ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် အထိမ်းအမှတ်ရုပ်တုဖြစ်သည့် မြင်းစီးရုပ်တုကို ဖျက်ဆီးခံထားရသဖြင့် ရဲစခန်းတွင် အမှုဖွင့် စုံစမ်းနေကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ - စည်ပင်
အဆိုပါ မြင်းစီးရုပ်တုမှ မြင်းရုပ်၏ခြေထောက်၊ နားရွက်နှင့် အမြှီးတို့ကို ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ဖျက်ဆီးသွားသူများကို သိရှိပါက သတင်းပေးကြရန် တောင်ကြီးမြို့နယ်စည်ပင်သာယာရေးကော်မတီက အသိပေးထားသည်။
တောင်ကြီးမြို့တွင် အများပြည်သူအသုံးပြုရာနေရာများတွင် မြို့သာယာရေးအတွက် လုပ်ဆောင်နေသည့်အရာများ မကြာခဏဖျက်ဆီးခံရမှုများဖြစ်နေကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ - စည်ပင်