တာခ်ီလိတ္တြင္ လူတစ္စုမွ iPhone အတုမ်ား လိုက္လံ လိမ္လည္ ေရာင္းခ်မႈမ်ား ေပၚေပါက္ေန

တာခ်ီလိတ္တြင္ လူတစ္စုမွ iPhone အတုမ်ား လိုက္လံ လိမ္လည္ ေရာင္းခ်မႈမ်ား ေပၚေပါက္ေန
ဇန်နဝါရီ 22, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္တြင္ လူတစ္စုမွ အိုင္ဖုန္းအတုမ်ားကို လိုက္လံ လိမ္လည္၍ ေပါင္ႏွံ ေရာင္းခ်ေနျခင္းမ်ား ေပၚေပါက္ေနၿပီး ေနာက္ဆံုးအေနျဖင့္ လိမ္ခံရမႈတစ္ခု ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ (၂၂)ရက္ေန႔ ညေန(၃)နာရီခြဲေက်ာ္က တာခ်ီလိတ္ၿမိဳ႕ လားဟူေစ်း(ေရႊေျမသာယာေစ်း)အတြင္း၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

"ဒီေန႔ လားဟူေစ်း(ေရႊေျမသာယာေစ်း)မွာ ဖုန္းက တစ္လံုးထဲ iPhone x ၊ သူက ဒီနားမွာ ေလာင္းကစားဂိမ္းလာေဆာ့တာ ပိုက္ဆံတအားလိုတယ္ေပါ့၊ ခဏေလးပဲ ျပန္လာယူမယ္၊ တစ္ေသာင္းခြဲနဲ႔ ျပန္လာယူမယ္လို႔ ေျပာတာ၊ အဲ့ဒါနဲ႔ တစ္ေသာင္းပဲရွိတယ္ဆိုၿပီး ေပးလိုက္ၿပီး ဖုန္းယူထားလိုက္တာ၊ ပိုက္ဆံေပးလိုက္ၿပီးေနာက္ နည္းနည္းၾကာေတာ့ ေပၚမလာေတာ့တာနဲ႔ သြားရွာတာ ရွာလို႔လည္းမေတြ႔ဘူး၊ iPhone ဆိုင္ကို သြားျပေတာ့ အတုျဖစ္ေနတာ၊ ေလာင္းကစားဂိမ္းခံုေတြအထိ လိုက္ပတ္ရွာတာ မေတြ႔ဘူး၊ ဂိမ္းခံုေတြက တစ္ခ်ဳိ႕ကလည္း  ေျပာတယ္ သူတို႔ကို ေတြ႔ဖူးတယ္ အရင္က လာတယ္လို႔လည္း ေျပာတယ္"ဟု တာခ်ီလိတ္ၿမိဳ႕ လားဟူေစ်း(ေရႊေျမသာယာေစ်း)မွ အမည္မေဖာ္လိုသူ အမ်ဳိးသမီးတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အိုင္ဖုန္းအတုမ်ားကို  လို္က္လံလိမ္လည္ေရာင္းခ်သူတို႔မွာ တရုတ္လူမ်ဳိးမ်ားျဖစ္ၿပီး အမ်ဳိးသားႏွစ္ဦး ႏွင့္ အမ်ဳိးသမီးတစ္ဦးတို႔ ပါ၀င္ေၾကာင္းႏွင့္ ၎တို႔ ေရာင္းခ်သည့္ ဖုန္းမွာ အိုင္ဖုန္း iPhone X အမ်ဳိးအစား သ႑ာန္ျဖစ္ၿပီး အျပင္ပိုင္း ၾကည့္ရာတြင္ iPhone အစစ္ႏွင့္ တူညီေနၿပီး ဖုန္းအေၾကာင္းနားမလည္သူမ်ား အေနျဖင့္ အစစ္ဟု ထင္ႏိုင္ေၾကာင္း သိရသည္။

"အစက ေျပာလာတဲ့အခ်ိန္က အဂၤလိပ္လို ေျပာတယ္၊ အဂၤလိပ္လို မတတ္ဘူးလို႔ ေျပာလိုက္ေတာ့ တရုတ္လို ေျပာလာတယ္၊ တစ္ခ်ဳိ႕လိမ္ခံရဖူးသူေတြလည္း သူတို႔က ထိုင္းလိုလည္း ေျပာတယ္လို႔ ေျပာတယ္တဲ့၊ အဲ့လိုပဲ ပတ္လိမ္ေနတာတဲ့၊ အခုလိုပဲ သူငယ္ခ်င္းတစ္ေယာက္လည္း ခံရဖူးတယ္၊ ဘတ္(၁၈,၀၀၀)နဲ႔ ယူလိုက္တာ။ အတုမွန္းသိလို႔ အဲ့လူကို အျမန္ျပန္ရွာေတာ့ ျပန္ေတြ႔တယ္၊ ေတြ႔ေတာ့ ဖုန္းျပန္ေပးလိုက္ၿပီး ပိုက္ဆံျပန္ေတာင္းေတာ့ ျပန္ရတယ္"ဟု ၎က ေျပာသည္။

အလားတူပင္ iPhone အတုမ်ားကို အစစ္ဟုထင္ကာ ၀ယ္ယူထားမိသူမ်ားလည္း ရွိခဲ့ဖူးၿပီး ဘတ္ႏွစ္ေသာင္း အထိ လိမ္ခံရဖူးသည္ အထိ ရွိခဲ့ေၾကာင္း သိရသည္။

"အိုင္ဖုန္းဆိုင္ကို သြားျပေတာ့ သူတို႔ေျပာတာ ညီမတို႔ လာျပတာနဲ႔ဆိုရင္ (၃)ေယာက္ရွိၿပီတဲ့၊  တစ္ေယာက္က ဘတ္ႏွစ္ေသာင္းနဲ႔ တစ္ေယာက္က ဘတ္တစ္ေသာင္းခြဲ၊ ညီမတို႔က တစ္ေသာင္းဘဲ ေပးလိုက္တာ နည္းသြားလို႔ ေတာ္ေသးတယ္တဲ့"ဟု တာခ်ီလိတ္ၿမိဳ႕ လားဟူေစ်း(ေရႊေျမသာယာေစ်း)မွ အမည္မေဖာ္လိုသူ အဆိုပါ အမ်ဳိးသမီးက ေျပာျပသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ လြန္ခဲ့သည့္ ၂၀၁၆ခုႏွစ္ ဇူလိုင္လအတြင္းက  ေကာ္ေဇာလူလိမ္တစ္ဦး ေပၚေပါက္ခဲ့ၿပီး ၎သည္ အိမ္ခန္းငွားမ်ားကို ေရြးခ်ယ္လိမ္လည္သူအျဖစ္ရာ တာခ်ီလိတ္ႏွင့္မယ္ဆိုင္ၿမိဳ႕တို႔တြင္ လိမ္ခံရမႈမ်ားရွိခဲ့ၿပီး ယခုအခါတြင္ ဖုန္းအတုမ်ား လိုက္လံ၍ လိမ္လည္ကာ ေပါင္ႏွံေရာင္းခ်မႈမ်ား ေပါက္ေပၚေနျခင္း ျဖစ္ေၾကာင္း သိရွိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်တွင် လူတစ်စုမှ အိုင်ဖုန်းအတုများကို လိုက်လံ လိမ်လည်၍ ပေါင်နှံ ရောင်းချနခြေင်းများ ပေါ်ပေါက်နပြေီး နောက်ဆုံးအနဖြေင့် လိမ်ခံရမှုတစ်ခု ၂၀၁၉ခုနှစ် ဇန်နဝါရီလ (၂၂)ရက်နေ့ ညနေ(၃)နာရီခွဲကျော်က တာချီလိတ်မြို့ လားဟူဈေး(ရွှေမြေသာယာဈေး)အတွင်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"ဒီနေ့ လားဟူဈေး(ရွှေမြေသာယာဈေး)မှာ ဖုန်းက တစ်လုံးထဲ iPhone x၊ သူက ဒီနားမှာ လောင်းကစားဂိမ်းလာဆော့တာ ပိုက်ဆံတအားလိုတယ်ပေါ့၊ ခဏလေးပဲ ပြန်လာယူမယ်၊ တစ်သောင်းခွဲနဲ့ ပြန်လာယူမယ်လို့ ပြောတာ၊ အဲ့ဒါနဲ့ တစ်သောင်းပဲရှိတယ်ဆိုပြီး ပေးလိုက်ပြီး ဖုန်းယူထားလိုက်တာ၊ ပိုက်ဆံပေးလိုက်ပြီးနောက် နည်းနည်းကြာတော့ ပေါ်မလာတော့တာနဲ့ သွားရှာတာ ရှာလို့လည်းမတွေ့ဘူး၊ iPhone ဆိုင်ကို သွားပြတော့ အတုဖြစ်နေတာ၊ လောင်းကစားဂိမ်းခုံတွေအထိ လိုက်ပတ်ရှာတာ မတွေ့ဘူး၊ ဂိမ်းခုံတွေက တစ်ချို့ကလည်း ပြောတယ် သူတို့ကို တွေ့ဖူးတယ် အရင်က လာတယ်လို့လည်း ပြောတယ်"ဟု တာချီလိတ်မြို့ လားဟူဈေး(ရွှေမြေသာယာဈေး)မှ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အိုင်ဖုန်းအတုများကို လို်က်လံလိမ်လည်ရောင်းချသူတို့မှာ တရုတ်လူမျိုးများဖြစ်ပြီး အမျိုးသားနှစ်ဦး နှင့် အမျိုးသမီးတစ်ဦးတို့ ပါဝင်ကြောင်းနှင့်၎င်းတို့ ရောင်းချသည့် ဖုန်းမှာ အိုင်ဖုန်း iPhone X အမျိုးအစား သဏ္ဍာန်ဖြစ်ပြီး အပြင်ပိုင်း ကြည့်ရာတွင် iPhone အစစ်နှင့် တူညီနပြေီး ဖုန်းအကြောင်းနားမလည်သူများ အနဖြေင့် အစစ်ဟု ထင်နိုင်ကြောင်း သိရသည်။

"အစက ပြောလာတဲ့အချိန်က အင်္ဂလိပ်လို ပြောတယ်၊ အင်္ဂလိပ်လို မတတ်ဘူးလို့ ပြောလိုက်တော့ တရုတ်လို ပြောလာတယ်၊ တစ်ချို့လိမ်ခံရဖူးသူတွေလည်း သူတို့က ထိုင်းလိုလည်း ပြောတယ်လို့ ပြောတယ်တဲ့၊ အဲ့လိုပဲ ပတ်လိမ်နေတာတဲ့၊ အခုလိုပဲ သူငယ်ချင်းတစ်ယောက်လည်း ခံရဖူးတယ်၊ ဘတ်(၁၈,ဝဝဝ)နဲ့ ယူလိုက်တာ။ အတုမှန်းသိလို့ အဲ့လူကို အမြန်ပြန်ရှာတော့ ပြန်တွေ့တယ်၊ တွေ့တော့ ဖုန်းပြန်ပေးလိုက်ပြီး ပိုက်ဆံပြန်တောင်းတော့ ပြန်ရတယ်"ဟု၎င်းက ပြောသည်။

အလားတူပင် iPhone အတုများကို အစစ်ဟုထင်ကာ ဝယ်ယူထားမိသူများလည်း ရှိခဲ့ဖူးပြီး ဘတ်နှစ်သောင်း အထိ လိမ်ခံရဖူးသည် အထိ ရှိခဲ့ကြောင်း သိရသည်။

"အိုင်ဖုန်းဆိုင်ကို သွားပြတော့ သူတို့ပြောတာ ညီမတို့ လာပြတာနဲ့ဆိုရင် (၃)ယောက်ရှိပြီတဲ့၊ တစ်ယောက်က ဘတ်နှစ်သောင်းနဲ့ တစ်ယောက်က ဘတ်တစ်သောင်းခွဲ၊ ညီမတို့က တစ်သောင်းဘဲ ပေးလိုက်တာ နည်းသွားလို့ တော်သေးတယ်တဲ့"ဟု တာချီလိတ်မြို့ လားဟူဈေး(ရွှေမြေသာယာဈေး)မှ အမည်မဖော်လိုသူ အဆိုပါ အမျိုးသမီးက ပြောပြသည်။

တာချီလိတ်မြို့တွင် လွန်ခဲ့သည့် ၂၀၁၆ခုနှစ် ဇူလိုင်လအတွင်းက ကော်ဇောလူလိမ်တစ်ဦး ပေါ်ပေါက်ခဲ့ပြီး၎င်းသည် အိမ်ခန်းငှါးများကို ရွေးချယ်လိမ်လည်သူအဖြစ်ရာ တာချီလိတ်နှင့်မယ်ဆိုင်မြို့တို့တွင် လိမ်ခံရမှုများရှိခဲ့ပြီး ယခုအခါတွင် ဖုန်းအတုများ လိုက်လံ၍ လိမ်လည်ကာ ပေါင်နှံရောင်းချမှုများ ပေါက်ပေါ်နခြေင်း ဖြစ်ကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~