မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့သည့် Mister Global/Miss & Mrs Queen of the World Tachileik ပြိုင်ပွဲမှ ဆုရရှိခဲ့သူများ အနက် အိမ်ထောင်ရှင်အလှမယ်ဆုရရှိသူ(၇)ဦး မတ်လ(၃)ရက်နေ့တွင် ရန်ကုန်သို့ သွားရောက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မှ ရွေးချယ်ခံရသည့် အိမ်ထောင်ရှင်အလှမယ်များအနေဖြင့် နောက်တဆင့်ပြိုင်ပွဲကို ၂၀၁၉ ခုနှစ် မတ်လအတွင်း ကျင်းပပေးသွားမည်ဖြစ်ပြီး အလှမောင်နှင့် အလှမယ်များအတွက် နောက်တစ်ဆင့်ပြိုင်ပွဲ အတွက် အစီအစဉ် မရှိသေးကြောင်း သိရသည်။
Tachileik News Agency
“(၃) လပိုင်း (၃) ရက်နေ့ ရန်ကုန်ကို လာရမယ်။ အိမ်ထောင်ရှင်တွေအတွက် မြန်မာပြည်တစ်ပြည်လုံး ပြိုင်ပွဲအတွက်ပေါ့”ဟု MMPA၏ Regional Director ဦးစောစိုးမင်းအောင်က ပြောသည်။
တာချီလိတ်တွင် ကျင်းပခဲ့သည့် အပြိုင်ပါ ပြိုင်ပွဲ၏ အလှမောင် Mister ရွေးချယ်ပွဲတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း ကိုယ်စားပြု အဖြစ် စိုင်းနွံရှဲန်က လည်းကောင်း၊ လားရှိုးကိုယ်စားပြုအဖြစ် ချမ်းငြိမ်းမင်းက လည်းကောင်း၊ တာချီလိတ်ကိုယ်စားပြုအဖြစ် သူရကျော်က လည်းကောင်း၊ အလှမယ် Miss ရွေးချယ်ပွဲတွင် မိုးဟေမန်က တာချီလိတ်ကိုယ်စားပြုအဖြစ် လည်းကောင်း။ နန်းဝို က ရှမ်းပြည်နယ် အရှေ့ပိုင်း ကိုယ်စားပြုအဖြစ် လည်းကောင်း၊ နန်းစမ့်က ရှမ်းပြည်နယ် ကိုယ်စားပြုအဖြစ် လည်းကောင်း အသီးသီး ရွေးချယ်ခံရသည်။
အိမ်ထောင်ရှင်အလှမယ် ရွေးချယ်ပွဲတွင် တာချီလိတ် (Royal) ကိုယ်စားပြုအဖြစ် Cindrella queen မှ လည်းကောင်း၊ တာချီလိတ်ကိုယ်စားပြုအဖြစ် မေသူစံ က လည်းကောင်း၊ ရှမ်းပြည်နယ်ကိုယ်စားပြုအဖြစ် နန်းစုစုမွန်က လည်းကောင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းကိုယ်စားပြုအဖြစ် ခင်မာလာပြည့်က လည်းကောင်း၊ နန်းဆီဟွမ်းက ကျိုင်းတုံကိုယ်စားပြုအဖြစ်လည်းကောင်း၊ April က ရှမ်းပြည်နယ် (Royal)ကိုယ်စားပြုအဖြစ်လည်းကောင်း၊ လားရှိုးကိုယ်စားပြုအဖြစ် မေဟန်ကျော်က လည်းကောင်း အသီးသီး ရွေးချယ်ခံရကြောင်း သိရသည်။
တာချီလိတ်မှ ရွေးချယ်ခံရသည့် အိမ်ထောင်ရှင်အလှမယ်များအနဖြေင့် နောက်တဆင့်ပြိုင်ပွဲကို ၂၀၁၉ ခုနှစ် မတ်လအတွင်း ကျင်းပပေးသွားမည်ဖြစ်ပြီး အလှမောင်နှင့် အလှမယ်များအတွက် နောက်တစ်ဆင့်ပြိုင်ပွဲ အတွက် အစီအစဉ် မရှိသေးကြောင်း သိရသည်။
Mister Global၊ Miss & Mrs Queen of the World Tachileik ကို ဦးစီးကျင်းပသည့် MMPA သည် တရားဝင်မှတ်ပုံတင်ထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး နိုင်ငံတကာအဆင့် အလှမယ်၊ အလှမောင်နှင့် အိမ်ထောင်ရှင်အလှမယ် ရွေးချယ်ပွဲများကို စီစဉ်ကျင်းပနေသည့်အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ - #ဟန်စိုးထိုက်၊ #ကျော်ဇင်ဟိန်း၊ MMPA၊