တာချီလိတ်ရှိ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)တွင် ဒုတိယတန်း သင်ရိုးသစ်သင်တန်းသို့ တက်ရောက် နေသည့် ဆရာ/မများအား ယာဉ်/လမ်းစည်းကမ်း သိရှိနားလည်စေရန် နှင့် ကျောင်းသား/သူများအား ပြန်လည်၍ အသိပေးနိုင်ရန် အတွက် တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့က အသိပညာပေးမှု အဖြစ် ၂၀၁၈ခုနှစ် မေလ(၁၇)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် အမှတ်(၁၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တာချီလိတ်မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးဇော်မင်းသိန်းမှ အသိပညာပေးဟောပြောပြီး၊ တပ်ဖွဲ့စုမှူး နှင့် တပ်ဖွဲ့ဝင်များက တက်ရောက်လာသည့် ဆရာ/မများအား ယာဉ်/လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် အမှတ်(၁၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တာချီလိတ်မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးဇော်မင်းသိန်းမှ အသိပညာပေးဟောပြောပြီး၊ တပ်ဖွဲ့စုမှူး နှင့် တပ်ဖွဲ့ဝင်များက တက်ရောက်လာသည့် ဆရာ/မများအား ယာဉ်/လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များကို ဖြနေ့်ဝခဲ့ကြကြောင်း သိရသည်။
ဓာတ်ပုံ - အောင်ကျော်ဝင်းစိန်