အဆိုပါ အောင်စိုး(ခ)မောင်စိုးသည် ပျော်ဘွယ်မြို့နယ်တရားရုံး၌ ကွာရှင်းပြတ်ဆဲပေးခဲ့ရခြင်းကို မကျေနပ်၍ လူချင်းတွေ့တိုင်း အမြဲရန်ပြု ပြဿနာရှာလေ့ရှိကြောင်း သိရသည်။
Tachileik News Agency
အောင်စိုး(ခ)မောင်စိုး၏ နိုင်ငံသားစိစစ်ရေးနံပါတ်မှာ ၈/မသန(နိုင်)ဝ၁၆၂၈၇ ဖြစ်ပြီး တပ်ကုန်းမြို့နယ်၊ ရွေးစုကျေးရွာအုပ်စု၊ ဆည်ထိပ်ကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
အလုပ်သင် ရှေ့နေအမျိုးသမီးသည် ဖခင်ဖြစ်သူနှင့်အတူ သြဂုတ်လ(၂၇)ရက်နေ့ နံနက်(၈)နာရီက တပ်ကုန်းမြို့နယ် တရားရုံးသို့ ထွက်လာစဉ် ရန်ကုန်-မန္တလေး ကားလမ်းမိုင်တိုင် အမှတ် (၂၇၃/၁) အနီး၌ လွန်ခဲ့သည့် (၁)လခန့်က တရားဝင်ကွာ ရှင်းထားသည့် ခင်ပွန်းဟောင်းကို ရုတ်တရက်တွေ့သဖြင့် ဆိုင်ကယ်အား လမ်းဘေးချရပ်၍ တိမ်းရှောင်နေစဉ် အဆိုပါ အမျိုးသားက အနားကပ်လာပြီး လွယ်အိတ် အတွင်းမှ ဓားမြှောင်ကိုထုတ်ကာ လည်ပင်းအား လှီးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အောင်စိုး(ခ)မောင်စိုးသည် ပျော်ဘွယ်မြို့နယ်တရားရုံး၌ ကွာရှင်းပြတ်စဲပေးခဲ့ရခြင်းကို မကျေနပ်၍ လူချင်းတွေ့တိုင်း အမြဲရန်ပြု ပြဿနာရှာလေ့ရှိကြောင်း သိရသည်။
အောင်စိုး(ခ)မောင်စိုးကို တပ်ကုန်းမြို့မရဲစခန်းတွင် (ပ)၂၁၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
Tachileik News Agency