တာခ်ီလိတ္ - မယ္ဆိုင္အၾကားရွိ ေခ်ာင္းအတြင္း သတ္ခံထားရသည့္ လူေသအေလာင္းေတြ႔ရွိ

တာခ်ီလိတ္ - မယ္ဆိုင္အၾကားရွိ ေခ်ာင္းအတြင္း သတ္ခံထားရသည့္ လူေသအေလာင္းေတြ႔ရွိ
ဧပြီ 20, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ - မယ္ဆိုင္အၾကားရွိ မယ္ဆိုင္ေခ်ာင္းအတြင္း ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၀) ရက္ေန႔ နံနက္ (၆) နာရီခြဲက ေတြ႔ရိွရသည့္ အမ်ိဳးသားအေလာင္းမွာ ထုိင္းႏိုင္ငံသားဟု ယူဆရၿပီး ေသနတ္ဒဏ္ရာေတြ႔ရေၾကာင္း သိရသည္။

"ေခ်ာင္းထဲက အေလာင္းမွာ က်ည္ဆံေတြ႕တယ္။ က်ည္အမ်ိဳးအစားက မသိရေသးဘူး။ အရိုးကိုထိၿပီး က်ည္ထိပ္ဖူးက ဖြာထြက္သြားတယ္"ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ ဒုတိယနယ္ထိန္းေခါင္းေဆာင္ ရဲအရာခံ ေက်ာ္ေဇယ်က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ပုန္းထြန္ရပ္ကြက္၊ မိုးဇလဝန္းအနီး မယ္ဆုိင္ေခ်ာင္းတြင္ေတြ႕ရသည့္ ေသဆံုးသူ၏ လည္ပင္းဝဲဘက္တြင္ က်ည္ေဖာက္ဝင္ဒဏ္ရာတစ္ခ်က္ရရိွထားသျဖင့္ အနီးပတ္၀န္းက်င္၌ စံုစမ္းရာ ေသနတ္ပစ္ခတ္သံ မၾကားရေၾကာင္း သိရသည္။

အေလာင္းအား ရင္ခြဲစစ္ေဆးရာ ေနာက္ေက်ာဘက္ လက္ျပင္အတြင္း က်ည္ထိပ္ဖူး (၁) ခုေတြ႕ရိွခဲ့ရၿပီး က်ည္ထိပ္ဖူးမွာ အဆုတ္အတြင္းေဖာက္ဝင္သျဖင့္ ေသြးထြက္လြန္ကာေသဆံုးျခင္းျဖစ္ေၾကာင္း မႈခင္းဆရာ၀န္၏စစ္ေဆးခ်က္အရ သိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၂၁၄/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္အမႈဖြင့္ စံုစမ္းစစ္ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ် - မယ်ဆိုင်အကြားရှိ မယ်ဆိုင်ချောင်းအတွင်း ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၀) ရက်နေ့ နံနက် (၆) နာရီခွဲက တွေ့ရှိရသည့် အမျိုးသားအလောင်းမှာ ထိုင်းနိုင်ငံသားဟု ယူဆရပြီး သေနတ်ဒဏ်ရာတွေ့ရကြောင်း သိရသည်။

"ချောင်းထဲက အလောင်းမှာ ကျည်ဆံတွေ့တယ်။ ကျည်အမျိုးအစားက မသိရသေးဘူး။ အရိုးကိုထိပြီး ကျည်ထိပ်ဖူးက ဖွာထွက်သွားတယ်"ဟု တာချီလိတ်မြို့မရဲစခန်းမှ ဒုတိယနယ်ထိန်းခေါင်းဆောင် ရဲအရာခံ ကျော်ဇေယျက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပုန်းထွန်ရပ်ကွက်၊ မိုးဇလဝန်းအနီး မယ်ဆိုင်ချောင်းတွင်တွေ့ရသည့် သေဆုံးသူ၏ လည်ပင်းဝဲဘက်တွင် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိထားသဖြင့် အနီးပတ်ဝန်းကျင်၌ စုံစမ်းရာ သေနတ်ပစ်ခတ်သံ မကြားရကြောင်း သိရသည်။

အလောင်းအား ရင်ခွဲစစ်ဆေးရာ နောက်ကျောဘက် လက်ပြင်အတွင်း ကျည်ထိပ်ဖူး (၁) ခုတွေ့ရှိခဲ့ရပြီး ကျည်ထိပ်ဖူးမှာ အဆုတ်အတွင်းဖောက်ဝင်သဖြင့် သွေးထွက်လွန်ကာသေဆုံးခြင်းဖြစ်ကြောင်း မှုခင်းဆရာဝန်၏စစ်ဆေးချက်အရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၂၁၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့် စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net