ေက်ာင္းျပင္ပေရာက္သူမ်ားအတြက္ အခမဲ့စရိတ္ၿငိမ္း သက္ေမြးသင္တန္းေက်ာင္းမ်ားကို က်ားမ မေရြးေလွ်ာက္ထားႏုိင္

ေက်ာင္းျပင္ပေရာက္သူမ်ားအတြက္ အခမဲ့စရိတ္ၿငိမ္း သက္ေမြးသင္တန္းေက်ာင္းမ်ားကို က်ားမ မေရြးေလွ်ာက္ထားႏုိင္
ဒီဇင်ဘာ 25, 2018
By 🌸
ေက်ာင္းျပင္ပေရာက္သူမ်ားအတြက္ အသက္ေမြး၀မ္းေက်ာင္းပညာရပ္မ်ားကို အခမဲ့စရိတ္ၿငိမ္း ႏိုင္ငံတကာအဆင့္မီသင္ၾကားေပးမည့္သင္တန္းမ်ားကို အစိုးရနည္းပညာ အထက္တန္းေက်ာင္း (၅)ေက်ာင္းတြင္ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ(၇)ရက္ေန႔မွစတင္ဖြင့္လွစ္မည္ျဖစ္ရာ က်ား၊မ မေရြး အသက္(၁၈)ႏွစ္မွ အသက္(၄၀)ထက္ မေက်ာ္လြန္သူမ်ား ေလွ်ာက္ထားႏုိင္ေၾကာင္း သိရသည္။

အဆိုပါသင္တန္းမ်ားကို ပညာေရးဝန္ႀကီးဌာန၊ နည္းပညာ၊ သက္ေမြးပညာႏွင့္ ေလ့က်င့္ေရးဦးစီးဌာန၊ စက္မႈဝန္ႀကီးဌာနႏွင့္ အာရွဖြံ႕ၿဖိဳးေရးဘဏ္တို႔ ပူးေပါင္းၿပီး လူငယ္မ်ားအလုပ္အကိုင္ရရိွေရး ေလ့က်င့္ျပဳစုေမြးထုတ္ေရးစီမံကိန္းမွ ကၽြမ္းက်င္မႈအေျချပဳကာလတိုသင္တန္းမ်ား ဖြင့္လွစ္ျခင္းျဖစ္ၿပီး ျပည္တြင္း၊ ျပည္ပမွ ကၽြမ္းက်င္နည္းပညာရွင္မ်ားက ႀကီးၾကပ္၍ စာေတြ႔၊လက္ေတြ႕သင္ၾကားမည္ျဖစ္ေၾကာင္း သိရသည္။

ေလွ်ာက္ထားလိုသူမ်ားအေနျဖင့္ သင္တန္းေလွ်ာက္လႊာကို ျပည့္စံုစြာျဖည့္စြက္ၿပီး ႏုိင္ငံသားစိစစ္ေရးကတ္ မိတၱဴ(၁)ေစာင္၊ လိုင္စင္ဓါတ္ပံု (၃)ပံုႏွင့္ အက်င့္စာရိတၱေကာင္းမြန္ေကာင္း ေက်းရြာ/ရပ္ကြက္/ၿမိဳ႕နယ္/ရဲစခန္း ေထာက္ခံစာတုိ႔ျဖင့္ သင္တန္းဖြင့္လွစ္မည့္ သက္ဆို္င္ရာေက်ာင္းမ်ားတြင္လည္းေကာင္း [email protected] သို႔လည္းေကာင္း ေပးပို႔ေလွ်ာက္ထားႏုိင္မည္ျဖစ္ကာ အေသးစိတ္သိရိွလိုပါက သင္တန္းေက်ာင္းမ်ား၏ ဖုန္းနံပါတ္မ်ားသို႔ဆက္သြယ္ႏုိင္ေၾကာင္း သိရသည္။

အစိုးရနည္းပညာအထက္တန္းေက်ာင္း(၅)ေက်ာင္းတြင္ အုတ္စီသင္တန္း၊ သံခ်ည္သံေကြးသင္တန္း၊ ဓာတ္ေငြ႕သံုး ဂေဟဆက္ ကၽြမ္းက်င္သင္တန္း၊ လွ်ပ္စစ္ဂေဟဆက္ ကၽြမ္းက်င္သင္တန္းႏွင့္ စိုက္ပ်ိဳးေရးသံုး စက္ပစၥည္းျပဳျပင္ထိန္းသိမ္းေရးသင္တန္းမ်ားကို ရက္(၉၀) ၾကာဖြင့္လွစ္သြားမည္ျဖစ္ရာ သင္တန္းေၾကးအခမဲ့၊ သင္တန္းကာလအတြင္း ေနထုိင္စားေသာက္စရိတ္အခမဲ့၊  ယူနီေဖာင္း ေထာက္ပံ့မႈႏွင့္ သင္ေထာက္ကူပစၥည္း အျပည့္အစံုျဖင့္ သင္ၾကားေပးမည့္အျပင္ လစဥ္ေထာက္ပံ့ေၾကးလည္း ေလွ်ာက္ထားႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

မူလတန္းအဆင့္မွ ေက်ာင္းဆက္တက္ႏုိင္ျခင္းမရိွခဲ့သည့္ လူငယ္မ်ား၊ ပညာေရးႏွင့္ အလုပ္အကိုင္ အခက္အခဲရိွသည့္ ေဝးလံေခါင္ဖ်ားေဒသမ်ားမွ လူငယ္မ်ား၊ အမ်ိဳးသမီးမ်ားအတြက္ ေဆာက္လုပ္ေရး၊ စက္မႈ၊ ကုန္ထုတ္လုပ္မႈဆိုင္ရာ ကၽြမ္းက်င္မႈမ်ားႏွင့္ အလုပ္အကိုင္အခြင့္အလမ္းရရိွေစရန္ အလားတူ ကာလတိုသင္တန္းမ်ားကို တိုးခ်ဲ႕ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သင္တန္းတစ္ခုလွ်င္ သင္တန္းကာလတစ္ခုအတြက္ သင္တန္းသား၊သင္တန္းသူ (၁၂)ဦးစီသာ လက္ခံသင္ၾကားေပးမည္ျဖစ္ၿပီး Level (1) ေအာင္ျမင္ပါက Level (2) ဆက္လက္တက္ေရာက္ခြင့္ႏွင့္ သက္ဆုိင္ရာလုပ္ငန္းခြင္မ်ားတြင္ အလုပ္အကိုင္ရရိွေစရန္ ဆက္သြယ္ေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
အုတ္စီကၽြမ္းက်င္သင္တန္းႏွင့္ သံခ်ည္သံေကြးကၽြမ္းက်င္သင္တန္းမ်ားကို အစိုးရနည္းပညာအထက္တန္းေက်ာင္း (ေနျပည္ေတာ္)၊ အစိုးရနည္းပညာအထက္တန္းေက်ာင္း (ရြာမ)၊ အစိုးရနည္းပညာအထက္တန္းေက်ာင္း (မႏၱေလး)တုိ႔တြင္ လည္းေကာင္း၊ ဓါတ္ေငြ႕သံုးလွ်ပ္စစ္ ဂေဟဆက္ကၽြမ္းက်င္သင္တန္းႏွင့္ လွ်ပ္စစ္ဂေဟဆက္ကၽြမ္းက်င္သင္တန္းမ်ားကို အမွတ္(၂)စက္မႈသင္တန္းေက်ာင္း (မႏၱေလး)တြင္လည္းေကာင္း၊ လွ်ပ္စစ္ဂေဟဆက္ကၽြမ္းက်င္သင္တန္းႏွင့္ စိုက္ပ်ိဳးေရးသံုး စက္ပစၥည္းမ်ား ျပဳျပင္ထိန္းသိမ္းျခင္းကၽြမ္းက်င္သင္တန္းကို အမွတ္(၄)စက္မႈသင္တန္းေက်ာင္း(ပခုကၠဴ)တြင္လည္းေကာင္း ဖြင့္လွစ္မည္ျဖစ္ေၾကာင္းသိရသည္။

ဘားအံ၊ ကေလး၊ လားရိႈး၊ ေမာ္လၿမိဳင္၊ မိတၳီလာ၊ မံုရြာ၊ ပုသိမ္၊ ေတာင္ငူၿမိဳ႕မ်ားရိွ အစိုးရနည္းပညာအထက္တန္းေက်ာင္းမ်ားႏွင့္ မေကြးႏွင့္ သာဂရ ITC တို႔တြင္လည္း အလားတူသင္တန္းမ်ားကို ဆက္လက္ဖြင့္လွစ္သြားရန္ရိွေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂Unicode Version ~~~~~~~~
ကျောင်းပြင်ပရောက်သူများအတွက် အခမဲ့စရိတ်ငြိမ်း သက်မွေးသင်တန်းကျောင်းများကို ကျားမ မရွေးလျှောက်ထားနိုင်
**************
ကျောင်းပြင်ပရောက်သူများအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်များကို အခမဲ့စရိတ်ငြိမ်း နိုင်ငံတကာအဆင့်မီသင်ကြားပေးမည့်သင်တန်းများကို အစိုးရနည်းပညာ အထက်တန်းကျောင်း (၅)ကျောင်းတွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၇)ရက်နေ့မှစတင်ဖွင့်လှစ်မည်ဖြစ်ရာ ကျား၊မ မရွေး အသက်(၁၈)နှစ်မှ အသက်(၄၀)ထက် မကျော်လွန်သူများ လျှောက်ထားနိုင်ကြောင်း သိရသည်။

အဆိုပါသင်တန်းများကို ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်းပြီး လူငယ်များအလုပ်အကိုင်ရရှိရေး လေ့ကျင့်ပြုစုမွေးထုတ်ရေးစီမံကိန်းမှ ကျွမ်းကျင်မှုအခြေပြုကာလတိုသင်တန်းများ ဖွင့်လှစ်ခြင်းဖြစ်ပြီး ပြည်တွင်း၊ ပြည်ပမှ ကျွမ်းကျင်နည်းပညာရှင်များက ကြီးကြပ်၍ စာတွေ့၊လက်တွေ့သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

လျှောက်ထားလိုသူများအနေဖြင့် သင်တန်းလျှောက်လွှာကို ပြည့်စုံစွာဖြည့်စွက်ပြီး နိုင်ငံသားစိစစ်ရေးကတ် မိတ္တူ(၁)စောင်၊ လိုင်စင်ဓါတ်ပုံ (၃)ပုံနှင့် အကျင့်စာရိတ္တကောင်းမွန်ကောင်း ကျေးရွာ/ရပ်ကွက်/မြို့နယ်/ရဲစခန်း ထောက်ခံစာတို့ဖြင့် သင်တန်းဖွင့်လှစ်မည့် သက်ဆိုင်ရာကျောင်းများတွင်လည်းကောင်း [email protected] သို့လည်းကောင်း ပေးပို့လျှောက်ထားနိုင်မည်ဖြစ်ကာ အသေးစိတ်သိရှိလိုပါက သင်တန်းကျောင်းများ၏ ဖုန်းနံပါတ်များသို့ဆက်သွယ်နိုင်ကြောင်း သိရသည်။

အစိုးရနည်းပညာအထက်တန်းကျောင်း(၅)ကျောင်းတွင် အုတ်စီသင်တန်း၊ သံချည်သံကွေးသင်တန်း၊ ဓာတ်ငွေ့သုံး ဂဟေဆက် ကျွမ်းကျင်သင်တန်း၊ လျှပ်စစ်ဂဟေဆက် ကျွမ်းကျင်သင်တန်းနှင့် စိုက်ပျိုးရေးသုံး စက်ပစ္စည်းပြုပြင်ထိန်းသိမ်းရေးသင်တန်းများကို ရက်(၉၀) ကြာဖွင့်လှစ်သွားမည်ဖြစ်ရာ သင်တန်းကြေးအခမဲ့၊ သင်တန်းကာလအတွင်း နေထိုင်စားသောက်စရိတ်အခမဲ့၊  ယူနီဖောင်း ထောက်ပံ့မှုနှင့် သင်ထောက်ကူပစ္စည်း အပြည့်အစုံဖြင့် သင်ကြားပေးမည့်အပြင် လစဉ်ထောက်ပံ့ကြေးလည်း လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

မူလတန်းအဆင့်မှ ကျောင်းဆက်တက်နိုင်ခြင်းမရှိခဲ့သည့် လူငယ်များ၊ ပညာရေးနှင့် အလုပ်အကိုင် အခက်အခဲရှိသည့် ဝေးလံခေါင်ဖျားဒေသများမှ လူငယ်များ၊ အမျိုးသမီးများအတွက် ဆောက်လုပ်ရေး၊ စက်မှု၊ ကုန်ထုတ်လုပ်မှုဆိုင်ရာ ကျွမ်းကျင်မှုများနှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် အလားတူ ကာလတိုသင်တန်းများကို တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတစ်ခုလျှင် သင်တန်းကာလတစ်ခုအတွက် သင်တန်းသား၊သင်တန်းသူ (၁၂)ဦးစီသာ လက်ခံသင်ကြားပေးမည်ဖြစ်ပြီး Level (1) အောင်မြင်ပါက Level (2) ဆက်လက်တက်ရောက်ခွင့်နှင့် သက်ဆိုင်ရာလုပ်ငန်းခွင်များတွင် အလုပ်အကိုင်ရရှိစေရန် ဆက်သွယ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အုတ်စီကျွမ်းကျင်သင်တန်းနှင့် သံချည်သံကွေးကျွမ်းကျင်သင်တန်းများကို အစိုးရနည်းပညာအထက်တန်းကျောင်း (နေပြည်တော်)၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ရွာမ)၊ အစိုးရနည်းပညာအထက်တန်းကျောင်း (မန္တလေး)တို့တွင် လည်းကောင်း၊ ဓါတ်ငွေ့သုံးလျှပ်စစ် ဂဟေဆက်ကျွမ်းကျင်သင်တန်းနှင့် လျှပ်စစ်ဂဟေဆက်ကျွမ်းကျင်သင်တန်းများကို အမှတ်(၂)စက်မှုသင်တန်းကျောင်း (မန္တလေး)တွင်လည်းကောင်း၊ လျှပ်စစ်ဂဟေဆက်ကျွမ်းကျင်သင်တန်းနှင့် စိုက်ပျိုးရေးသုံး စက်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းခြင်းကျွမ်းကျင်သင်တန်းကို အမှတ်(၄)စက်မှုသင်တန်းကျောင်း (ပခုက္ကူ)တွင်လည်းကောင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

ဘားအံ၊ ကလေး၊ လားရှိုး၊ မော်လမြိုင်၊ မိတ္ထီလာ၊ မုံရွာ၊ ပုသိမ်၊ တောင်ငူမြို့များရှိ အစိုးရနည်းပညာအထက်တန်းကျောင်းများနှင့် မကွေးနှင့် သာဂရ ITC တို့တွင်လည်း အလားတူသင်တန်းများကို ဆက်လက်ဖွင့်လှစ်သွားရန်ရှိကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~