တာခ်ီလိတ္၌ ဒုတိယတန္းသင္႐ိုးသစ္ ေက်ာင္းအုပ္စုအဆင့္ ေဆြးေႏြးပြဲစတင္

တာခ်ီလိတ္၌ ဒုတိယတန္းသင္႐ိုးသစ္ ေက်ာင္းအုပ္စုအဆင့္ ေဆြးေႏြးပြဲစတင္
မေ 8, 2018
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမဳိ႕တြင္ ၂၀၁၈ -၂၀၁၉ ပညာသင္ႏွစ္ ဒုတိယတန္းသင္႐ိုးသစ္ ေက်ာင္းအုပ္စု အဆင့္ ေဆြးေႏြးပြဲကို ေမလ (၈) ရက္ေန႔ နံနက္ (၉) နာရီက မကာဟုိခမ္းရပ္ကြက္ရွိ အေျခခံပညာအထက္တန္းေက်ာင္း(တာခ်ီလိတ္)ခန္းမ၌ က်င္းပေၾကာင္း သိရသည္။

အဆိုပါ ေဆြးေႏြးပြဲသို႔ ၿမဳိ႕နယ္အတြင္းရွိ အေျခခံပညာအထက္တန္း၊ အလယ္တန္း၊ မူလတန္းေက်ာင္းမ်ားမွ မူလတန္းျပ ဆရာ၊ ဆရာမမ်ား၊ ကုိယ္ပုိင္အထက္တန္းေက်ာင္းႏွင့္ မူလတန္းေက်ာင္းမ်ားမွ ဆရာ၊ ဆရာမမ်ား၊ ဘုန္းေတာ္ႀကီးသင္ စာသင္ေက်ာင္းမ်ားႏွင့္ ရပ္ရြာမ်ားမွ လူထုခန္႔ ဆရာ၊ ဆရာမမ်ား၊ ေလ့လာသူမ်ား တက္ေရာက္ခဲ့ၾကၿပီး  ဒုတိယတန္းသင္ရိုးသစ္ ဘာသာရပ္ (၁၀) မ်ိဳးကို ေမလ(၂၃) ရက္ေန႔အထိ ေဆြးေႏြး ပို႔ခ်မည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ သင္တန္းဖြင့္ပြဲသို႔ ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ ဦးေဌး၀င္း၊ အေျခခံပညာ အထက္တန္းေက်ာင္း(တာခ်ီလိတ္)မွ ေက်ာင္းအုပ္ဆရာႀကီး ဦးေအးသိန္းႏွင့္ သင္တန္းသား ဆရာ၊ဆရာမမ်ား တက္ေရာက္ၾကေၾကာင္း သိရွိရသည္။

သတင္း/ဓါတ္ပံု - ေ၀ယံလင္း




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၈ -၂၀၁၉ ပညာသင်နှစ် ဒုတိယတန်းသင်ရိုးသစ် ကျောင်းအုပ်စု အဆင့် ဆွေးနွေးပွဲကို မေလ (၈) ရက်နေ့ နံနက် (၉) နာရီက မကာဟိုခမ်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)ခန်းမ၌ ကျင်းပကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ မူလတန်းပြ ဆရာ၊ ဆရာမများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် မူလတန်းကျောင်းများမှ ဆရာ၊ ဆရာမများ၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်းများနှင့် ရပ်ရွာများမှ လူထုခန့် ဆရာ၊ ဆရာမများ၊ လေ့လာသူများ တက်ရောက်ခဲ့ကြပြီး ဒုတိယတန်းသင်ရိုးသစ် ဘာသာရပ် (၁၀) မျိုးကို မေလ(၂၃) ရက်နေ့အထိ ဆွေးနွေး ပို့ချမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ အခြေခံပညာ အထက်တန်းကျောင်း(တာချီလိတ်)မှ ကျောင်းအုပ်ဆရာကြီး ဦးအေးသိန်းနှင့် သင်တန်းသား ဆရာ၊ဆရာမများ တက်ရောက်ကြကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ -ေဝယံလင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~