တရုတ္ႏုိင္ငံ၊ ယူနန္ျပည္နယ္မွ တရုတ္ႏုိင္ငံသားတစ္ဦးကို ျမန္မာႏိုင္ငံတြင္း တရားမဝင္ေခၚေဆာင္လာသည့္ က်ိဳင္းတံုၿမိဳ႕မွ လူငယ္ႏွင့္ တရားမဝင္ ဝင္ေရာက္လာသည့္ တရုတ္ႏုိင္ငံသားတစ္ဦးတုိ႔အား ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းယန္းၿမိဳ႕တြင္ ဖမ္းဆီးရမိထားေၾကာင္း သိရသည္။
မုိင္းယန္းၿမိဳ႕အဝင္တြင္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၁၈)ရက္ေန႔ နံနက္ (၃)နာရီေက်ာ္က သက္ဆုိင္ရာဌာနတာဝန္ရိွသူမ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ စစ္ေဆးေရးလုပ္ငန္းမ်ားေဆာင္ရြက္ေနစဥ္ လမ္းေလွ်ာက္လာသည့္ အမ်ိဳးသားတစ္ဦးအား စစ္ေဆးရာ တ႐ုတ္နိုင္ငံ၊ ယူနန္ျပည္နယ္၊ ေခြးမင္ၿမိဳ႕မွ အသက္ (၃၂)ႏွစ္အရြယ္ ဝမ္လိန္ဆိုသူျဖစ္ေၾကာင္း စစ္ေဆးသိရိွခဲ့ရသည္ဟု သိရသည္။
၎သည္ ဧၿပီလ (၁၂) ရက္ေန႔က ျမန္မာနိုင္ငံအတြင္းသို႔ က်ိဳင္းတုံၿမိဳ႕မွ အသက္ (၂၀)အရြယ္ စိုင္းလုံ၏အကူအညီျဖင့္ တရားမဝင္လမ္းေၾကာင္းမွ ဝင္ေရာက္လာျခင္းျဖစ္ေၾကာင္း သိရသည္။
တရားမဝင္ ဝင္လာသည့္ တ႐ုတ္နိုင္ငံသား ဝမ္လိန္ႏွင့္ ကူညီေခၚေဆာင္လာသည့္ စိုင္းလုံတို႔အား မိုင္းယန္းၿမိဳ႕မရဲစခန္းတြင္ (ပ)၂/၂၀၁၉၊ လူဝင္မႈႀကီးၾကပ္ေရး ဥပေဒပုဒ္မ ၁၃(၁)/၁၃(၅)ျဖင့္ အေရးယူထားေၾကာင္း သိရသည္။
Tachileik News Agency
မိုင်းယန်းမြို့အဝင်တွင် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၈)ရက်နေ့ နံနက် (၃)နာရီကျော်က သက်ဆိုင်ရာဌာနတာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်နေစဉ် လမ်းလျှောက်လာသည့် အမျိုးသားတစ်ဦးအား စစ်ဆေးရာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ခွေးမင်မြို့မှ အသက် (၃၂)နှစ်အရွယ် ဝမ်လိန်ဆိုသူဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရသည်ဟု သိရသည်။
၎င်းသည် ဧပြီလ (၁၂) ရက်နေ့က မြန်မာနိုင်ငံအတွင်းသို့ ကျိုင်းတုံမြို့မှ အသက် (၂၀)အရွယ် စိုင်းလုံ၏အကူအညီဖြင့် တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
တရားမဝင် ဝင်လာသည့် တရုတ်နိုင်ငံသား ဝမ်လိန်နှင့် ကူညီခေါ်ဆောင်လာသည့် စိုင်းလုံတို့အား မိုင်းယန်းမြို့မရဲစခန်းတွင် (ပ)၂/၂၀၁၉၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၃(၁)/၁၃(၅)ဖြင့် အရေးယူထားကြောင်း သိရသည်။
Tachileik News Agency