ငါးမန္းဂိမ္းခံုမ်ားဖြင့္လွစ္ၿပီး ေလာင္းကစားလုပ္ငန္းေဆာင္ရြက္ေနသည့္ တရုတ္ႏုိင္ငံသားအား ေလာင္းကစားဥပေဒ၊ ပို႔ကုန္သြင္းကုန္ ဥပေဒမ်ားျဖင့္ အမႈဖြင့္ထားရာမွ ႏိုဝင္ဘာလ (၁၅)ရက္ေန႔တြင္ လဝက ဥပေဒမ်ားျဖင့္ ထပ္မံအမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။
တ႐ုတ္နိုင္ငံသား Hou Chenfeng ငွားရမ္းေနထိုင္သည့္ မႏၱေလးၿမိဳ႕ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ေအာင္နန္းရိပ္သာ အေနာက္ရပ္ကြက္၊ (၃၂)လမ္း၊ (၈၅x၈၆)လမ္းၾကားရိွ ေနအိမ္အား ႏိုဝင္ဘာလ (၁၁)ရက္ေန႔တြင္ မႏၲေလးတိုင္းရဲတပ္ဖြဲ႕မွဴး႐ုံးမွ ရဲတပ္ဖြဲ႕ဝင္မ်ား၊ အမွတ္(၆) နယ္ေျမရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္မ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ ဝင္ေရာက္ရွာေဖြရာ ငါးမန္းဂိမ္း ေလာင္းကစားျပဳလုပ္ေနသည့္ အမ်ိဳးသား (၁၉)ဦး၊ အမ်ိဳးသမီး (၁၂)ဦးတို႔ႏွင့္အတူ တရုတ္ႏုိင္ငံသား Hou Chenfeng တို႔ကို ဖမ္းဆီးရမိေၾကာင္း သိရသည္။
အဆိုပါ ေနအိမ္မွ ငါးမန္းဂိမ္းစက္(၅)လုံး၊ ေငြသြင္းဂိမ္းစက္(၁)လုံး စုစုေပါင္းစက္(၆)လုံးႏွင့္ ဆက္စပ္ ပစၥည္းမ်ား၊ ေလာင္းေၾကးေငြ(၂,၀၂၂,၉၅၀)က်ပ္ တို႔အား ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ေလာင္းကစားျပဳလုပ္သည့္ အိမ္တြင္ ဖမ္းဆီးရမိသည့္ တရုတ္ႏုိင္ငံသား Hou Chenfeng အပါအဝင္ အမ်ိဳးသား၊ အမ်ိဳးသမီး (၃၂)ဦးအား အမွတ္(၆)နယ္ေျမရဲစခန္းတြင္ (ပ)၅၀၅/၂၀၁၇၊ ေလာင္းကစားပုဒ္မ ၁၃(က)/၁၄(က)ျဖင့္ အမႈဖြင့္ထားသည့္အျပင္ တ႐ုတ္နိုင္ငံသား Hou Chenfeng အား (ပ)၅၀၆/၂၀၁၇၊ ပို႔ကုန္/သြင္းကုန္ပုဒ္မ ၈ ႏွင့္ ႏိုဝင္ဘာလ (၁၅)ရက္ေန႔တြင္ (ပ)၅၀၉/၂၀၁၇၊ လဝကအက္ဥပေဒပုဒ္မ ၁၃(၁)တို႔ျဖင့္ ထပ္မံအမႈဖြင့္ စစ္ေဆးေနေၾကာင္း သိရသည္။
သတင္း - နန္းဟြမ္ခမ္း
တရုတ်နိုင်ငံသား Hou Chenfeng ငှါးရမ်းနေထိုင်သည့် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာ အနောက်ရပ်ကွက်၊ (၃၂)လမ်း၊ (၈၅x၈၆)လမ်းကြားရှိ နေအိမ်အား နိုဝင်ဘာလ (၁၁)ရက်နေ့တွင် မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၆) နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်ရှာဖွေရာ ငါးမန်းဂိမ်း လောင်းကစားပြုလုပ်နေသည့် အမျိုးသား (၁၉)ဦး၊ အမျိုးသမီး (၁၂)ဦးတို့နှင့်အတူ တရုတ်နိုင်ငံသား Hou Chenfeng တို့ကို ဖမ်းဆီးရမိကြောင်း သိရသည်။
အဆိုပါ နေအိမ်မှ ငါးမန်းဂိမ်းစက်(၅)လုံး၊ ငွေသွင်းဂိမ်းစက်(၁)လုံး စုစုပေါင်းစက်(၆)လုံးနှင့် ဆက်စပ် ပစ္စည်းများ၊ လောင်းကြေးငွေ(၂,ဝ၂၂,၉၅၀)ကျပ် တို့အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လောင်းကစားပြုလုပ်သည့် အိမ်တွင် ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား Hou Chenfeng အပါအဝင် အမျိုးသား၊ အမျိုးသမီး (၃၂)ဦးအား အမှတ်(၆)နယ်မြေရဲစခန်းတွင် (ပ)၅၀၅/၂၀၁၇၊ လောင်းကစားပုဒ်မ ၁၃(က)/၁၄(က)ဖြင့် အမှုဖွင့်ထားသည့်အပြင် တရုတ်နိုင်ငံသား Hou Chenfeng အား (ပ)၅၀၆/၂၀၁၇၊ ပို့ကုန်/သွင်းကုန်ပုဒ်မ ၈ နှင့် နိုဝင်ဘာလ (၁၅)ရက်နေ့တွင် (ပ)၅၀၉/၂၀၁၇၊ လဝကအက်ဥပဒေပုဒ်မ ၁၃(၁)တို့ဖြင့် ထပ်မံအမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။
သတင်း - နန်းဟွမ်ခမ်း
