မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်အပါအဝင် နယ်စပ်ဝင်ထွက်ပေါက်တွေမှာ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်တွေကို လုံခြုံရေးအဆင့်မြှင့်တင်ခြင်းကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလကစပြီး လ၀က က ပြောင်းလဲလုပ်ဆောင်လိုက်ပါတယ်။
ပြောင်းလဲလိုက်တဲ့ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်တွေမှာ လုံခြုံရေးကြိုး၊ လိုဂိုရေစာတွေအပြင် QR Code အသုံးပြုလာတာကြောင့် ဝင်ထွက်သွားလာမှုမှတ်တမ်းကို ပိုပြီးစနစ်တကျသိမ်းဆည်းလာနိုင်သလို ဌာနတွင်း အချက်အလက်များကို အချိန်နှင့်တပြေးညီ စိစစ်မှုများလည်း လုပ်ဆောင်လာနိုင်တယ်လို့ သိရပါတယ်။
တင်ဆက် - ကိုဇောင်း
ရိုက်ကူး - ချယ်ရီထိုက် ၊ ဆန်းဖြိုးထွန်း