ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် လူအများသွားရောက် လည်ပတ်မှုများသည့် တောင်ကြီး ရှု့ခင်းသာပန်းခြံ အတွင်းရှိ ကြိုးတံတားအား ပြန်လည် ပြုပြင်ဆောင်ရွက်ရန် အတွက် တာဝန်ရှိသူများက ၂၀၁၈ခုနှစ် စက်တင်ဘာလ(၂၃)ရက်နေ့တွင် ကွင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
"ကျွန်တော်တို့ ဒီနေ့ ရှုခင်းသာပန်းခြံအတွင်းက ကြိုးတံတားကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနဲ့ နေပြည်တော်က တံတားအထူးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်တို့အဖွဲ့နဲ့အတူ သွားရောက်ကြည့်ရှု စစ်ဆေး ခဲ့ပြီးပါပြီ၊ ကြိုးတံတားက နှစ်တွေလည်းကြာတော့ ဆွေးမြည့် တာတွေတချို့ဖြစ်နေပြီ၊ ဒါကြောင့်ပြန်လည်ပြုပြင်ဖို့ရယ် တံတားခိုင်မာမှု ရှိဖို့ကို ပြန်လည်ပြုပြင်ဆောင်ရွက်သွားမှာပါ၊ ပြင်ဆင်ပြီးရင်တော့ အများပြည်သူ ပျော်ရွှင်သွားလာ လည်ပတ်နိုင်တဲ့ နေရာတစ်ခုဖြစ်လာမှာပါ"ဟု တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာန မှ အမှုဆောင်အရာရှိ ဦးအေးကို က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
"လူအများသွား လာလည်ပတ်နေတဲ့ ကြိုးတံတားကို ပြန်လည်ပြုပြင်မယ်ဆိုတော့ အရမ်းကောင်းပါတယ်၊ တံတားကလည်း အရမ်းကြာနေပြီဆိုတော့ ပြုပြင်ရင်တော့ အရမ်းကောင်းပါတယ်"ဟု တောင်ကြီးမြို့ဒေသခံတစ်ဦးဖြစ်သူ ထွန်းထွန်းက ပြောသည်။
သတင်း - နိုနို
"ကျွန်တော်တို့ ဒီနေ့ ရှုခင်းသာပန်းခြံအတွင်းက ကြိုးတံတားကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနဲ့ နပြေည်တော်က တံတားအထူးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်တို့အဖွဲ့နဲ့အတူ သွားရောက်ကြည့်ရှု စစ်ဆေး ခဲ့ပြီးပါပြီ၊ ကြိုးတံတားက နှစ်တွေလည်းကြာတော့ ဆွေးမြည့် တာတွေတချို့ဖြစ်နပြေီ၊ ဒါကြောင့်ပြန်လည်ပြုပြင်ဖို့ရယ် တံတားခိုင်မာမှု ရှိဖို့ကို ပြန်လည်ပြုပြင်ဆောင်ရွက်သွားမှာပါ၊ ပြင်ဆင်ပြီးရင်တော့ အများပြည်သူ ပျော်ရွှင်သွားလာ လည်ပတ်နိုင်တဲ့ နေရာတစ်ခုဖြစ်လာမှာပါ"ဟု တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာန မှ အမှုဆောင်အရာရှိ ဦးအေးကို က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ ကြိုးတံတားအား ၁၉၉၀ခုနှစ်က ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပီး အများပြည်သူ အပန်းဖြေနေရာတစ်ခု အဖြစ် အသုံးပြုခဲ့ရာ နှစ်ကာလ ကြာလာသောကြောင့် စနစ်တကျ ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေသည့်အ တွက် ပြန်လည်ပြင်ဆင်သွားမည် ဖြစ်ကြောင်း သိရသည်။
"လူအများသွား လာလည်ပတ်နေတဲ့ ကြိုးတံတားကို ပြန်လည်ပြုပြင်မယ်ဆိုတော့ အရမ်းကောင်းပါတယ်၊ တံတားကလည်း အရမ်းကြာနပြေီဆိုတော့ ပြုပြင်ရင်တော့ အရမ်းကောင်းပါတယ်"ဟု တောင်ကြီးမြို့ဒေသခံတစ်ဦးဖြစ်သူ ထွန်းထွန်းက ပြောသည်။
တောင်ကြီးမြို့၏ အထင်ကရ နေရာများစွာထဲတွင် ယခု ပြန်လည်ပြုပြင်မည့် ကြိုးတံတားသည်လည်း အပါအဝင် ဖြစ်သည်။
သတင်း - နိုနို
ဓာတ်ပုံ - တောင်ကြီးစည်ပင်