ျမန္မာ - လာအိုနယ္စပ္ေဒသ တာခ်ီလိတ္ခရိုင္ က်ိဳင္းလပ္ၿမိဳ႕ရွိ ျမန္မာ - လာအို ခ်စ္ၾကည္ေရး တံတားအတြက္ ခ်ဥ္းကပ္လမ္း ေဖာက္လုပ္ၿပီးေနာက္ လမ္းေဘး၀ဲ၊ ယာရိွ လယ္ယာေျမမ်ားမွာ သီးႏွံစိုက္ပ်ိဳး၍ မရေတာ့သျဖင့္ အျခားနည္းလမ္းျဖင့္ အသံုးျပဳခြင့္ ရရိွရန္ေဒသခံမ်ား ေမွ်ာ္လင့္ေနၾကသည္။
“တာခ်ီလိတ္က လာလို႔ရိွရင္ ဘယ္ဘက္ျခမ္းက ေနရာေတြဆို ညာဘက္ျခမ္းက ဆင္းတဲ့ေရကဘယ္လိုမွ မေရာက္ေတာ့ဘူး။ လမ္းေဘာင္က ကာသြားတဲ့ အခါက်ေတာ့။ လမ္းႀကီးမွာေျမာင္းတူးလို႔လည္း မရတဲ့ အခါၾကေတာ့ ဘယ္သူမွ မစိုက္ေတာ့ဘူး။ စိုက္လို႔လည္း မရတဲ့အတူတူ ပစ္ထားၾကတာ။ လမ္းေဖာက္ ကတည္းက ဒီတိုင္းပစ္ထားရတာေပါ့။ အေဆာက္အဦးေဆာက္ရင္လည္း ကန္႔ကြက္တဲ့ အတြက္ မေဆာက္ရဲၾကဘူး။ ပစ္ထားတာ (၄)ႏွစ္ေက်ာ္ၿပီေပါ့”ဟု က်ိဳင္းလပ္ၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥကၠဌ ဦးခင္ေမာင္ေဇာ္က ေျပာသည္။
ျမန္မာ - လာအိုခ်စ္ၾကည္ေရးတံတား ေဖာက္လုပ္စဥ္က ပါ၀င္ခဲ့သည့္ လယ္ေျမမ်ားအတြက္ အစိုးရမွ ေလ်ာ္ေၾကး ေပးအပ္ခဲ့ေသာ္လည္း လမ္းေဘး၀ဲ/ယာမွ လယ္ေျမမ်ားမွာ စိုက္ပ်ိဳးေရ အခက္အခဲေၾကာင့္ သီးႏွံ မစိုက္ပ်ိဳးႏိုင္ဘဲ ေျမလြတ္ေျမရိုင္းမ်ားသဖြယ္ ထားရိွေနရသျဖင့္ အျခားနည္းျဖင့္ သံုးစြဲခြင့္ တင္ျပလိုေသာ္လည္း ေဒသခံမ်ား အေနျဖင့္ ျမန္မာစကားတတ္ေျမာက္သူနည္းသျဖင့္ သက္ဆုိင္ရာ ဌာနမ်ားသို႔ တင္ျပရန္ အခက္အခဲ ျဖစ္ေနျခင္းျဖစ္ေၾကာင္း ျပည္နယ္ဝန္ႀကီးခ်ဳပ္၏ခရီးစဥ္တြင္ တင္ျပခဲ့ျခင္းျဖစ္သည္။
“သူတို႔က အဲဒီလယ္ေတြကို တျခားနည္းသံုးခ်င္တာလား။ အဲဒါကလည္း လုပ္ထံုးလုပ္နည္းရိွတယ္။ ကၽြန္ေတာ္တို႔က လယ္ဆိုလို႔ရိွရင္ ဗဟိုက ကိုင္တယ္။ သီးႏွံစိုက္လို႔ မရဘူး။ လယ္ေကာသြားတယ္ဆိုလို႔ရိွရင္ ဒီလယ္ေကာသြားတယ္။ သီးႏွံစိုက္လို႔မရဘူး။ ဒီတံတားႀကီးေဖာက္လိုက္လို႔ ဒီလယ္ေတြ ပ်က္စီးသြားတယ္။ ေရ၀င္သြားတယ္ဆိုရင္ ျပည္နယ္အစိုးရကိုတင္။ ျပည္နယ္အစိုးရက လယ္ဆိုရင္ ျပည္ေထာင္စု ဗဟိုလယ္စီဆိုတာရိွတယ္။ အဲဒီကိုတင္လို႔ရိွရင္ အဲဒါလယ္ေကာသြားတဲ့အတြက္ သီးႏွံစိုက္လို႔ မရဘူး။ ဆံုးျဖတ္လိုက္ၿပီဆိုရင္ အျခားနည္း သံုးခြင့္ရတယ္။ အဲဒါဆိုရင္ ခုနေျပာတဲ့ဟာေလးေတြ လုပ္လို႔ရတယ္။ အဲဒီအဆင့္ေတာ့ ျဖတ္ရမယ္။ ေၾကးတိုင္နဲ႔ ေျမစာရင္းဌာနနဲ႔ ျပည္နယ္အစိုးရေပါင္းၿပီးေတာ့ ဒီလယ္ေတြ ဘာမွစိုက္မရဘူးဆိုတာကို သက္ေသ သာဓကနဲ႔ တင္ရင္ရပါတယ္။ ဗဟိုလယ္စီကို တင္ရမယ္ေနာ္”ဟု အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ဗဟို ဒုတိယဥကၠဌ (မႏၱေလးတိုင္း ေဒသႀကီး၀န္ႀကီးခ်ဳပ္) ေဒါက္တာေဇာ္ျမင့္ေမာင္မွ က်ိဳင္းလပ္ေဒသခံတစ္ဦးက ရွမ္းဘာသာျဖင့္ တင္ျပမႈကို ဘာသာျပန္ ျဖင့္ ေျဖၾကားခဲ့သည္။
တံတားခ်ဥ္းကပ္လမ္းမွ (၁)မိုင္(၃)ဖာလံုအရွည္ရိွၿပီး အဆိုပါ လမ္းမႀကီးေဘးရိွ လယ္ေျမဧက (၅၀)နီးပါးမွာ စိုက္ပ်ိဳး၍ မရေတာ့သျဖင့္ ေစ်းဆိုင္မ်ား ေဆာက္လုပ္ျခင္း၊ အျခားအေဆာက္အဦးမ်ား ေဆာက္လုပ္ လိုေသာ္လည္း လယ္ယာေျမစာရင္းမွ ပယ္ဖ်က္ေပးျခင္း မရိွေသာေၾကာင့္ ေဒသခံပိုင္ရွင္မ်ား အခက္အခဲ ေတြ႕ေနရၿပီး စီးပြားေရး လုပ္ငန္းရွင္မ်ားက အဆိုပါလယ္ ေျမမ်ားကို ၀ယ္ယူရန္ ကမ္းလွမ္းခဲ့ေသာ္လည္း ေစ်းနွိမ္မႈမ်ား ရိွေနေၾကာင္း သိရသည္။
သတင္း - ဟန္စိုးထုိက္
“တာချီလိတ်က လာလို့ရှိရင် ဘယ်ဘက်ခြမ်းက နေရာတွေဆို ညာဘက်ခြမ်းက ဆင်းတဲ့ရေကဘယ်လိုမှ မရောက်တော့ဘူး။ လမ်းဘောင်က ကာသွားတဲ့ အခါကျတော့။ လမ်းကြီးမှာမြောင်းတူးလို့လည်း မရတဲ့ အခါကြတော့ ဘယ်သူမှ မစိုက်တော့ဘူး။ စိုက်လို့လည်း မရတဲ့အတူတူ ပစ်ထားကြတာ။ လမ်းဖောက် ကတည်းက ဒီတိုင်းပစ်ထားရတာပေါ့။ အဆောက်အဦးဆောက်ရင်လည်း ကန့်ကွက်တဲ့ အတွက် မဆောက်ရဲကြဘူး။ ပစ်ထားတာ (၄)နှစ်ကျော်ပြီပေါ့”ဟု ကျိုင်းလပ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခင်မောင်ဇော်က ပြောသည်။
မြန်မာ - လာအိုချစ်ကြည်ရေးတံတား ဖောက်လုပ်စဉ်က ပါဝင်ခဲ့သည့် လယ်မြေများအတွက် အစိုးရမှ လျော်ကြေး ပေးအပ်ခဲ့သော်လည်း လမ်းဘေးဝဲ/ယာမှ လယ်မြေများမှာ စိုက်ပျိုးရေ အခက်အခဲကြောင့် သီးနှံ မစိုက်ပျိုးနိုင်ဘဲ မြေလွတ်မြေရိုင်းများသဖွယ် ထားရှိနေရသဖြင့် အခြားနည်းဖြင့် သုံးစွဲခွင့် တင်ပြလိုသော်လည်း ဒေသခံများ အနဖြေင့် မြန်မာစကားတတ်မြောက်သူနည်းသဖြင့် သက်ဆိုင်ရာ ဌာနများသို့ တင်ပြရန် အခက်အခဲ ဖြစ်နခြေင်းဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်၏ခရီးစဉ်တွင် တင်ပြခဲ့ခြင်းဖြစ်သည်။
“သူတို့က အဲဒီလယ်တွေကို တခြားနည်းသုံးချင်တာလား။ အဲဒါကလည်း လုပ်ထုံးလုပ်နည်းရှိတယ်။ ကျွန်တော်တို့က လယ်ဆိုလို့ရှိရင် ဗဟိုက ကိုင်တယ်။ သီးနှံစိုက်လို့ မရဘူး။ လယ်ကောသွားတယ်ဆိုလို့ရှိရင် ဒီလယ်ကောသွားတယ်။ သီးနှံစိုက်လို့မရဘူး။ ဒီတံတားကြီးဖောက်လိုက်လို့ ဒီလယ်တွေ ပျက်စီးသွားတယ်။ ရေဝင်သွားတယ်ဆိုရင် ပြည်နယ်အစိုးရကိုတင်။ ပြည်နယ်အစိုးရက လယ်ဆိုရင် ပြည်ထောင်စု ဗဟိုလယ်စီဆိုတာရှိတယ်။ အဲဒီကိုတင်လို့ရှိရင် အဲဒါလယ်ကောသွားတဲ့အတွက် သီးနှံစိုက်လို့ မရဘူး။ ဆုံးဖြတ်လိုက်ပြီဆိုရင် အခြားနည်း သုံးခွင့်ရတယ်။ အဲဒါဆိုရင် ခုနပြောတဲ့ဟာလေးတွေ လုပ်လို့ရတယ်။ အဲဒီအဆင့်တော့ ဖြတ်ရမယ်။ ကြေးတိုင်နဲ့ မြေစာရင်းဌာနနဲ့ ပြည်နယ်အစိုးရပေါင်းပြီးတော့ ဒီလယ်တွေ ဘာမှစိုက်မရဘူးဆိုတာကို သက်သေ သာဓကနဲ့ တင်ရင်ရပါတယ်။ ဗဟိုလယ်စီကို တင်ရမယ်နော်”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟို ဒုတိယဥက္ကဌ (မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ်) ဒေါက်တာဇော်မြင့်မောင်မှ ကျိုင်းလပ်ဒေသခံတစ်ဦးက ရှမ်းဘာသာဖြင့် တင်ပြမှုကို ဘာသာပြန် ဖြင့် ဖြကြေားခဲ့သည်။
တံတားချဉ်းကပ်လမ်းမှ (၁)မိုင်(၃)ဖာလုံအရှည်ရှိပြီး အဆိုပါ လမ်းမကြီးဘေးရှိ လယ်မြေဧက (၅၀)နီးပါးမှာ စိုက်ပျိုး၍ မရတော့သဖြင့် ဈေးဆိုင်များ ဆောက်လုပ်ခြင်း၊ အခြားအဆောက်အဦးများ ဆောက်လုပ် လိုသော်လည်း လယ်ယာမြေစာရင်းမှ ပယ်ဖျက်ပေးခြင်း မရှိသောကြောင့် ဒေသခံပိုင်ရှင်များ အခက်အခဲ တွေ့နေရပြီး စီးပွားရေး လုပ်ငန်းရှင်များက အဆိုပါလယ် မြေများကို ဝယ်ယူရန် ကမ်းလှမ်းခဲ့သော်လည်း ဈေးနှိမ်မှုများ ရှိနေကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်