ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယုမြို့ရှိ ပြည်သူ့ဆေးရုံတွင် မွေးစမှ တစ်နှစ်ခွဲအရွယ် ကလေးငယ် (၄၀)ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်(၁၀)ဦးတို့အား မတ်လ (၅)ရက်နေ့ နံနက်က ကာကွယ်ဆေးထိုးပေးကြောင်း သိရသည်။
ဝမ်တာကြန့်ကျေးလက်ကျန်းမာရေးဌာနခွဲမှ သားဖွားဆရာမ ဒေါ်ဖြူဖြူဝင်းနှင့်အဖွဲ့သည် ပြည်သူ့ဆေးရုံ၌ ဘီစီဂျီ၊ ပိုလီယို အကြောသေ၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ ဝက်သက်ကာကွယ်ဆေးများနှင့် မေးခိုင် ကာကွယ်ဆေးများ ထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးလုပ်ငန်းများအား ပြည်သူ့ဆေးရုံတွင် လစဉ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ကိုနိုင်(Myu)
