မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် နှစ်နိုင်ငံတပ်ဖွဲ့ဝင်များဖြင့် မြေပြင်၊ ရေပြင်ကင်းလှည့်ခြင်းအား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့ နံနက် (၉)နာရီအချိန်မှ နေ့လယ် (၁၁)နာရီခွဲအထိ ဆောင်ရွက်ကြောင်း သိရသည်။
မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်မှုကို မောင်တောမြို့နယ်၊ အောင်သပြေနယ်မြေရုံးမှ ရဲမှူး အောင်ဆွေဦး ဦးစီးသည့်တပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အမှတ်(၁၁)နယ်ခြားစောင့်တပ် Lembuchari ကင်းစခန်းမှ ဒုစခန်းမှူး Subedar Md Mahamud Hossain ဦးစီးသည့် တပ်ဖွဲ့ဝင်များက မိမိတို့နိုင်ငံအသီးသီး အတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ် မှတ်တိုင်(၄၉)မှ (၅၀)အထိ မြေပြင်လှည့်ကင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ - ပြည်ထဲရေး
ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ကျီးကျွန်းရဲကင်းစခန်းမှ ရဲအုပ်ကြည်စိုးဦးစီးသည့်တပ်ဖွဲ့ဝင်များက ရေယာဉ်တပ်ဖွဲ့စု(မောင်တော)မှ ငါးမန်းအမြန်သွားတိုက်ခိုက်ရေး ရေယာဉ် (၂) စီးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အမှတ်(၂)နယ်ခြားစောင့်တပ် Whykong ကင်းစခန်းမှ ဒုစခန်းမှူး Subedar Shaik Adul Jalil ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက ရေယာဉ် (၂) စီးတို့သည် ရေတွင်းပြင်ချောင်းဝထိပ် နတ်မြစ်မြစ်လယ်ရှိ နှစ်နိုင်ငံနယ်နိမိတ်အနီး ရေမိုင်အမှတ်(၁၅)မှ သဲချောင်းချောင်းဝထိပ် ရေမိုင်အမှတ်(၁၈)အထိ နတ်မြစ်ကြောင်း အတိုင်း ရေမိုင်နှစ်ဖက်ညှိနှိုင်း ကင်းလှည့်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြပြေင်လှည့်ကင်းဆောင်ရွက်မှုကို မောင်တောမြို့နယ်၊ အောင်သပြေနယ်မြေရုံးမှ ရဲမှူး အောင်ဆွေဦး ဦးစီးသည့်တပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အမှတ်(၁၁)နယ်ခြားစောင့်တပ် Lembuchari ကင်းစခန်းမှ ဒုစခန်းမှူး Subedar Md Mahamud Hossain ဦးစီးသည့် တပ်ဖွဲ့ဝင်များက မိမိတို့နိုင်ငံအသီးသီး အတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ် မှတ်တိုင်(၄၉)မှ (၅၀)အထိ မြပြေင်လှည့်ကင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ - ပြည်ထဲရေး