ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရိႈးၿမိဳ႕နယ္တြင္ ယာဥ္စည္းကမ္းလိုက္နာမႈ ျမင့္တက္လာမႈေၾကာင့္ ၂၀၁၉ ခုႏွစ္ သႀကၤန္ကာလအတြင္း ယာဥ္မေတာ္တဆမႈ ျဖစ္ပြားျခင္းမရိွေၾကာင္း အမွတ္ ( ၁၂၁ ) ယာဥ္ထိန္းရဲတပ္ဖြဲ႔စု (လားရိႈး) တပ္ဖြဲ႔စုမွဴးထံမွ သိရသည္။
"ဒီႏွစ္အတြက္ကေတာ့ သႀကၤန္ကာလ ယာဥ္မေတာ္တဆမႈဆိုတာ လားရိႈးၿမိဳ႕နယ္အတြင္းမွာ မရွိပါဘူး။ အဓိက ကေတာ့ ၿမိဳ႕နယ္အတြင္း ေနထိုင္ေနၾကတဲ့ မိဘျပည္သူေတြက လမ္းစည္းကမ္း လိုက္နာမႈ ျမင့္တက္လာတာေၾကာင့္လို႔ ယူဆရပါတယ္ " ဟု အမွတ္ ( ၁၂၁ )ယာဥ္ထိန္းရဲတပ္ဖြဲ႔စု (လားရိႈး)မွ တပ္ဖြဲ႔စုမွဴး ဒုရဲမွဴးေက်ာ္ခိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
လားရိႈးၿမိဳ႕နယ္အတြင္း ယာဥ္ထိန္းရဲတပ္ဖြဲ႔က ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္း အသိပညာေပးေဟာေျပာမႈမ်ားႏွင့္ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္း စစ္ေဆးျခင္းတို႔ကို တိုးျမႇင့္လုပ္ေဆာင္ေနေၾကာင္း သိရသည္။
လားရိႈးၿမိဳ႕နယ္တြင္ ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္က သႀကၤန္ကာလအတြင္း ယာဥ္မေတာ္တဆမႈ (၅ )ခုျဖစ္ပြားခဲ့ကာ ၂၀၁၇ ခုႏွစ္တြင္ ယာဥ္မေတာ္တဆမႈ (၃)ခု၊ ၂၀၁၆ ခုႏွစ္တြင္ (၇)မႈ၊ ၂၀၁၅ ခုႏွစ္တြင္ (၅)မႈ၊ ၂၀၁၄ ခုႏွစ္တြင္ (၁၂)မႈႏွင့္ ၂၀၁၃ ခုႏွစ္တြင္ (၁၀)မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
သတင္း - ေနၿဖိဳးျမင့္
ဓါတ္ပံု - Kyaw Khaing
"ဒီနှစ်အတွက်ကတော့ သင်္ကြန်ကာလ ယာဉ်မတော်တဆမှုဆိုတာ လားရှိုးမြို့နယ်အတွင်းမှာ မရှိပါဘူး။ အဓိက ကတော့ မြို့နယ်အတွင်း နေထိုင်နကြေတဲ့ မိဘပြည်သူတွေက လမ်းစည်းကမ်း လိုက်နာမှု မြင့်တက်လာတာကြောင့်လို့ ယူဆရပါတယ် " ဟု အမှတ် ( ၁၂၁ )ယာဉ်ထိန်းရဲတပ်ဖွဲ့စု (လားရှိုး)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးကျော်ခိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လားရှိုးမြို့နယ်အတွင်း ယာဉ်ထိန်းရဲတပ်ဖွဲ့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောမှုများနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးခြင်းတို့ကို တိုးမြှင့်လုပ်ဆောင်နေကြောင်း သိရသည်။
လားရှိုးမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆမှု (၅ )ခုဖြစ်ပွားခဲ့ကာ ၂၀၁၇ ခုနှစ်တွင် ယာဉ်မတော်တဆမှု (၃)ခု၊ ၂၀၁၆ ခုနှစ်တွင် (၇)မှု၊ ၂၀၁၅ ခုနှစ်တွင် (၅)မှု၊ ၂၀၁၄ ခုနှစ်တွင် (၁၂)မှုနှင့် ၂၀၁၃ ခုနှစ်တွင် (၁၀)မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - Kyaw Khaing