နိုင်ငံတော်သမ္မတ၏ မြန်မာနှစ်သစ်ကူးလွတ်ငြိမ်းသက်သာခွင့် တတိယအကြိမ်တွင် မတရားအသင်း ဆက်သွယ်မှု ပုဒ်မ (၁၇/၁)ဖြင့် ပြစ်ဒဏ်ကျခံရသူများအပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၃)ဖွဲ့က ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်ထံ တင်ပြထားသည့် ပြစ်ဒဏ်ကျ (၂၃)ဦးလည်း ပါဝင်လာကြောင်း သိရသည်။
ကယားပြည်နယ် လွိုင်ကော်မြို့တွင် ကျင်းပနေသည့် ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်၊ ပြည်နယ်အစိုးရနဲ့ KNPP တို့ ညှိနှိုင်းအစည်းအဝေးတက်ရောက်နေသည့် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ၂၀၁၉ ခုနှစ် မေလ (၇)ရက်နေ့တွင် ထုတ်ပြန်လိုက်သည့် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်နှင့်ပတ်သက်၍ တာချီလိတ်သတင်းအေဂျင်စီအပါအဝင် သတင်းမီဒီယာများအား ဖြေကြားခဲ့ခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
“အဓိက ကတော့ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးနဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေးရှုပြီးတော့ပေါ့နော် ကျွန်တော်တို့ NRPC (ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်)ဆီကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တင်လာတဲ့ NCA ထိုးပြီးသား အဖွဲ့(၃)ဖွဲ့ရှိပါတယ်။ ပထမဆုံးအဖွဲ့က RCSS/SSA အဖွဲ့ဖြစ်ပါတယ်။ ဒုတိယက SSPP ဖြစ်ပါတယ်။ တတိယ ကတော့ ABSDF အဖွဲ့ဖြစ်ပါတယ်။ ဒီအဖွဲ့တွေက ကနေ အားလုံးပေါင်း ပြန်လွှတ်ပေးဖို့ တင်ပြလာတာက အယောက် (၃၀)ရှိပါတယ်။ အယောက် (၃၀)ကို ပြည်ထဲရေးဝန်ကြီးဌာနက ပြန်စစ်ပါတယ်။ စစ်တော့ကျတော့ (၃)ယောက်ကလွတ်ပြီးသားဖြစ်ပါတယ်။ (၃)ယောက်ကတော့ နာမည်စာရင်းထပ်နေတယ်။ နောက် (၁)ယောက်ကတော့ မရှိတော့ဘူးပေါ့နော်။ (၁)ယောက်ကတော့ နာမည်နဲ့လူနဲ့မှားတာ။ မတွေ့ဘူးပေါ့နော်။ အဲဒီတော့ အားလုံးပေါင်း (၇)ယောက်ဖယ်လိုက်တော့ (၂၃)ယောက် ပြန်လွတ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကနေ လက်နက်မှုတို့၊ ၁၇(၁)တို့ စသဖြင့်ပေါ့ အမျိုးမျိုး ပုဒ်မတွေနဲ့ကျခံနေရတာက ပြန်လွှတ်ပေးလိုက်တာပါ”ဟု နိုင်ငံတော်သမ္မရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။
ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တင်ပြလာမှုအပေါ် စိစစ်ဆောင်ရွက်ပေးခြင်းဖြစ်သည်ဟု ဦးဇော်ဌေးကဆိုသည်။
ကယားပြည်နယ် လွိုင်ကော်မြို့တွင် ကျင်းပနေသည့် ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်၊ ပြည်နယ်အစိုးရနဲ့ KNPP တို့ ညှိနှိုင်းအစည်းအဝေးတက်ရောက်နေသည့် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ၂၀၁၉ ခုနှစ် မေလ (၇)ရက်နေ့တွင် ထုတ်ပြန်လိုက်သည့် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်နှင့်ပတ်သက်၍ တာချီလိတ်သတင်းအေဂျင်စီအပါအဝင် သတင်းမီဒီယာများအား ဖြကြေားခဲ့ခြင်းဖြစ်သည်။
၂၀၁၉ ခုနှစ်အတွင်း မြန်မာနှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် နိုင်ငံတော်သမ္မတက ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် (၃)ကြိမ်ပေးခဲ့ရာ အကျဉ်းသား၊ အကျဉ်းသူစုစုပေါင်း (၂၃,ဝ၁၉)ဦး ခံစားခွင့်ရခဲ့ခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း