တာခ်ီလိတ္တြင္ မူးယစ္ေဆး၀ါးႏွင့္လက္နက္မႈမ်ားျဖင့္ အလိုရွိေနသူ၏ ေနအိမ္မွ ကြ်န္းသစ္ခြဲသားမ်ဳိးစံု (၉)တန္ေက်ာ္ သိမ္းဆည္းရမိ

တာခ်ီလိတ္တြင္ မူးယစ္ေဆး၀ါးႏွင့္လက္နက္မႈမ်ားျဖင့္ အလိုရွိေနသူ၏ ေနအိမ္မွ ကြ်န္းသစ္ခြဲသားမ်ဳိးစံု (၉)တန္ေက်ာ္ သိမ္းဆည္းရမိ
ဇွန် 24, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ မူးယစ္ေဆး၊လက္နက္ခဲယမ္းမ်ားဖမ္းမိသည့္ေနအိမ္မွ ကၽြန္းသစ္ခြဲသားမ်ိဳးစံု (၉)တန္ေက်ာ္ကို သိမ္းဆည္းရမိသျဖင့္ သစ္ေတာဦးစီးဌာနက သစ္မ်ားကိုသိမ္းဆည္းၿပီး ဥပေဒအရ အေရးယူႏုိင္ရန္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ ေဆခမ္းရပ္ကြက္မွ ညီညီႏုိင္(ခ)ပီႏုိင္၏ ေနအိမ္အား ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၂၃)ရက္ေန႔က ဝင္ေရာက္ ဖမ္းဆီးမႈအတြင္း ေနအိမ္ဂိုေဒါင္အတြင္းသစ္မ်ားေတြ႔ရသျဖင့္ သစ္ေတာဦးစီးဌာနက ဇြန္လ (၂၄)ရက္ေန႔တြင္ သြားေရာက္စစ္ေဆးရာ ကၽြန္းသစ္ခြဲသားမ်ိဳးစံု (၂၂၃)ေခ်ာင္း (၉.၄၀၆၄)တန္ကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါသစ္မ်ားကို သစ္ေတာဦးစီးဌာနက သိမ္းဆည္းလုိက္ၿပီး ထြက္ေျပးတိမ္းေရွာင္ေနသည့္ ညီညီႏုိင္(ခ) ပီႏုိင္အား သစ္ေတာဥပေဒအရ အေရးယူရန္ျပင္ဆင္ေနေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မူးယစ်ဆေး၊လက်နက်ခဲယမ်းများဖမ်းမိသည့်နေအိမ်မှ ကျွန်းသစ်ခွဲသားမျိုးစုံ (၉)တန်ကျော်ကို သိမ်းဆည်းရမိသဖြင့် သစ်တောဦးစီးဌာနက သစ်များကိုသိမ်းဆည်းပြီး ဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်မှ ညီညီနိုင်(ခ)ပီနိုင်၏ နေအိမ်အား ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၃)ရက်နေ့က ဝင်ရောက် ဖမ်းဆီးမှုအတွင်း နေအိမ်ဂိုဒေါင်အတွင်းသစ်များတွေ့ရသဖြင့် သစ်တောဦးစီးဌာနက ဇွန်လ (၂၄)ရက်နေ့တွင် သွားရောက်စစ်ဆေးရာ ကျွန်းသစ်ခွဲသားမျိုးစုံ (၂၂၃)ချောင်း (၉.၄၀၆၄)တန်ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါသစ်များကို သစ်တောဦးစီးဌာနက သိမ်းဆည်းလိုက်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ညီညီနိုင်(ခ) ပီနိုင်အား သစ်တောဥပဒေအရ အရေးယူရန်ပြင်ဆင်နေကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net