တာချီလိတ်မြို့တွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဖလား အလွတ်တန်းပိုက်ကျော်ခြင်း ပြိုင်ပွဲအား ကျင်းပပြုလုပ်မည်ဖြစ်သည့်အတွက် ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် မေလ(၁၈)ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲအား ၂၀၁၈ခုနှစ် မေလ(၂၉)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့ အထိ ကျင်းပပြုလုပ်မည်ဖြစ်သည့်အတွက် နောက်ဆုံး စာရင်းပေးသွင်းရမည့် ရက်အား မေလ(၂၈)ရက်နေ့အထိ သတ်မှတ်ထားရှိပြီး တာချီလိတ်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံးတွင် စာရင်းပေးသွင်းနိုင်မည်ဖြစ်ပြီး ဖုန်း - 09250841141 နှင့် 09402625263 သို့လည်း ဆက်သွယ်၍ မေးမြန်းနိုင်ကြောင်း သိရှိရသည်။