ကမ္ဘောဇလေကြောင်းလိုင်း၏ ရန်ကုန် - စစ်တွေခရီးစဉ် လေယာဉ်တစ်စီး ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၀)ရက်နေ့ ညနေ(၄)နာရီခွဲဝန်းကျင်တွင် ရခိုင်ပြည်နယ် သံတွဲလေဆိပ်၌ အရေးပေါ်ဆင်းသက်ရကြောင်း ကနဦးသတင်း ရရှိသည်။
Tachileik News Agency
လေယာဉ်၏ရှေ့ဘက်လေကာမှန် အက်ကွဲမှုကြောင့် အရေးပေါ် ဆင်းသက်ရခြင်းဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရပြီး Air KBZ လေကြောင်းလိုင်းရုံးသို့ ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းဖြေဆိုမည့်သူမရှိသဖြင့် လေကြောင်းလိုင်းဘက်မှ အတည်ပြုချက် မရခဲ့ပါ။
Tachileik News Agency