဝ္စံထြန္းေစ်းအေနာက္ၿမိဳ႕ပတ္လမ္း(၁.၈၃) မိုင္အထိ တစ္ေလွ်ာက္လံုးလည္း ေရႏုတ္ေျမာင္းနဲ႕ ပလက္ေဖာင္းေတြကို ျပန္လည္ျပဳျပင္သြားမယ္။ အပိုင္းလိုက္ ေဆာင္ရြက္သြားမွာပါ။ လမ္းၿပီးသြားရင္ ေရေျမာင္းပလက္ေဖာင္းေတြ လုပ္သြားမွာပါ” ဟု ေတာင္ႀကီးၿမိဳ႕နယ္ စည္ပင္သာယာေရးဌာန အမႈေဆာင္အရာရွိ ဦးေအးကိုက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
အဆိုပါလမ္းတိုးခ်ဲ႕ျခင္းအျပင္ ဘုရားျဖဴရပ္ကြက္ႏွင့္ မဂၤလာဦးလမ္းမ်ားကိုလည္း ျပန္ခင္းရန္ စီစဥ္ထားၿပီး ၿမိဳ႕တြင္းလမ္းမ်ားႏွင့္ ေရစီးေရလာအေျခအေနကို ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ ဝန္ႀကီးမ်ားပါဝင္သည့္အဖြဲ႕က ႏိုဝင္ဘာလ (၈)ေန႔တြင္ လုိက္လံၾကည့္ရႈစစ္ေဆးခဲ့ေၾကာင္း သိရသည္။
“ဘုရားျဖဴရပ္ကြက္နဲ႕မဂၤလာဦးလမ္းေတြကိုလည္း ျပန္ခင္းျပန္လုပ္မယ္။ အခုက အရင္လို ကၽြန္ေတာ္တို႔ ေတြပဲ ကြင္းဆင္းစစ္ေဆးတာမဟုတ္ဘဲနဲ႕ ၀န္ႀကီးခ်ဳပ္ကိုယ္တိုင္ လမ္းတိုးခ်ဲ႕မယ့္ေနရာေတြကို လိုက္လံၾကည့္ရွဳ စစ္ေဆးတယ္။ ေရစီးေရလာ ေကာင္း/မေကာင္းလိုက္ၾကည့္တယ္။ ေနာက္ပိုင္းဆိုရင္ေတာ့ လမ္းေတြ ေရေျမာင္းေတြ ပိုၿပီးေကာင္းလာမွာပါ” ဟု ေတာင္ႀကီးၿမိဳ႕နယ္ စည္ပင္သာယာေရးဌာန အမႈေဆာင္အရာရွိ ဦးေအးကိုက ေျပာသည္။
ဘုရားျဖဴရပ္ကြက္မွ မဂၤလာဦးရပ္ကြက္အထိ ေပ(၂၀၀) ေက်ာ္ ေက်ာက္လမ္းကို ကတၱရာလမ္းအျဖစ္ ျပန္လည္ျပဳျပင္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
သတင္း #ႏိုႏို
ဓာတ္ပံု #စည္ပင္သာယာေရးဌာန
“စူဠာမုနိဘုရားလမ်း အနောက်ဘက်က ရွှေရင်အေးလမ်းက တပ်မြေနဲ့လည်း ဆိုင်နေတယ်ဆိုတော့ အဲဒီလမ်းလေးကို တပ်ကနပြေီးတော့ မြို့တွင်းလမ်းအနေနဲ့ အသုံးပြုခွင့်ပေးလိုက်ပါတယ်။ ဒါကြောင့် လမ်းနည်းနည်း ထပ်ချဲ့ပေးသွားမှာပါ။ နဂိုကလည်း အဲဒီလမ်းက တစ်လမ်းမောင်းအကွေ့နဲ့ ကျဉ်းနေတော့ လမ်းနည်းနည်းချဲ့ဖို့ သင့်ပါတယ်။ စဝ်စံထွန်းဈေးအနောက်မြို့ပတ်လမ်း(၁.၈၃) မိုင်အထိ တစ်လျှောက်လုံးလည်း ရေနုတ်မြောင်းနဲ့ ပလက်ဖောင်းတွေကို ပြန်လည်ပြုပြင်သွားမယ်။ အပိုင်းလိုက် ဆောင်ရွက်သွားမှာပါ။ လမ်းပြီးသွားရင် ရေမြောင်းပလက်ဖောင်းတွေ လုပ်သွားမှာပါ” ဟု တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအေးကိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါလမ်းတိုးချဲ့ခြင်းအပြင် ဘုရားဖြူရပ်ကွက်နှင့် မင်္ဂလာဦးလမ်းများကိုလည်း ပြန်ခင်းရန် စီစဉ်ထားပြီး မြို့တွင်းလမ်းများနှင့် ရေစီးရေလာအခြေအနေကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများပါဝင်သည့်အဖွဲ့က နိုဝင်ဘာလ (၈)နေ့တွင် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
“ဘုရားဖြူရပ်ကွက်နဲ့မင်္ဂလာဦးလမ်းတွေကိုလည်း ပြန်ခင်းပြန်လုပ်မယ်။ အခုက အရင်လို ကျွန်တော်တို့ တွေပဲ ကွင်းဆင်းစစ်ဆေးတာမဟုတ်ဘဲနဲ့ ဝန်ကြီးချုပ်ကိုယ်တိုင် လမ်းတိုးချဲ့မယ့်နေရာတွေကို လိုက်လံကြည့်ရှု စစ်ဆေးတယ်။ ရေစီးရေလာ ကောင်း/မကောင်းလိုက်ကြည့်တယ်။ နောက်ပိုင်းဆိုရင်တော့ လမ်းတွေ ရေမြောင်းတွေ ပိုပြီးကောင်းလာမှာပါ” ဟု တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအေးကိုက ပြောသည်။
ဘုရားဖြူရပ်ကွက်မှ မင်္ဂလာဦးရပ်ကွက်အထိ ပေ(၂၀၀) ကျော် ကျောက်လမ်းကို ကတ္တရာလမ်းအဖြစ် ပြန်လည်ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း #နိုနို
ဓာတ်ပုံ #စည်ပင်သာယာရေးဌာန
