၂၀၁၇ခုနှစ် နိုဝင်ဘာလ(၁၁)ရက်နေ့ ညနေ(၃)နာရီဝန်းကျင်အချိန်က ဘ၀နတ်ထံပျံလွန်တော်မူသွားသည့် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်မှ သာသနာ့ဝေပုလ္လ လွမ်းမိုးတောရကျောင်းတိုက်၊ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တအာစရ၏ ဥတုဇ ရုပ်ကလာပ်တော်အား နောက်ဆုံး ပူဇော်ခံထားသည့် ကာလအတွင်း ကုန်ကျမည့် ငွေကြေးများအတွက် အလှူရှင်များ လိုအပ်နေလျက်ရှိကြောင်း သိရသည်။
အဆိုပါ လိုအပ်ချက်များနှင့် ပတ်သက်၍ မည်သူမဆို လှူဒါန်းလိုပါက သာသနာ့ဝေပုလ္လ လွမ်းမိုးတောရကျောင်းတိုက်သို့ လာရောက်၍ဖြစ်စေ မြန်မာဖုန်း (ဦးခင်မောင်တင့် ) 09458033337 ၊ 09254966883 နှင့် (မ၀ါ) 095242270 သို့လည်း ဆက်သွယ်၍ဖြစ်စေ လှူဒါန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
သာသနာ့ဝေပုလ္လ လွမ်းမိုးတောရကျောင်းတိုက်၊ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တအာစရ၏ ကြွင်းကျန်ရစ်သော ဥတုဇ ရုပ်ကလာပ်တော်ကို အန္တိမအဂ္ဂိဈာပန အခမ်းအနားဖြင့် ၂၀၁၇ခုနှစ် ဒီဇင်ဘာလ(၃)ရက်နေ့ နေ့လယ်(၁)နာရီအချိန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါ နေ့တွင် ဧည့်ခံကျွေးမွေးလှူဒါန်းမှုများအတွက် စုစုပေါင်း ဘတ်(၅)သိန်းဝန်းကျင် ကုန်ကျနိုင်မည်ဖြစ်သည့်အတွက် အလှူရှင်များလိုအပ်နေလျက်ရှိကြောင်း သိရသည်။
ဓါတ်ပုံ - ဇွဲမြတ်
"ဆရာတော်ရဲ့ ဈာပနအတွက် ပင့်ဖိတ်ထားတဲ့ ဆရာတော်တွေလည်းရှိတယ်။ တစ်ရက်တစ်ရက်အတွက် နံနက်ဆွမ်းကုန်ကျမှုက ဘတ်(၄၀၀၀)၊ နေ့ဆွမ်းကုန်ကျမှုက ဘတ်(၁၂၀၀၀)သတ်မှတ်ထားပါတယ်။ မည်သူမဆို ပါဝင်လှူဒါန်းနိုင်ပါတယ်။ ဒီနေ့ကစပြီး ဒီဇင်ဘာလ(၄)ရက်နေ့အထိ အလှူရှင်များ လိုအပ်နေပါတယ်"ဟု ဈာပနပွဲကျင်းပရေးကော်မတီဥက္ကဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောသည်။
အဆိုပါ လိုအပ်ချက်များနှင့် ပတ်သက်၍ မည်သူမဆို လှူဒါန်းလိုပါက သာသနော့ဝပုလ္လ လွမ်းမိုးတောရကျောင်းတိုက်သို့ လာရောက်၍ဖြစ်စေ မြန်မာဖုန်း (ဦးခင်မောင်တင့် ) 09458033337၊ 09254966883 နှင့် (မဝါ) 095242270 သို့လည်း ဆက်သွယ်၍ဖြစ်စေ လှူဒါန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
သာသနော့ဝပုလ္လ လွမ်းမိုးတောရကျောင်းတိုက်၊ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တအာစရ၏ ကြွင်းကျန်ရစ်သော ဥတုဇ ရုပ်ကလာပ်တော်ကို အန္တိမအဂ္ဂိဈာပန အခမ်းအနားဖြင့် ၂၀၁၇ခုနှစ် ဒီဇင်ဘာလ(၃)ရက်နေ့ နေ့လယ်(၁)နာရီအချိန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါ နေ့တွင် ဧည့်ခံကျွေးမွေးလှူဒါန်းမှုများအတွက် စုစုပေါင်း ဘတ်(၅)သိန်းဝန်းကျင် ကုန်ကျနိုင်မည်ဖြစ်သည့်အတွက် အလှူရှင်များလိုအပ်နေလျက်ရှိကြောင်း သိရသည်။
ဈာပနပွဲကျင်းပရေးကော်မတီမှ တာချီလိတ်နေ ပြည်သူများ ပါဝင်လှူဒါန်းနိုင်ရန်အတွက် တာချီလိတ်မြို့ ရှမ်းရိုးမကွင်းရှေ့တွင် အလှူခံဌာနဖွင့်လှစ်၍ ကောက်ခံသွားရန်လည်း စီစဉ်ထားရှိကြောင်း သိရသည်။
ဓာတ်ပုံ - ဇွဲမြတ်
