ျမန္မာႏွင့္ ႏိုင္ငံတကာ Biker အဖြဲ႕ မဲေခါင္ျမစ္ကမ္းႏွင့္ မုိင္းဖုန္းဆရာေတာ္ေက်ာင္းတုိက္သို႔ လည္ပတ္

ျမန္မာႏွင့္ ႏိုင္ငံတကာ Biker အဖြဲ႕ မဲေခါင္ျမစ္ကမ္းႏွင့္ မုိင္းဖုန္းဆရာေတာ္ေက်ာင္းတုိက္သို႔ လည္ပတ္
ဒီဇင်ဘာ 15, 2018
By Tachileik News Agency

ျမန္မာႏွင့္ ႏုိင္ငံတကာ Bikerမ်ား ပါဝင္သည့္အဖြဲ႕က ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၁၅)ရက္ေန႔တြင္ ရွမ္းျပည္နယ္ အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း အထင္ကရေနရာမ်ားျဖစ္သည့္ လာအိုႏိုင္ငံႏွင့္ နယ္စပ္ မဲေခါင္ျမစ္ကမ္းေဘး ဝမ္ပံုဆိပ္ကမ္းႏွင့္ မိုင္းဖုန္း(က) ေက်းရြာအုပ္စု၊ ပါဆာေက်း႐ြာရွိ (မိုင္းဖုန္းဆရာေတာ္ ေက်ာင္းတိုက္) လြမ္းလိန္းေက်ာင္းတိုက္သို႔ အလည္အပတ္ သြားေရာက္ၾကသည္။

“အရင္ကလည္း တာခ်ီလိတ္ဘက္ေတာ့ ေရာက္ဖူးပါတယ္။ အခုလိုေနရာေတြကိုေတာ့ ဒီတစ္ေခါက္မွ ေရာက္ဖူးတယ္။ တကယ္လွတဲ့ ေနရာေတြပဲ။ ဒီမွာ အလည္အပတ္ခ်င္စရာေနရာေတြရိွေနတာ ဒီတစ္ေခါက္မွ သိရတယ္”ဟု Desmo Owners Club Myanmar -DOCM Biker အဖြဲ႕မွ ဆြီဒင္ႏုိင္ငံသား တစ္ဦးျဖစ္သည့္ မုိက္ကယ္ရုဒင္မာ့ခ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေဒသတြင္း ခရီးသြားလုပ္ငန္းဖြံ႕ၿဖိဳးေရးအေထာက္အကူျဖစ္ေစရန္အတြက္ တာခ်ီလိတ္ၿမိဳ႕မွ Eastern Eagle MC က ဦးစီးက်င္းပသည့္ တတိယေျမာက္ Tachileik Bike Week တြင္ လာေရာက္ၾကသည့္ ျမန္မာႏွင့္ ႏိုင္ငံတကာမွ Biker မ်ားအား ဆုိင္ကယ္ကြန္ဘြိဳင္းအစီအစဥ္ျဖင့္ တာခ်ီလိတ္ၿမိဳ႕နယ္တြင္းရိွ အထင္ကရ ေနရာမ်ားသို႔ လည္ပတ္ႏုိင္ရန္ စီစဥ္ေပးထားျခင္းျဖစ္ေၾကာင္း ပြဲစီစဥ္သူမ်ားထံမွ သိရသည္။

“ဒီမွာ ပထမဆံုးအႀကိမ္ ေရာက္ဖူးတာပါ။ ဒီၿမိဳ႕အေၾကာင္းကေတာ့ အမ်ားႀကီးမလည္ရေသးေတာ့ အမ်ားႀကီး ေျပာစရာ မရိွေသးဘူး။ ဒီေန႔သြားရတဲ့ေနရာေတြကေတာ့ လွပါတယ္”ဟု မေလးရွားႏုိင္ငံမွ Biker တစ္ဦးက ေျပာသည္။

ဆိုင္ကယ္ကြန္ဘိြဳင္းစီးနင္းသည့္ Biker အဖဲြ႕သည္ နံနက္(၁၀)နာရီတြင္ တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းမွ စတင္ထြက္ခြာၾကၿပီး ဝမ္ပံုအထက္တန္းေက်ာင္းခြဲတြင္ စုေပါင္းလွဴဒါန္းျခင္း၊ Eastern Eagle MC ကဧည့္ခံသည့္ ေန႔လယ္စာ စားသံုးျခင္း၊ မဲေခါင္ျမစ္ကမ္းေဘး ဝမ္ပံုဆိပ္ကမ္းႏွင့္ မုိင္းဖုန္းဆရာေတာ္၏ ေက်ာင္းတုိက္ဝန္းအတြင္း လည္ပတ္ၾကၿပီးေနာက္ ရွမ္းရိုးမကြင္းသို႔ ညေန(၃)နာရီေက်ာ္တြင္ ျပန္လည္ေရာက္ရိွၾကသည္။

Tachileik News Agency
ဓါတ္ပံု - ခ်ယ္ရီထိုက္ ၊ ဆန္းၿဖဳိးထြန္း



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာနှင့် နိုင်ငံတကာ Bikerများ ပါဝင်သည့်အဖွဲ့က ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်း အထင်ကရနေရာများဖြစ်သည့် လာအိုနိုင်ငံနှင့် နယ်စပ် မဲခေါင်မြစ်ကမ်းဘေး ဝမ်ပုံဆိပ်ကမ်းနှင့် မိုင်းဖုန်း(က) ကျေးရွာအုပ်စု၊ ပါဆာကျေးရွာရှိ (မိုင်းဖုန်းဆရာတော် ကျောင်းတိုက်) လွမ်းလိန်းကျောင်းတိုက်သို့ အလည်အပတ် သွားရောက်ကြသည်။

“အရင်ကလည်း တာချီလိတ်ဘက်တော့ ရောက်ဖူးပါတယ်။ အခုလိုနေရာတွေကိုတော့ ဒီတစ်ခေါက်မှ ရောက်ဖူးတယ်။ တကယ်လှတဲ့ နေရာတွေပဲ။ ဒီမှာ အလည်အပတ်ချင်စရာနေရာတွေရှိနေတာ ဒီတစ်ခေါက်မှ သိရတယ်”ဟု Desmo Owners Club Myanmar -DOCM Biker အဖွဲ့မှ ဆွီဒင်နိုင်ငံသား တစ်ဦးဖြစ်သည့် မိုက်ကယ်ရုဒင်မာ့ခ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဒေသတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအထောက်အကူဖြစ်စေရန်အတွက် တာချီလိတ်မြို့မှ Eastern Eagle MC က ဦးစီးကျင်းပသည့် တတိယမြောက် Tachileik Bike Week တွင် လာရောက်ကြသည့် မြန်မာနှင့် နိုင်ငံတကာမှ Biker များအား ဆိုင်ကယ်ကွန်ဘွိုင်းအစီအစဉ်ဖြင့် တာချီလိတ်မြို့နယ်တွင်းရှိ အထင်ကရ နေရာများသို့ လည်ပတ်နိုင်ရန် စီစဉ်ပေးထားခြင်းဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

“ဒီမှာ ပထမဆုံးအကြိမ် ရောက်ဖူးတာပါ။ ဒီမြို့အကြောင်းကတော့ အများကြီးမလည်ရသေးတော့ အများကြီး ပြောစရာ မရှိသေးဘူး။ ဒီနေ့သွားရတဲ့နေရာတွေကတော့ လှပါတယ်”ဟု မလေးရှားနိုင်ငံမှ Biker တစ်ဦးက ပြောသည်။

ဆိုင်ကယ်ကွန်ဘွိုင်းစီးနင်းသည့် Biker အဖွဲ့သည် နံနက်(၁၀)နာရီတွင် တာချီလိတ်မြို့ ရှမ်းရိုးမကွင်းမှ စတင်ထွက်ခွာကြပြီး ဝမ်ပုံအထက်တန်းကျောင်းခွဲတွင် စုပေါင်းလှူဒါန်းခြင်း၊ Eastern Eagle MC ကဧည့်ခံသည့် နေ့လယ်စာ စားသုံးခြင်း၊ မဲခေါင်မြစ်ကမ်းဘေး ဝမ်ပုံဆိပ်ကမ်းနှင့် မိုင်းဖုန်းဆရာတော်၏ ကျောင်းတိုက်ဝန်းအတွင်း လည်ပတ်ကြပြီးနောက် ရှမ်းရိုးမကွင်းသို့ ညနေ(၃)နာရီကျော်တွင် ပြန်လည်ရောက်ရှိကြသည်။

Tachileik News Agency
ဓာတ်ပုံ - ချယ်ရီထိုက်၊ ဆန်းဖြိုးထွန်း 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~