ပခုကၠဴၿမိဳ႕နယ္၊ လမ္းရြာအုပ္စု၊ ထန္းေျခာက္ပင္ေက်းရြာေတာင္ဘက္ ဧရာ၀တီျမစ္ကမ္း အေနာက္ဘက္ ေတာတန္းကမ္းပါးေပၚရိွ ေရနံခ်က္လုပ္ငန္းကို ႏို၀င္ဘာလ (၆) ရက္၊ ေန႔လယ္ (၁၂) နာရီအခ်ိန္က ရဲတပ္ဖြဲ႕ ဦးေဆာင္သည့္ ပူးေပါင္းအဖြဲ႕က သတင္းအရ သြားေရာက္ရွာေဖြခဲ့ရာ ခ်က္လက္စ ေရနံခ်က္သံကန္(၂)ခု၊ ေရနံခ်က္ဆီအျပည့္ပါေသာ ေပပါ(၃၂) လံုး၊ ေရနံေခ်းအျပည့္ပါ ေပပါ(၆)လံုး ႏွင့္ ဆက္စပ္ပစၥည္းမ်ားကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။
ယင္းေနာက္ ေန႔လယ္ (၁) နာရီ အခ်ိန္ခန္႔တြင္ အဆိုပါ ပူးေပါင္းအဖဲြ႔က ေနာက္ထပ္ေရနံခ်က္လုပ္ငန္းတစ္ခုကို ခ်က္လက္စ ေရနံခ်က္သံကန္(၁)ခု၊ ခ်က္ဒီဇယ္ထည့္ရာတြင္ အသံုးျပဳေသာ ေပပါခံြ(၄၀)လံုးႏွင့္ ဆက္စပ္ ပစၥည္းမ်ားႏွင့္ တကြ ဖမ္းဆီးမိခဲ့ေၾကာင္း သိရသည္။
ခြင့္ျပဳခ်က္မရိွဘဲ ေရနံခ်က္လုပ္ငန္းလုပ္ကိုင္သည့္ ခုိင္မ်ဳိးထြန္း (ခ)ဘုိခုိင္ႏွင့္ သင္းသင္းေအးတို႔အား ပခုကၠဴၿမိဳ႕နယ္၊ ျမစ္ေျခနယ္ေျမရဲစခန္းတြင္ (ပ)၃၆/၃၇-၂၀၁၈၊ ေရနံႏွင့္ ေရနံထြက္ပစၥည္းဆုိင္ရာဥပေဒပုဒ္မ ၃၇ အရ အမႈဖြင့္ထားေၾကာင္း သိရသည္။
သတင္း #ဖီးနစ္
ဓာတ္ပံု- ရဲတပ္ဖဲြ႔
**************
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ လမ်းရွာအုပ်စု၊ ထန်းခြောက်ပင်ကျေးရွာတောင်ဘက် ဧရာဝတီမြစ်ကမ်းဘေး၌ တရားမဝင်ရေနံစိမ်းများချက်လုပ်နေသူနှစ်ဦးကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၆)ရက်နေ့က ဖမ်းဆီးရမိသဖြင့် ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ပခုက္ကူမြို့နယ်၊ လမ်းရွာအုပ်စု၊ ထန်းခြောက်ပင်ကျေးရွာတောင်ဘက် ဧရာဝတီမြစ်ကမ်း အနောက်ဘက် တောတန်းကမ်းပါးပေါ်ရှိ ရေနံချက်လုပ်ငန်းကို နိုဝင်ဘာလ (၆) ရက်၊ နေ့လယ် (၁၂) နာရီအချိန်က ရဲတပ်ဖွဲ့ဦးဆောင်သည့် ပူးပေါင်းအဖွဲ့က သတင်းအရ သွားရောက်ရှာဖွေခဲ့ရာ ချက်လက်စ ရေနံချက်သံကန်(၂)ခု၊ ရေနံချက်ဆီအပြည့်ပါသော ပေပါ(၃၂) လုံး၊ ရေနံချေးအပြည့်ပါ ပေပါ(၆)လုံး နှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနောက် နေ့လယ် (၁) နာရီ အချိန်ခန့်တွင် အဆိုပါ ပူးပေါင်းအဖွဲ့က နောက်ထပ်ရေနံချက်လုပ်ငန်းတစ်ခုကို ချက်လက်စ ရေနံချက်သံကန်(၁)ခု၊ ချက်ဒီဇယ်ထည့်ရာတွင် အသုံးပြုသော ပေပါခွံ(၄၀)လုံးနှင့် ဆက်စပ် ပစ္စည်းများနှင့် တကွ ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
ခွင့်ပြုချက်မရှိဘဲ ရေနံချက်လုပ်ငန်းလုပ်ကိုင်သည့် ခိုင်မျိုးထွန်း (ခ)ဘိုခိုင်နှင့် သင်းသင်းအေးတို့အား ပခုက္ကူမြို့နယ်၊ မြစ်ခြေနယ်မြေရဲစခန်းတွင် (ပ)၃၆/၃၇-၂၀၁၈၊ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေပုဒ်မ ၃၇ အရ အမှုဖွင့်ထားကြောင်း သိရသည်။
သတင်း #ဖီးနစ်
ဓာတ်ပုံ- ရဲတပ်ဖွဲ့