က်ိဳင္းတံုၿမိဳ႕မရဲစခန္း၏ အခ်ဳပ္ခန္းကို ရွမ္းျပည္နယ္ တရားသူႀကီးခ်ဳပ္ႏွင့္အဖြဲ႕ စစ္ေဆး

က်ိဳင္းတံုၿမိဳ႕မရဲစခန္း၏ အခ်ဳပ္ခန္းကို ရွမ္းျပည္နယ္ တရားသူႀကီးခ်ဳပ္ႏွင့္အဖြဲ႕ စစ္ေဆး
ဇွန် 24, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕မရဲစခန္း အခ်ဳပ္ခန္းတြင္ အခ်ဳပ္တရားခံမ်ားအား လူ႔အခြင့္အေရးႏွင့္ အညီ ေစာင့္ၾကပ္ရမည့္ က်င့္ဝတ္မ်ားအတုိင္း လုိက္နာေဆာင္ရြက္မႈ အေျခအေနကို ရွမ္းျပည္နယ္ တရားသူႀကီးခ်ဳပ္က သက္ဆုိင္ရာ တာဝန္ရိွသူမ်ားႏွင့္အတူ ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၂၃)ရက္ေန႔တြင္ လုိက္လံ စစ္ေဆးေၾကာင္း သိရသည္။

က်ိဳင္းတံုၿမိဳ႕မရဲစခန္း အခ်ဳပ္ခန္း၏ အမိုး၊ အကာ၊အခင္း၊ ေသာ့မ်ား ေကာင္းမြန္မႈ ရိွ/မရိွ၊ အခ်ဳပ္သားမ်ားႏွင့္ အခ်ဳပ္ခန္းျပင္ပ စခန္းမွဴး ထိန္းသိမ္းမႈေအာက္ရိွ ကေလးသူငယ္/လူငယ္မ်ား၏  ေသာက္ေရ၊ သံုးေရရရိွမႈ၊ ထမင္းေကြ်းခ်ိန္ မွန္ကန္မႈ ရိွ/မရိွ စသည္တို႔ကို စစ္ေဆးေၾကာင္း သိရသည္။

ရွမ္းျပည္နယ္တရားသူႀကီးခ်ဳပ္ ဦးၾကြယ္ၾကြယ္ႏွင့္ အဖြဲ႕ဝင္(၇)ဦး၊ က်ိဳင္းတံုခရိုင္ တရားသူႀကီး ေဒၚနန္းေမယဥ္၊ က်ိဳင္းတံုဒုခရိုင္ တရားသူႀကီး ဦးေက်ာ္ျမင့္ထြန္း၊ ၿမိဳ႕နယ္တရားသူႀကီး ဦးသီဟေက်ာ္တို႔သည္ ခရိုင္ရဲတပ္ဖြဲ႕မွဴး ဒုတိယရဲမွဴးႀကီး ျမင့္ေဆြ၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးသန္းေဌးတို႔ လိုက္ပါလ်က္ လိုက္လံစစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ၾကည္စိုးလင္း
ဓါတ္ပံု - ရဲတပ္ဖြဲ႕


~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့မရဲစခန်း အချုပ်ခန်းတွင် အချုပ်တရားခံများအား လူ့အခွင့်အရေးနှင့် အညီ စောင့်ကြပ်ရမည့် ကျင့်ဝတ်များအတိုင်း လိုက်နာဆောင်ရွက်မှု အခြေအနေကို ရှမ်းပြည်နယ် တရားသူကြီးချုပ်က သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၃)ရက်နေ့တွင် လိုက်လံ စစ်ဆေးကြောင်း သိရသည်။

ကျိုင်းတုံမြို့မရဲစခန်း အချုပ်ခန်း၏ အမိုး၊ အကာ၊အခင်း၊ သော့များ ကောင်းမွန်မှု ရှိ/မရှိ၊ အချုပ်သားများနှင့် အချုပ်ခန်းပြင်ပ စခန်းမှူး ထိန်းသိမ်းမှုအောက်ရှိ ကလေးသူငယ်/လူငယ်များ၏ သောက်ရေ၊ သုံးရေရရှိမှု၊ ထမင်းကျွေးချိန် မှန်ကန်မှု ရှိ/မရှိ စသည်တို့ကို စစ်ဆေးကြောင်း သိရသည်။

ရှမ်းပြည်နယ်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်နှင့် အဖွဲ့ဝင်(၇)ဦး၊ ကျိုင်းတုံခရိုင် တရားသူကြီး ဒေါ်နန်းမေယဉ်၊ ကျိုင်းတုံဒုခရိုင် တရားသူကြီး ဦးကျော်မြင့်ထွန်း၊ မြို့နယ်တရားသူကြီး ဦးသီဟကျော်တို့သည် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်ဆွေ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဌေးတို့ လိုက်ပါလျက် လိုက်လံစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ကြည်စိုးလင်း
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~