ျပည္နယ္ဝန္ႀကီးခ်ဳပ္ဖလား အသက္ (၂၀)ႏွစ္ေအာက္ ၿမိဳ႕နယ္ေပါင္းစံုအားကစားၿပိဳင္ပြဲအား ၂၀၁၆ ခုႏွစ္က ရွမ္းျပည္နယ္အေရွ႕ပုိင္းေဒသအတြက္ က်ိဳင္းတံုၿမိဳ႕တြင္ က်င္းပခဲ့ျခင္းျဖစ္ၿပီး ၂၀၁၇ ခုနွစ္တြင္ တာခ်ီလိတ္ၿမိဳ႕၌ က်င္းပရန္ ေရြးခ်ယ္ထားျခင္းျဖစ္ေၾကာင္း သိရသည္။
“ျပည္နယ္ဝန္ႀကီးခ်ဳပ္ဖလား အသက္ (၂၀)ႏွစ္ေအာက္ ၿမိဳ႕နယ္ေပါင္းစံုအားကစားၿပိဳင္ပြဲေတြကိုေတာ့ ရွမ္းေတာင္၊ ရွမ္းေျမာက္နဲ႔ ရွမ္းေရွ႕အတြက္ စီမံခ်က္ဆြဲထားၿပီးပါၿပီ။ ရွမ္းျပည္နယ္အေရွ႕ပိုင္းမွာေတာ့ ဒီႏွစ္က တာခ်ီလိတ္မွာ အလွည့္က် က်င္းပမွာျဖစ္ပါတယ္”ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႔ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ဖလား အသက္(၂၀)ႏွစ္ေအာက္ ၿမိဳ႕နယ္ေပါင္းစံုအားကစားၿပိဳင္ပြဲမ်ားအား ၂၀၁၇ ခုနွစ္တြင္ တာခ်ီလိတ္၊ လားရိႈးႏွင့္ ေတာင္ႀကီးၿမိဳ႕မ်ားတြင္ ဒီဇင္ဘာလ (၁၆)ရက္မွစ၍ က်င္းပ သြားမည္ျဖစ္ေၾကာင္း သိရသည္။
ရွမ္းျပည္နယ္အေရွ႕ပိုင္းရိွၿမိဳ႕နယ္ေပါင္းစံုမွ ပါဝင္ယွဥ္ၿပိဳင္ႏုိင္မည့္ အဆိုပါအားကစားၿပိဳင္ပြဲအား တာခ်ီလိတ္ၿမိဳ႕တြင္ ဒီဇင္ဘာလ (၁၆)ရက္ေန႔မွ (၂၂)ေန႔အထိက်င္းပမည္ျဖစ္ၿပီး မီနီမာရသြန္၊ ပိုက္ေက်ာ္ျခင္း၊ ေျပးခုန္ပစ္၊ ၾကက္ေတာင္၊ အမ်ိဳးသားေဘာလံုးႏွင့္ စားပြဲတင္တင္းနစ္ အားကစားနည္း (၆)မ်ိဳး ထည့္သြင္းထားေၾကာင္း သိရသည္။
ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရိႈးၿမိဳ႕တြင္ ဒီဇင္ဘာလ (၂၄)ရက္ေန႔မွ ဒီဇင္ဘာလ(၃၀)ရက္ေန႔အထိ က်င္းပမည့္ အဆိုပါအားကစားၿပိဳင္ပြဲတြင္ မီနီမာရသြန္၊ ပိုက္ေက်ာ္ျခင္း၊ ေျပးခုန္ပစ္၊ စစ္တုရင္၊ အမ်ိဳးသားေဘာလံုးႏွင့္ အမ်ိဳးသား၊ အမ်ိဳးသမီး ဘတ္စကစ္ေဘာၿပိဳင္ပြဲမ်ား ထည့္သြင္းထားေၾကာင္း သိရသည္။
ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕တြင္ ၂၀၁၇ခုႏွစ္ ဒီဇင္ဘာလ (၃၀)ရက္ေန႔မွ ၂၀၁၈ခုႏွစ္ ဇန္န၀ါရီလ(၂)ရက္ေန႔အထိ က်င္းပသြားမည့္ ပိုက္ေက်ာ္ျခင္း၊ ေျပးခုန္ပစ္၊ အမ်ိဳးသား စားပြဲတင္တင္းနစ္၊ အမ်ိဳးသား ေဘာ္လီေဘာ၊ မီနီမာရသြန္၊ တုိက္ကြမ္ဒို၊ ကရာေတးႏွင့္ ျမန္မာ့သိုင္းၿပိဳင္ပြဲမ်ား ထည့္သြင္းထားေၾကာင္း သိရသည္။
ျပည္နယ္အစိုးရက ဦးစီးၿပီး လားရိႈး၊ က်ိဳင္းတံုႏွင့္ ေတာင္ႀကီးၿမိဳ႕မ်ားတြင္ ႏွစ္စဥ္အလွည့္က် က်င္းပေနသည့္ ကေမၻာဇဖလားေဂါက္သီးရိုက္ၿပိဳင္ပြဲအား ၂၀၁၇ ခုနွစ္တြင္ ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတံုၿမိဳ႕၌ ဒီဇင္ဘာလ (၁၄)ရက္ေန႔မွ (၁၇)ရက္ေန႔အထိ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။
ျပည္နယ္အစိုးရက ရွမ္းျပည္နယ္အတြင္း ၿမိဳ႕နယ္တိုင္းတြင္ က်င္းပမည့္ ဒီဇင္ဘာ လူထု လမ္းေလွ်ာက္ပြဲကိုလည္း ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလ၏ တနဂၤေႏြေန႔တိုင္းတြင္ က်င္းပသြားရန္ စီစဥ္ထားေၾကာင္း သိရသည္။
သတင္း #နန္းဟြမ္ခမ္း
ဓါတ္ပံု - ခရိုင္ ေထြ/အုပ္
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ အားကစားပြိုင်ပွဲများတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဖလား အသက်(၂၀)နှစ်အောက် မြို့နယ်ပေါင်းစုံအားကစားပြိုင်ပွဲကို ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ကမ္ဘောဇဖလားဂေါက်သီးရိုက်ပြိုင်ပွဲအား ကျိုင်းတုံမြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၂၀)နှစ်အောက် မြို့နယ်ပေါင်းစုံအားကစားပြိုင်ပွဲအား ၂၀၁၆ ခုနှစ်က ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွက် ကျိုင်းတုံမြို့တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင်
တာချီလိတ်မြို့၌ ကျင်းပရန် ရွေးချယ်ထားခြင်းဖြစ်ကြောင်း သိရသည်။
“ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၂၀)နှစ်အောက် မြို့နယ်ပေါင်းစုံအားကစားပြိုင်ပွဲတွေကိုတော့ ရှမ်းတောင်၊ ရှမ်းမြောက်နဲ့ ရှမ်းရှေ့အတွက် စီမံချက်ဆွဲထားပြီးပါပြီ။ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာတော့ ဒီနှစ်က တာချီလိတ်မှာ အလှည့်ကျ ကျင်းပမှာဖြစ်ပါတယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၀)နှစ်အောက် မြို့နယ်ပေါင်းစုံအားကစားပြိုင်ပွဲများအား ၂၀၁၇ ခုနှစ်တွင် တာချီလိတ်၊ လားရှိုးနှင့် တောင်ကြီးမြို့များတွင် ဒီဇင်ဘာလ (၁၆)ရက်မှစ၍ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းရှိမြို့နယ်ပေါင်းစုံမှ ပါဝင်ယှဉ်ပြိုင်နိုင်မည့် အဆိုပါအားကစားပြိုင်ပွဲအား တာချီလိတ်မြို့တွင် ဒီဇင်ဘာလ (၁၆)ရက်နေ့မှ (၂၂)နေ့အထိကျင်းပမည်ဖြစ်ပြီး မီနီမာရသွန်၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ အမျိုးသားဘောလုံးနှင့် စားပွဲတင်တင်းနစ် အားကစားနည်း (၆)မျိုး ထည့်သွင်းထားကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ဒီဇင်ဘာလ (၂၄)ရက်နေ့မှ ဒီဇင်ဘာလ(၃၀)ရက်နေ့အထိ ကျင်းပမည့် အဆိုပါအားကစားပြိုင်ပွဲတွင် မီနီမာရသွန်၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ စစ်တုရင်၊ အမျိုးသားဘောလုံးနှင့် အမျိုးသား၊ အမျိုးသမီး ဘတ်စကစ်ဘောပြိုင်ပွဲများ ထည့်သွင်းထားကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ၂၀၁၇ခုနှစ် ဒီဇင်ဘာလ (၃၀)ရက်နေ့မှ ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၂)ရက်နေ့အထိ ကျင်းပသွားမည့် ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ အမျိုးသား စားပွဲတင်တင်းနစ်၊ အမျိုးသား ဘော်လီဘော၊ မီနီမာရသွန်၊ တိုက်ကွမ်ဒို၊ ကရာတေးနှင့် မြန်မာ့သိုင်းပြိုင်ပွဲများ ထည့်သွင်းထားကြောင်း သိရသည်။
ပြည်နယ်အစိုးရက ဦးစီးပြီး လားရှိုး၊ ကျိုင်းတုံနှင့် တောင်ကြီးမြို့များတွင် နှစ်စဉ်အလှည့်ကျ ကျင်းပနေသည့် ကမ္ဘောဇဖလားဂေါက်သီးရိုက်ပြိုင်ပွဲအား ၂၀၁၇ ခုနှစ်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့၌ ဒီဇင်ဘာလ (၁၄)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်အစိုးရက ရှမ်းပြည်နယ်အတွင်း မြို့နယ်တိုင်းတွင် ကျင်းပမည့် ဒီဇင်ဘာ လူထု လမ်းလျှောက်ပွဲကိုလည်း ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ၏ တနင်္ဂေနွနေ့တိုင်းတွင် ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။
သတင်း #နန်းဟွမ်ခမ်း
ဓာတ်ပုံ - ခရိုင် ထွေ/အုပ်