ရွမ္းျပည္နယ္ (အေရွ ့ပိုင္း) က်ိဳင္းတုံၿမိဳ႕မေစ်းႀကီးအတြင္းရိွ ေခမရဌ္ေရႊဆိုင္တြင္ ႏိုဝင္ဘာလ (၁၀)ရက္ေန႔ နံနက္(၇)နာရီ၀န္းက်င္အခ်ိန္က သကၤန္းၿခံဳလာသည့္ အမ်ိဳးသားတစ္ဦးက ေရႊဆြဲႀကိဳးႏွစ္ကံုး စုစုေပါင္းအေလးခ်ိန္ (၂)က်ပ္သားကို လုယူထြက္ေျပးသြားေၾကာင္း သိရသည္။
"သကၤန္းျခံဳထားတဲ့ အမ်ိဳးသားတစ္ဦးက ေရႊဆိုင္ကေန ေရႊဆြဲႀကိဳးကို ဝယ္မလိုလိုနဲ ့ ၾကည့္ေနရင္းကေန ယူေျပးသြားတယ္လို ့သိရတယ္။ ၿပီးေတာ့ သူ႕ရဲ႕သကၤန္းကိုလည္း ေျပးေနရင္းနဲ ့ စည္ပင္ရုံးနားေရာက္တဲ့ အခ်ိန္က်မွ ခၽြတ္ၿပီးပစ္ထားခဲ့ၿပီးေတာ့ ဆိုင္ကယ္နဲ ့ ေျပးသြားတယ္လို ့ သိထားတယ္။ ျဖစ္ၿပီးၿပီးခ်င္း ကၽြန္ေတာ့္ကို လာအေၾကာင္းၾကားေတာ့ ရဲေတြဘာေတြကိုလည္း ေခၚေပးလိုက္တယ္။ သူတို ့ဆိုင္မွာလည္း CCTV တပ္ထားတယ္"ဟု က်ိဳင္းတုံၿမိဳ႕နယ္ စည္ပင္သာယာေရးဌာန ဒုတိယဦးစီးမွဴး ဦးမနာရႊိက တာခ်ီလိတ္သတင္းေအဂ်င္စီသို ့ ေျပာသည္။
အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ က်ိဳင္းတုံၿမိဳ ့မရဲစခန္းတြင္ အမႈဖြင့္ထားၿပီး ဖမ္းဆီးအေရးယူႏိုင္ရန္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။
သတင္း - ဇြဲျမတ္
"သင်္ကန်းခြုံထားတဲ့ အမျိုးသားတစ်ဦးက ရွှေဆိုင်ကနေ ရွှေဆွဲကြိုးကို ဝယ်မလိုလိုနဲ့ ကြည့်နေရင်းကနေ ယူပြေးသွားတယ်လို့သိရတယ်။ ပြီးတော့ သူ့ရဲ့သင်္ကန်းကိုလည်း ပြေးနေရင်းနဲ့ စည်ပင်ရုံးနားရောက်တဲ့ အချိန်ကျမှ ချွတ်ပြီးပစ်ထားခဲ့ပြီးတော့ ဆိုင်ကယ်နဲ့ ပြေးသွားတယ်လို့ သိထားတယ်။ ဖြစ်ပြီးပြီးချင်း ကျွန်တော့်ကို လာအကြောင်းကြားတော့ ရဲတွေဘာတွေကိုလည်း ခေါ်ပေးလိုက်တယ်။ သူတို့ဆိုင်မှာလည်း CCTV တပ်ထားတယ်"ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာန ဒုတိယဦးစီးမှူး ဦးမနာရွှိက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကျိုင်းတုံမြို့မရဲစခန်းတွင် အမှုဖွင့်ထားပြီး ဖမ်းဆီးအရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
သတင်း - ဇွဲမြတ်
