KNPP က NCA လက်မှတ်ရေးထိုးရန် ဆက်လက်ကြိုးပမ်းသွားမည်

KNPP က NCA လက်မှတ်ရေးထိုးရန် ဆက်လက်ကြိုးပမ်းသွားမည်
ဧပွီ 27, 2018
By Tachileik News Agency

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် နှစ်ရက်တာ ဆွေးနွေးပြီးနောက် ငြိမ်းချမ်းရေးကော်မရှင်နှင့် KNPP တို့က ဧပြီလ (၂၇) ရက်နေ့ နေ့လယ်ပိုင်းတွင် ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ရာ KNPP အနေဖြင့် NCA တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ဆက်လက်ကြိုးပမ်းသွားရန် သဘောတူကြောင်း အဆိုပါ ကြေညာချက်တွင် ဖေါ်ပြထားသည်။

"ကျွန်တော်တို့ အနေနဲ့ ပြည်နယ်မှာ စစ်မှန်တဲ့ တည်ငြိမ်အေးချမ်းမှုကို တည်ဆောက်ပြီးမှတစ်ဆင့်၊ ငြိမ်းချမ်းရေးအတွက် အဖြေရှာပြီး  လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားတဲ့ အခြားတိုင်းရင်းသား ဒေသတွေမှာလည်း စစ်ပွဲတွေကို လျော့ချပြီး အပြန်အလှန်ယုံကြည်မှုတည်ဆေက်ကာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုတည်ဆောက်ပြီးမှ တစ်ဆင့်၊ ဖက်ဒရယ်ပြည်ထောင်စု ကြီးကို တည်ဆောက်နိုင်ဖို့ ဝိုင်းဝန်းကြိုးပမ်းပေးကြပါလို့ ကျွန်တော့်အနေနဲ့ အလေးအနက်တိုက်တွန်းချင်ပါတယ်" ဟု KNPP ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဗိုလ်ချုပ်ဘီထူးက တွေ့ဆုံဆွေးနွေးပွဲ ပထမနေ့တွင် ပြောကြားခဲ့သည်။

နှစ်ဖက်အဖွဲ့တို့က ဧပြီလ (၂၆) ရက်နေ့နှင့် (၂၇) ရက်နေ့များတွင် ဆွေးနွေးခဲ့ရာ၌ Local Monitoring Team & JMC ကိစ္စ၊ နှစ်ဖက်တပ်ဖွဲ့များသွားလာမှု၊ ဆက်သွယ်မှု၊ ပြည်နယ်အဆင့်တွင် ညှိနှိုင်းရေးကိစ္စ၊ ပြည်နယ်အစိုးရနှင့် KNPP တို့အကြားနှစ်ဖက် သဘောတူထားသည့်အတိုင်း ပုံမှန်တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ရန် ၊ ပြည်နယ်နှင့် ပြည်ထောင်စုအဆင့်တွင် ဆက်ဆံရေးတာဝန်ခံများ ပြည်လည် ထားရှိရန် ၊ ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် တို့တွင် နှစ်ဖက်သဘောတူထားသော ဆက်ဆံရေး လမ်းကြောင်းများမှတစ်ဆင့် ဆောင်ရွက်ရန် နှင့်တပ်ပိုင်းဆိုင်ရာ ကိစ္စများအား ဆွေးနွေးခဲ့ပြီး KNPP အနေဖြင့် NCA တွင်ပါဝင်လက်မှတ်ရေး ထိုးနိုင်ရေး ဆက်လက်ကြိုးပမ်းသွားရန် သဘောတူကြောင်း နှစ်ဖက် ပူးတွဲထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။



~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် နှစ်ရက်တာ ဆွေးနွေးပြီးနောက် ငြိမ်းချမ်းရေးကော်မရှင်နှင့် KNPP တို့က ဧပြီလ (၂၇) ရက်နေ့ နေ့လယ်ပိုင်းတွင် ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ရာ KNPP အနဖြေင့် NCA တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ဆက်လက်ကြိုးပမ်းသွားရန် သဘောတူကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

"ကျွန်တော်တို့ အနေနဲ့ ပြည်နယ်မှာ စစ်မှန်တဲ့ တည်ငြိမ်အေးချမ်းမှုကို တည်ဆောက်ပြီးမှတစ်ဆင့်၊ ငြိမ်းချမ်းရေးအတွက် အဖြေရှာပြီး လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားတဲ့ အခြားတိုင်းရင်းသား ဒေသတွေမှာလည်း စစ်ပွဲတွေကို လျော့ချပြီး အပြန်အလှန်ယုံကြည်မှုတည်ဆေက်ကာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုတည်ဆောက်ပြီးမှ တစ်ဆင့်၊ ဖက်ဒရယ်ပြည်ထောင်စု ကြီးကို တည်ဆောက်နို်င်ဖို့ ဝိုင်းဝန်းကြိုးပမ်းပေးကြပါလို့ ကျွန်တော့်အနေနဲ့ အလေးအနက်တိုက်တွန်းချင်ပါတယ်" ဟု KNPP ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဗိုလ်ချုပ်ဘီထူးက တွေ့ဆုံဆွေးနွေးပွဲ ပထမနေ့တွင် ပြောကြားခဲ့သည်။

နှစ်ဖက်အဖွဲ့တို့က ဧပြီလ (၂၆) ရက်နေ့နှင့် (၂၇) ရက်နေ့များတွင် ဆွေးနွေးခဲ့ရာ၌ Local Monitoring Team & JMC ကိစ္စ၊ နှစ်ဖက်တပ်ဖွဲ့များသွားလာမှု၊ ဆက်သွယ်မှု၊ ပြည်နယ်အဆင့်တွင် ညှိနှိုင်းရေးကိစ္စ၊ ပြည်နယ်အစိုးရနှင့် KNPP တို့အကြားနှစ်ဖက် သဘောတူထားသည့်အတိုင်း ပုံမှန်တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ရန်၊ ပြည်နယ်နှင့် ပြည်ထောင်စုအဆင့်တွင် ဆက်ဆံရေးတာဝန်ခံများ ပြည်လည် ထားရှိရန်၊ ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် တို့တွင် နှစ်ဖက်သဘောတူထားသော ဆက်ဆံရေး လမ်းကြောင်းများမှတစ်ဆင့် ဆောင်ရွက်ရန် နှင့်တပ်ပိုင်းဆိုင်ရာ ကိစ္စများအား ဆွေးနွေးခဲ့ပြီး KNPP အနဖြေင့် NCA တွင်ပါဝင်လက်မှတ်ရေး ထိုးနိုင်ရေး ဆက်လက်ကြိုးပမ်းသွားရန် သဘောတူကြောင်း နှစ်ဖက် ပူးတွဲထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း 

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~