ကယားျပည္နယ္ လႊတ္ေတာ္အေဆာက္အဦးသစ္အား ၂၀၁၈ ခုႏွစ္ ေမလ (၁၉)ရက္ေန႔ နံနက္ပိုင္းတြင္ ဖြင့္လွစ္ခဲ့ၿပီး အမ်ိဳးသားလႊတ္ေတာ္ ဥကၠဌ မန္းဝင္းခိုင္သန္း၊ ျပည္သူ႔လႊတ္ေတာ္ ဒုတိယဥကၠဌ၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ ဝန္ႀကီးမ်ား၊ ျပည္နယ္ႏွင့္တိုင္းေဒသႀကီးမွလႊတ္ေတာ္ ဥကၠဌမ်ား တတ္ေရာက္ခဲ့ဲၾကေၾကာင္း သိရသည္။
ျပည္သူအမ်ားစု လိုလားေတာင္းတလွ်က္႐ွိေသာ ဖက္ဒရယ္ဒီမိုကေရစီ ႏိုင္ငံေတာ္ေပၚေပါက္လာႏိုင္ေရး ၊ ေဒသခံျပည္သူလူထု၏ လိုလားခ်က္မ်ား ၊ေတာင္းဆိုခ်က္မ်ားအား ျဖည့္ဆည္းေပးႏိုင္ေရးအတြက္ လႊတ္ေတာ္ကိုယ္စာလွယ္မ်ားေဆာင္ရြက္ရမည့္ ေအာက္ေျခထိကြင္းဆင္း၍ ေမးခြန္းမ်ား အဆိုမ်ား တင္သြင္းၿပီး ဥပေဒမ်ားျပဌာန္း၍ တာဝန္ေက်စြာ လုပ္ေဆာင္ေပးၾကရန္ အမ်ိဳးသားလႊတ္ေတာ္ ဥကၠဌ မန္းဝင္းခိုင္သန္း က လႊတ္ေတာ္အေဆာက္အဦးသစ္ဖြင့္ပြဲတြင္ ေျပာၾကားလုိက္သည္။
ကယားျပည္နယ္ လႊတ္ေတာ္အေဆာက္အဦးအား ၂၀၁၇-၂၀၁၈ဘ႑ာေရးႏွစ္အတြင္း တည္ေဆာက္ခဲ့ျခင္း ျဖစ္ၿပီး လႊတ္ေတာ္႐ုံး အေဆာက္အဦးအတြက္ (၁၆၃၁.၄၆၀)သန္း ၊ ဧည့္တည္းခိုေဆာင္မ်ားအတြက္ (၁၇၃.၂၈၀)သန္း ၊ စားေသာက္ခန္း(canteen) အတြက္ (၁၀၉.၄၂၀)သန္း၊ ဟစ္တိုင္ႏွင့္ ဟစ္တိုင္ျခံစည္း ႐ုိးအတြက္ (၁၉.၀၀)သန္း တို႔ ကုန္က်ခဲ့ၿပီး တင္ဒါေအာင္ျမင္ခဲ့ေသာ ဧရာျမတ္ျပည္ကုမၸဏီမွ တာဝန္ယူ တည္ေဆာက္ခဲ့ျခင္း ျဖစ္သည္။
သတင္း/ဓါတ္ပံု - ဆန္းၿဖိဳးထြန္း
ပြည်သူအများစု လိုလားတောင်းတလျှက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ပေါ်ပေါက်လာနိုင်ရေး၊ ဒေသခံပြည်သူလူထု၏ လိုလားချက်များ၊တောင်းဆိုချက်များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် လွှတ်တော်ကိုယ်စာလှယ်များဆောင်ရွက်ရမည့် အောက်ခြေထိကွင်းဆင်း၍ မေးခွန်းများ အဆိုများ တင်သွင်းပြီး ဥပဒေများပြဌာန်း၍ တာဝန်ကျေစွာ လုပ်ဆောင်ပေးကြရန် အမျိုးသားလွှတ်တော် ဥက္ကဌ မန်းဝင်းခိုင်သန်း က လွှတ်တော်အဆောက်အဦးသစ်ဖွင့်ပွဲတွင် ပြောကြားလိုက်သည်။
ကယားပြည်နယ် လွှတ်တော်အဆောက်အဦးအား ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး လွှတ်တော်ရုံး အဆောက်အဦးအတွက် (၁၆၃၁.၄၆၀)သန်း၊ ဧည့်တည်းခိုဆောင်များအတွက် (၁၇၃.၂၈၀)သန်း၊ စားသောက်ခန်း(canteen) အတွက် (၁၀၉.၄၂၀)သန်း၊ ဟစ်တိုင်နှင့် ဟစ်တိုင်ခြံစည်း ရိုးအတွက် (၁၉.ဝဝ)သန်း တို့ ကုန်ကျခဲ့ပြီး တင်ဒါအောင်မြင်ခဲ့သော ဧရာမြတ်ပြည်ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း