ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရွိ ေအာင္ျမတ္ခန္းမႏွင့္ မိုင္းကိုးေက်းရြာအုပ္စုတို႔တြင္ ရွမ္းစာေပေဟာေျပာပြဲမ်ားကို တာခ်ီလိတ္ၿမိဳ႕နယ္ ရွမ္းစာေပႏွင့္ယဥ္ေက်းမႈအသင္းက ၂၀၁၈ ခုႏွစ္ ဇြန္လ(၂၃)ရက္ေန႔ႏွင့္ (၂၄)ရက္ေန႔မ်ားတြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။
“ကြ်န္ေတာ္တို႔ အသင္းအေနနဲ႔ ႏွစ္တိုင္းမဟုတ္ေပမဲ့ အလ်ဥ္းသင့္သလို ရွမ္းစာေပေဟာေျပာပြဲေတြ က်င္းပေပးေနတာပါ။ ၂၀၁၆ ခုႏွစ္ကလည္း က်င္းပခဲ့သလို အခု ၂၀၁၈ မွာလည္း က်င္းပႏုိင္ခဲ့ပါတယ္။ ဆရာေတြ၊ ဆရာမေတြက ရွမ္းလိုပဲ ေဟာေျပာၾကမွာပါ”ဟု တာခ်ီလိတ္ၿမိဳ႕နယ္ ရွမ္းစာေပႏွင့္ယဥ္ေက်းမႈအသင္း အလုပ္အမႈေဆာင္အဖြဲ႔၀င္ ဦးစိုင္းႏြံတီြက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
အဆိုပါ ေဟာေျပာပြဲမ်ားကို တာခ်ီလိတ္ၿမိဳ႕ ေအာင္ျမတ္ခန္းမတြင္ ဇြန္လ (၂၃)ရက္ေန႔၌ ညေန (၆)နာရီခြဲမွ ည (၁၁)နာရီအထိ လည္းေကာင္း၊ မိုင္းကိုးေက်းရြာအုပ္စု၊ ဆန္ဆိုင္းဘုန္းႀကီးေက်ာင္းတြင္ ဇြန္လ (၂၄)ရက္ေန႔ နံနက္ (၇)နာရီခြဲမွ ေန႔လယ္ (၁၂)နာရီထိ လည္းေကာင္း၊ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။
ေဟာေျပာပြဲတြင္ ရွမ္းစာေရးဆရာမ်ားျဖစ္သည့္ စဝ္ခူး ေနာ္ခမ္းလဓမၼသာမိ (မိုင္းပ်ဲန္းၿမိဳ႕)၊ ခူးဟိန္းကာယန္း (ရန္ကုန္ၿမိဳ႕)ႏွင့္ ခူးဣ္းဝါႏု (ေတာင္ႀကီးၿမိဳ႕)တို႔က ေဟာေျပာၾကမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ေဟာေျပာပြဲမ်ားသို႔ မည္သူမဆို တက္ေရာက္ႏုိင္ၿပီး တာခ်ီလိတ္ၿမိဳ႕ ေအာင္ျမတ္ခန္းမတြင္ ဧည့္ပရိတ္သတ္ (၄၀၀)ဦးအတြက္ ျပင္ဆင္ထားေၾကာင္း သိရသည္။
“ကျွန်တော်တို့ အသင်းအနေနဲ့ နှစ်တိုင်းမဟုတ်ပေမဲ့ အလျဉ်းသင့်သလို ရှမ်းစာပေဟောပြောပွဲတွေ ကျင်းပပေးနေတာပါ။ ၂၀၁၆ ခုနှစ်ကလည်း ကျင်းပခဲ့သလို အခု ၂၀၁၈ မှာလည်း ကျင်းပနိုင်ခဲ့ပါတယ်။ ဆရာတွေ၊ ဆရာမတွေက ရှမ်းလိုပဲ ဟောပြောကြမှာပါ”ဟု တာချီလိတ်မြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးစိုင်းနွံတွီက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ ဟောပြောပွဲများကို တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် ဇွန်လ (၂၃)ရက်နေ့၌ ညနေ (၆)နာရီခွဲမှ ည (၁၁)နာရီအထိ လည်းကောင်း၊ မိုင်းကိုးကျေးရွာအုပ်စု၊ ဆန်ဆိုင်းဘုန်းကြီးကျောင်းတွင် ဇွန်လ (၂၄)ရက်နေ့ နံနက် (၇)နာရီခွဲမှ နေ့လယ် (၁၂)နာရီထိ လည်းကောင်း၊ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ဟောပြောပွဲတွင် ရှမ်းစာရေးဆရာများဖြစ်သည့် စဝ်ခူး နော်ခမ်းလဓမ္မသာမိ (မိုင်းပျဲန်းမြို့)၊ ခူးဟိန်းကာယန်း (ရန်ကုန်မြို့)နှင့် ခူးဣ်းဝါနု (တောင်ကြီးမြို့)တို့က ဟောပြောကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲများသို့ မည်သူမဆို တက်ရောက်နိုင်ပြီး တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် ဧည့်ပရိတ်သတ် (၄၀၀)ဦးအတွက် ပြင်ဆင်ထားကြောင်း သိရသည်။